What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတိုင်း သိသင့်တဲ့ ဖက်ရှင်အမှား (၆)ခု

မိန်းကလေးတွေအနေနဲ့ ခန္ဓာကိုယ်လှပဖို့အတွက် အမြဲတမ်း gym သွားဆော့မယ် ၊ အစိမ်းရောင်ပန်းသီး တစ်လုံးကိုနေ့တိုင်းစားမယ် ၊မနက်တိုင်း ပြေးမယ် ဒါဆိုရင်တော့ သင်လိုချင်တဲ့ ပုံပန်းသဏ္ဍန်လေး ရကောင်း ရနိုင်ပါလိမ့်မယ်။ သို့သော်လည်း outfit တစ်ခု ရွေးချယ်ရာမှာ သင်ရွေးချယ်လိုက်တဲ့ အမှားကြောင့် သင့်ရဲ့ ပုံပန်းသဏ္ဍန်ကို ပျက်စီးစေနိုင်ပါတယ်။

မှန်ကန်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ခြင်းအားဖြင့် မလှပတဲ့ နေရာတွေကို ဖုံးကွယ်ပေးပြီး ကြည့်ကောင်းစေမှာပါ။ ၂မိနစ်အတွင်းမှာ သင့်ကိုကြည့်ကောင်းစေဖို့ ဘယ်လိုအရာတွေကို ရွေးချယ်သင့်ပြီး ဘယ်လိုအရာတွေကို ရှောင်ကြဉ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

1. အကွက်ကြီးကြီး ဒီဇိုင်း

Large squares min

အကွက်ကြီးကြီး ပုံစံရှိတဲ့ စကပ်တွေဟာ သင့်ရဲ့ပုံပန်းကို ပျက်စေနိုင်တယ်။ တင်ပါးနေရာလည်း ကျယ်ပြီး ချပ်ချပ်ရပ်ရပ် မရှိတာကြောင့် ဆွဲဆောင်မှုရှိမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား အပွင့်ပုံစံ (သို့) ပြောင် စကပ်တွေကို ရွေးချယ်ပါ။ တကယ်လို့ အကွက်ပုံစံကိုပဲ နှစ်သက်တယ်ဆိုရင်တော့ အကွက်ကြီးကြီးတွေထက် အကွက်သေးသေး ဒီဇိုင်းကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

2. အလျးလိုက် အဆင်ဒီဇိုင်းများ

Horizontal prints min

အလျားလိုက် ပုံစံ အဆင်ဒီဇိုင်းတွေက သင့်ရဲ့ရုပ်သွင်ကို ပိုကြည့်ကောင်းစေပြီး အမှန်တကယ်လိုအပ်ပါတယ်။ ဒါပေမယ့် အစင်းအကျား အဝတ်အစားတွေဟာ သင့်ရဲ့မျှော်လင့်ချက်ကို ပျက်စေနိုင်တယ်။ အကယ်၍ ဒီဦးတည်ချက်ကို ပြောင်းလဲဖို့ လိုအပ်တယ်ဆိုရင် အဲ့တာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒေါင်လိုက်အစင်းတွေက သင့်ကို အရပ်ရှည်ပြီး ပိန်တယ်လို့ ထင်စေနိုင်တယ်။ မတူကွဲပြားတဲ့ အရောင်တွေနဲ့ ပေါင်းစပ် ရွေးချယ်နိုင်ပါတယ်နော်။

3. အပြင်အဆင်များလွန်းခြင်း

Too much decoration min

သင့်ရဲ့သွင်ပြင်ကို ပိုပြီး လှပစေဖို့ အနည်းဆုံးတော့ လက်ပွပွ ဒီဇိုင်း ၊ လက်ခေါက်တဲ့ ပုံစံနှင့် အတွန့်အလိပ် ပုံစံများကို ရွေးချယ်နိုင်ပါတယ်။ သို့သော်လည်း အဲ့လို ရှုပ်ထွေးတဲ့ ပုံစံတွေထက် ရိုးရှင်းပြီး စတိုင်ကျစေတဲ့ အရာကို ရွေးချယ်ပါ။ ပုံမှာ ပြထားတဲ့ အရှေ့မှာ ဇစ်ပါတဲ့ စကပ်ဒီဇိုင်းဟာ ရိုးရှင်းပြီး စတိုင်ကျ လှပနေမှာပါ။

ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုရဖို့ သင့်ရဲ့ အဝတ်အစားတွေကို ဘယ်လို ပေါင်းစပ်ဖန်တီးကြမလဲ

4. အဆင်ကြီးတဲ့ ဒီဇိုင်း

Large prints with horizontal elements min

အဆင်ဒီဇိုင်းကြီးကြီးတွေဟာ သင့်ကို ဝစေတယ်လို့ ထင်နိုင်ပြီး ကြိုးသိုင်းရှုပ်ရှုပ်တွေကြောင့်လည်း သင့်ကို ပုစေနိုင်ပါတယ်။ အဲ့ဒီအစား V-neckline နှင့် စကပ်အကွဲပုံစံက သင့်ကို အရည်ရှည်တယ်လို့ ထင်ရအောင် ပြုလုပ်ပေးမှာပါ။ ဖိနပ်ရွေးချယ်ရာမှာလည်း သင့်ရဲ့ အသားအရောင်နဲ့ နီးစပ်မယ့် အရောင်မျိုးကို ရွေးချယ်ပါ။

5. လည်ပင်းပေါက် ကျယ်ခြင်း

A boat neckline min

လည်ပင်းပေါက်ကျယ်တဲ့ အင်္ကျီတွေဟာ သင့်ခန္ဓာကိုယ် ပိုကြီးတယ်လို့ ထင်စေနိုင်ပြီး ကြည့်မလှပါဘူး။ v-shape အင်္ကျီတွေကတော့ ဆွဲဆောင်မှုရှိစေပါတယ်။ ဘယ်ဘက်မှာပြထားတဲ့ ပုံက ခါးပိုကျယ်ပြီး မလှပတာကြောင့် မရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

6. အရောင်လင်းတဲ့ အဝတ်အစားများ

Bright colors min
အရောင်လွင်တဲ့ အဝတ်အစားတွေဟာ သင့်ကိုကြည့်ကောင်းစေနိုင်ပြီး ပေါ်လွင်လှပါတယ်။ pant တွေရွေးချယ်ရာမှာလည်း ပွယောင်းယောင်း အရာတွေထက် ကွက်တိဖြစ်ပြီး အံဝင်ခွင်ကျ ဖြစ်မယ့် ဘောင်းဘီမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။

 

Author:TDA

Read 10802 times
Rate this item
(2 votes)