What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရင်သားကြီးတဲ့ ပျိုမေတွေမှာ မဖြစ်မနေရှိထားသင့်တဲ့ အ၀တ်အစား (၆)မျိုး

ရင်သားကြီးတဲ့ ပျိုမေတွေမှာ  မဖြစ်မနေရှိထားသင့်တဲ့ အ၀တ်အစား (၆)မျိုး google

ကိုယ်သူငယ်ချင်းတွေထဲမှာ၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က သူများတွေထက် ကြီးတဲ့ရင်သားမျိုးကို ပိုင်ဆိုင်ထားသူဆိုရင် အ၀တ်အစားရွေးချယ်ရာမှာ

နည်းနည်းတော့ အခက်အခဲရှိနေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အွန်လိုင်းရှော့က မှာလိုက်ရင်လည်း ရင်သားနေရာက အဆင် မပြေ၊ ဟော.. . ရှော့ပင်းမောတွေ သွားဝယ်ရင်လည်း တစ်ထည်ရဖို့ အခေါက်ခေါက် အခါခါ ဆိုင်တွေထဲ ၀င်မွှေရ တဲ့ ဘ၀ကိုး။ ဒီလိုပြသနာမျိုးဆို ရင်သားကြီးတဲ့ ပျိုမေတွေ အမြဲကြုံရတဲ့ ဘယ်သူမှမသိတဲ့ ဒုက္ခတစ်မျိုးပါ။ ဒီတော့ ခုပြောပြမယ့် အ၀တ်အစား (၆)မျိုးလောက်သာ ချစ်တို့မှာရှိရင် ဒီပြသနာတွေကို ဖြေရှင်းပြီးသား ဖြစ်နေပါပြီနော်။

 (၁) ရှေ့ကြယ်သမီးတပ်အကျီများ။
ရင်သားကြီးတဲ့ ပျိုမေတွေ မဖြစ်မနေပိုင်ဆိုင်သင့်တဲ့ အကျီကတော့ ရှေ့ကြယ်သီးတပ် အကျီမျိုးတွေပါပဲ။ ဒါပေမယ့် ကြယ်သီးတစ်လုံးနဲ့ တစ်လုံးကြား 'ဟ'မနေအောင်သာ သင့်အနေနဲ့ ဂရုစိုက်ပြီး ၀ယ်ရပါလိမ့်မယ်။ ဒီလိုအကျီမျိုးဝယ်တော့မယ်ဆို fitting room မှာ ၀တ်ကြည့်ပြီး လက်မြှောက်ကြည့်ပါ။ သေချာစမ်းဝတ်ပြီးမှသာ ၀ယ်ပါ။ ဒါမှမဟုတ် ချုပ်ဝတ်မယ်ဆိုရင်လည်း လက်မောင်း၊ ရင်သားအတိုင်းတွေ သေချာပေးပြီး ချုပ်ဝတ်နိုင်ပါတယ်နော်။

Read: စက်ချုပ်ရန် လိုအပ်သော ပစ္စည်းများ

(၂) ကြိုးတစ်ချောင်းခံဝတ်တာမျိုးကလည်း သင်ရင်သားကြီးလွန်းတာကို အဆင်ပြေစေပါလိမ့်မယ်။
တစ်ခါတစ်လေ ဘလောက်စ်အကျီတစ်ထည် ကောက်ဝတ်လိုက်ရင် ရင်သားကြီးတာကို ပိုသိသာသွားစေတာ၊ ဘလောက်စ်က ပါးနေရင် အောက်က ဘရာကို အထင်းသားပေါ်နေစေတဲ့ ပြသနာကလည်း ရှိပါသေးတယ်။ ဒီပြသနာကိုတော့ ကြိုးတစ်ချောင်းခံလေး အတွင်းက ၀တ်ပြီးဖြေရှင်းနိုင်တယ်လေ။ ကိုယ်အပေါ်က၀တ်မယ့် အရောင်ကနုရင် ကြိုးတစ်ချောင်းကို အသားရောင် ရွေးနိုင်ပြီး ၊ အပေါ်က ၀တ်မယ့် အရောင်ကရင့်တယ်ဆိုရင်တော့ ကြိုးတစ်ချောင်းကို အနက်ရောင်ရွေးနိုင်တယ်လေ။

 (၃) ဘောင်းဘီအောက်ပွ အကားလေးတွေက သင့်ခန္ဓာကိုယ် အချိုးအစားကို ညီသွားစေပါတယ်။
ချစ်တို့စိတ်ထဲ ငါ့ခန္ဓာကိုယ်မှာ ရင်သားက ကြီးနေတဲ့အတွက် အပေါ်ပိုင်းက ကြီးနေပြီး အောက်ပိုင်းက သေးနေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုဆိုရင် ခုခေတ်စားနေတဲ့ ဘောင်းဘီအောက်နား ပွပွကားကားလေးတွေ ၀တ်ထားပြီး တွဲဖက်ဝတ်ဆင်လိုက်ရင် ခန္ဓာကိုယ်အချိုးအစား ညီသလို ဖြစ်သွားပါပြီ။

 ၄။ ခါးနေရာကျဉ်းတဲ့ dress တွေလည်း ၀တ်စေချင်ပါတယ်။
shirt dress လို့ခေါ်တဲ့ တစ်ဆက်တည်း ခပ်ပွပွ dress မျိုးတွေက ရင်သားကြီးတဲ့သူတွေ ရှောင်ရမယ့်အရာတွေပါ။ ရင်သားကြီးတဲ့သူတွေအနေနဲ့ ဖြစ်နိုင်ရင် ခါးနေရာ ပေါ်လွင်အောင် ၀တ်သင့်ပါတယ်။ ဒါ့ကြောင့် dress တစ်ထည်ရွေးတော့မယ်ဆိုရင် ခါးသိမ်ထားတဲ့ dress မျိုးက ပိုအဆင်ပြေပါလိမ့်မယ်။

 ၅။လည်ပင်းအလှကို ပေါ်လွင်စေမယ့် V ရှိတ်လည်ပင်းပုံစံတွေကလည်း ရင်သားကြီးသူတွေအတွက်ပါ။
သင်က ရင်သားကြီးပေမယ့် တစ်ခါတစ်လေ ဒါကို အားသာချက်အဖြစ် လူတိုင်းငေးရအောင် လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့် ပွဲတက်တဲ့အခါ၊ ဒင်နာပွဲတွေ သွားတဲ့အခါ သင့်လည်ပင်းအလှကို ပေါ်လွင်စေမယ့် V ရှိတ်လည်ပင်းပုံစံ dress တွေ၊ အကျီ၊ ဘလောက်စတာတွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

ဒီလောက်ဆို ရင်သားကြီးတဲ့ ချစ်တို့ အခြေခံ မဖြစ်မနေ ရှိထားသင့်တဲ့ အကျီလေးတွေကို သိလောက်ပြီပေါ့နော်။

source:i am fashion

Myanmar Textile and Garment Directory

Read 1671 times
Rate this item
(1 Vote)