What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်ကောင်လေးအတွက် shopping ထွက်တော့မယ်ဆိုရင်

ကိုယ့်ကောင်လေးအတွက် shopping ထွက်တော့မယ်ဆိုရင် google

ကောင်လေးတွေဟာ ကောင်မလေးတွေလောက် ဖက်ရှင်ကို စိတ်မဝင်စားတတ်ပါဘူး။ ကောင်လေးတော်တော်များများဟာ ဝတ်နေကျ တီရှပ်။ ရှပ်အင်္ကျီ တွေကိုသာ အလွယ်တကူထပ်လဲလဲ ဝယ်ယူလေ့ရှိကြပါတယ်။


အခုခေတ်မှာ မိန်းကလေးဖက်ရှင်ပစ္စည်းတွေပေါများလာသလို ယောင်္ကျားလေးဖက်ရှင်တွေဟာလည်း ရွေးချယ်စရာများပြားလာပါတယ်။

ကိုယ်ချစ်သူကောင်လေးအတွက် အဝတ်အစားဝယ်တဲ့အချိန်မှာ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။


၁။ သူအကြိုက်ဖက်ရှင်တွေကို သိထားပါ။

သူဟာ ဘယ်လိုဖက်ရှင်အမျိုးအစားကို ကြိုက်တတ်ပါသလဲ။

ဘယ်လိုအရောင်ကာလာတွေကို ကြိုက်တတ်သလဲဆိုတာကြိုသိထားတာ အကောင်းဆုံးပါ။

ကိုယ်ဆင်ပေးလိုက်တဲ့ ဖက်ရှင်မျိုးဟာ သူအကြိုက်လဲဖြစ်တော့ ပိုကောင်းတာပေါ့။

 


၂။ ကြိုတင် list လုပ်ထားပါ။

ယောင်္ကျားလေးတော်တော်များများဟာ သူတို့လိုချင်တာကိုပဲ ရှိတဲ့ဆိုင်မှာ ဝယ်လိုက်တာပါ။

မိန်းကလေးတွေလို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်ပတ်ပြီး ဈေးဝယ်ရတာမျိုးကို မကြိုက်ကြပါဘူး။

အဲ့တော့ ကိုယ်လိုချင်တဲ့ဖက်ရှင်ပုံစံရယ်၊ ကိုယ်ဝယ်မဲ့ဆိုင်တွေကို စာရင်းလုပ်ထားတာက ပိုအဆင်ပြေပါလိမ့်မယ်။

 

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၅၀၃ ယောက်ကိုရှာရန်နှိပ်ပါ။

 

၃။ ကောင်လေးဖက်ရှင်တွေက ဘယ်ဟာတွေ ခေတ်စားနေလဲဆိုတာ လေ့လာထားပါ။

ဘယ်လိုဖက်ရှင်တွေက ခေတ်စားနေလဲဆိုတာ ကြိုသိထားရင် ကိုယ့်ကောင်လေးရဲ့ စတိုင်လ်နဲ့ပတ်သတ်ပြီး အကြံပေးလို့ ရတာပေါ့။

 

၎။ သူရဲ့ စတိုင်လ်ကို လုံးဝပြောင်းပစ်လိုက်မယ်ဆိုပြီး စိတ်ကူးမထားပါနဲ့။

ဒါကတော့ လူတိုင်းတော်တော်များများ မကြိုက်တတ်တဲ့ အကျင့်ပါ။

တကယ်လို့ သူရဲ့စတိုင်လ်ကို မကြိုက်ဘူးဆိုရင် သူလည်းလက်ခံလာနိုင်အောင် တစ်ခုချင်း ပြောင်းလဲပေးပါ။


Source : Myanmar Online News

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 1300 times
Rate this item
(0 votes)
Tagged under