What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ချုပ်ရာမှာ ပိုမို လွယ်ကူစေမယ့် နည်းလမ်းများ(3)

စက်ချုပ်ရာမှာ ပိုမို လွယ်ကူစေမယ့် နည်းလမ်းများ(3) google

ဒီဇိုင်နာတွေ၊ စက်ချုပ်ဝါသနာပါသူ တွေအတွက် စက်ချုပ်ရာမှာ ပိုမို လွယ်ကူလျှင်မြန်စေနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်ရှင်။

Textile ပရိသတ်ကြီး ဒီနည်းလမ်းလေးတွေ သုံးပြီး ပိုမို အဆင်ပြေကြမယ်လို့ ထင်ပါတယ်။

(၁) အပ်ချည်ထိုးလို့ လွယ်အောင် ချည်လုံးလေးကို Hair Spray ဖြန်းထားကြည့်ပါ။

11

 

(၂) အောက်စက်စာလုံးလေးတွေ သိမ်းဖို့ နည်းလမ်းက ခြေသည်းနီဆိုးတဲ့အခါ သုံးတဲ့ဖော့တုံးလေးတွေကို အသုံးပြုကြည့်ပါ။

22

Read: စက်ချုပ်ရာမှာ ပိုမို လွယ်ကူစေမယ့် နည်းလမ်းများ(1)

(၃) အောက်စက်စာလုံးလေးတွေ ပွမနေအောင် ဒီလို ခေါင်းစည်းကြိုးသေးသေးလေးတွေနဲ့ စည်းထားရင် လှလဲလှ ရှင်းလဲရှင်းနေမှာပေါ့။

33

 

(၄) စက်ခြေနင်းပြားပေါ်က ခဏခဏ ခြေချော်ကျနေရင် သားရေကွင်းလေးနဲ့ စည်းထားပြီး စမ်းကြည့်လိုက်ပါနော်။

44

 

(၅) အနားကွပ်တဲ့အခါ အင်္ကျီညှပ်ကလစ်ကလေးတွေက ကူညီပါလိမ့်မယ်။

55

 

(၆) ကြယ်သီးတပ်ရင် စက်နဲ့ တပ်တာက ပိုမြန်ပြီး ပိုခိုင်ပါတယ်နော်။

66

 

(၇) ချုပ်ရိုးကြောင်းလေးတွေ သေသပ်ဖြောင့်တန်းစေဖို့ စက်မှာ သားရေကွင်း ၂ ကွင်းလောက် အခုလို ပတ်ထားလိုက်ပါ။

77

 

(၈) အပ်ချည်လုံးတွေ ခဏခဏ ပြုတ်ကျတာမျိုး မဖြစ်ရလေအောင် ခွက်ကလေးထဲ ထည့်သုံးပါနော်။

88

 

(၉) အတွန့်လေးတွေ တွန့်ဖို့ ခက်ရင်းလေးက ကူညီနိုင်ပါတယ်နော်။

99

 

နောက်နေ့တွေမှာလဲ အခုလိုပဲ နည်းလမ်းလေးတွေကို မျှဝေပေးအုံးမှာမို့ ဆက်လက်အားပေးဖတ်ရှုပေးကြပါအုံးနော်။

Myanmar Textile and Garment Directory

Read 1909 times
Rate this item
(1 Vote)
Tagged under