What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Make It Stop!

ဖက်ရှင် ဘလော့ဂါတစ်ဦးဖြစ်သူ ပရာတီမာ အတီက အ၀တ်အစားနဲ့ ပတ်သက်တဲ့ tips ကလေးတွေ တင်ပြပေးလေ့ရှိတယ်။ သူတင်ပြခဲ့တာတွေမှာ Fashion Tips တချို့ကို ဖော်ပြပေးထားပါတယ်။ သူ့ရဲ့ Fashion Tips ကလေးတွေကို လိုက်နာကျင့်သုံးရင် အ၀တ်အစားတွေအတွက် ကုန်ကျရတဲ့ငွေကို ထိထိရောက်ရောက် အကျိုးရှိရှိ ဖြစ်စေမှာ ဖြစ်လို့ ယခုလို တင်ပြလိုက်ရတာဖြစ်ပါတယ်။

ကျွန်မတို့မှာ သိထားတာတွေ တစ်ပုံကြီး ရှိနေပေမဲ့ လိုက်မလုပ်ဖြစ်ဘူး။ တစ်ယောက်ယောက်က စေတနာနဲ့ ပြောပြတိုက်တွန်းလိုက်တော့မှ သတိဝင်ပြီး လုပ်မိသွားတာတွေ ရှိတယ်။ ဖက်ရှင်မှာလည်း အဲဒီလိုမျိုးတွေ ရှိနေတယ်။ အဲဒါကြောင့် အထာသိပြီး ကျွမ်းကျင်တဲ့သူတွေ ဖြစ်တဲ့ ဖက်ရှင်ဘလော့ဂါတွေ၊ ဖက်ရှင်ဝါသနာအိုးတွေ၊ ဖက်ရှင်ဒီဇိုင်နာတွေ ပြောပြတိုက်တွန်းတဲ့ Tips တွေကို အလေးထားကြရတယ်။ သူတို့ တင်ပြတာတွေမှာ မထက်မှတ်ထားတဲ့ အသေးစိတ်ကလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတာ သတိမူမိသွားစေတယ်။

ပရာတီမာ အတီက ဘာပြောထားသလဲဆိုတော့
ပထမဆုံး ဘာကို သိထားရမလဲဆိုတော့ ကိုယ့်ရဲ့ ကိုယ်ခန္ဓာ ပုံသဏ္ဌာန်အမျိုးအစား ဖြစ်ပါတယ်တဲ့

 

1. For Beginners Know Your Body Type

အဲဒီကိစ္စနဲ့ ပတ်သက်လို့ textiledirectory.com.mm မှာ အကြံပေးချက်တွေ တင်ပြထားတာ ကျွန်မ တွေ့တယ်။ တစ်ခုက

သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစား အတိုင်း ဖက်ရှင်ကျအောင် ဘယ်လိုဝတ်မလဲ


http://www.textiledirectory.com.mm/articles/item/772-body-fashion-wear.html

 

နောက်တစ်ခုက

body shape နဲ့ အ၀တ်အစား

http://www.textiledirectory.com.mm/articles/item/772-body-fashion-wear.html

 

လေးထောင့်ခန္ဓာရှင်တွေဟာ ကိုယ်အလေးချိန်အညွှန်း Body Mass Index (BMI) တန်ဖိုးကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ခွင်အတွင်းမှာ ရှိနေအောင် ဂရုစိုက်စေလိုကြောင်း တိုက်တွန်းရေးသားထားတယ်။ BMI ကို ဘယ်လိုတွက်ချက်တယ်ဆိုတာလည်း ပြောပြပေးထားပါတယ်။ အတော်ပြည့်စုံပါတယ်။


Pratima Ati က body type ကို သိဖို့ အရေးပါတာကို အခုလို ရှင်းပြပေးထားပါတယ်။
ကိုယ့် ကိုယ်ခန္ဓာ အမျိုးအစား body type ကို သိထားတာဟာ ကိုယ့်ကိုယ်ကိုယ် သိဖို့ အခြေခံအချက် ဖြစ်ပါတယ်။ ဘာတွေကို ၀တ်ဆင်မလဲ၊ ဘယ်လို ၀တ်ဆင်မလဲ ဆိုတာတွေ အားလုံးဟာ ကိုယ့်ရဲ့ body type အပေါ်မှာပဲ မူတည်ပါတယ်။ ဒီအချက်မှာပဲ အစပြုပြီး စဉ်းစားရွေးချယ်ကြရတယ်တဲ့။


နောက်ထပ် tip တစ်ခုကတော့ အတွင်းခံတွေကို ဂရုတစိုက်ဖြင့် ရွေးချယ်ဝတ်ဆင်ဖို့ ပြောထားတယ်။ အတွင်းမှာ ခံထားတာ ဖြစ်ပေမဲ့ ပြင်ပ ရာသီဥတုနဲ့ အဆင်ပြေတာကို ရွေးရမယ်တဲ့။

ပူအိုက်တဲ့ ရာသီဆို ဇာသားလို ဇကာအပေါက်ပါတာမျိုးတွေ ရွေးဝတ်ရမယ်။

ချမ်းအေးတဲ့ ရာသီဆိုရင် ထူထူထဲထဲနဲ့ လုံခြုံတာမျိုးကို ရွေးဝတ်ရမယ်။ ဆိုလိုတာက ဘရာအစား ဘော်လီကို ၀တ်မယ်ဆိုရင် အနွေးဓာတ်ကို အထဲမှာ ပိုထိန်းပေးထားနိုင်မယ်။

မိုးရာသီလို စိုစွတ်မယ်ဆိုရင် ခြောက်လွယ်တဲ့အသားမျိုးကို ရွေးဝတ်ရမယ်။ အသားထူထူအစား ခပ်ပါးပါးလေးတွေ ၀တ်ရမယ်တဲ့။
ပြီးတော့ အရွယ်အစား အမှန်အကန်ကို ၀ယ်ယူသုံးစွဲရမယ်။ ဒါမှ ရင်သား ကျန်းမာရေးနဲ့ ညီညွှတ်မယ်။
ရာသီနဲ့ ကိုက်မယ့်၊ ကျန်းမာရေးနဲ့ ကိုက်မယ့် အတွင်းခံတွေကို လိုက်လျောညီထွေစွာ ၀တ်ဆင်စေလိုတာ ဖြစ်ပါတယ်။

textiledirectory.com.mm မှာ ဘရာစီယာအကြောင်းတွေ၊ အတွင်းခံအကြောင်းတွေ အတော်များများ ဖော်ပြပေးထားပြီးသား ဖြစ်တာ တွေ့ရပါတယ်။

ဆောင်းပါးတစ်ပုဒ်ရဲ့ အောက်ဆုံးကို သွားလိုက်ရင် ဆောင်းပါးရှာဖို့ search box ရှိတယ်။ အဲဒီမှာ ဘရာ လို့ ရိုက်ထည့်ပြီး ရှာလိုက်ရင် ဆောင်းပါးတွေ ရှာပေးပါလိမ့်မယ်။ အတော်များများ ဖော်ပြပေးထားတာ တွေ့လို့ ကျွန်မ ထပ်ပြီး နှမ်းမဖြူးတော့ပါဘူး။

 

search

Pratima Ati အကြံပေးထားတဲ့ နောက်တစ်ချက်ကို ဆက်လိုက်ကြရအောင် . . .
သူက ပြောထားတယ်။ တည်တည်တံ့တံ့ ဖက်ရှင်မျိုးတွေ classic ဆန်တာတွေကို ဦးစားပေးပြီး ၀ယ်ပါတဲ့။ အဲဒါတွေက ဘယ်တော့မှ မရိုးဘူး။ ခေတ်ကုန်သွားတယ်ရယ်လို့ မရှိဘူးတဲ့။ သားရေထည်၊ ဂျင်းထည်တွေဟာ အမြဲ ခေတ်ရှိနေတာမျိုးတွေ ဖြစ်ပါတယ်။

ဒေါက်ဖိနပ်နဲ့ ပတ်သက်လို့ သူပြောထားတာကတော့ red pumps လို့ ဖက်ရှင်လောကမှာ ခေါ်ဝေါ်တဲ့ အနီရဲရဲ ဒေါက်ဖိနပ်ဟာ အားနွှဲ့တဲ့ မိန်းမသားတစ်ဦးကို ရဲရင့်စေတယ်။ ပြီးတော့ ပွဲလယ်တင့်စေတယ်တဲ့။ ကိုယ့်ရဲ့ ၀တ်စားဆင်ယင်မှုအပေါ် ယုံကြည်စိတ်ချမှု ဖြစ်စေတယ်။ ဒီတော့ အနီရောင်ဒေါက်မြင့်မြင့်တစ်ရံ ရှိသင့်တယ်တဲ့။

 

red pump

 

ဝယ်ပြီး ဆောင်ထားမို့ မေ့နေတတ်တာက ဇာပုဝါ ဖြစ်ပါတယ်။ ပွဲတက်တဲ့အခါ ဇာပုဝါလေး ပခုံးနှစ်ဖက်က ချပေးထားရင် အင်မတန် ကျက်သရေ ရှိပါတယ်။ ဘာတွေကို ဘယ်လိုပဲ ခန့်ထည်နေအောင်ဝတ်ပေမဲ့ ဇာပုဝါ မချထားရင် တစ်ခုခု လိုနေပါလိမ့်မယ်။ ပွဲနေပွဲထိုင်အတွက် ပုဝါရှည်က အရေးပါတယ်။

နောက်တစ်ချက် သူပြောထားတာက အ၀တ်အစားဆိုတာဟာ တကယ်တော့ ကိုယ်ခန္ဓာကို အရောင်ခြယ်သပေးတာပါတဲ့။ ဒီတော့ ဘယ်လိုအရောင်တွေ ၀တ်မလဲဆိုတာ အရောင်စက်ဝိုင်းကို သိအောင်လုပ်ထားရမယ်။ ဘယ်လို သုံးစွဲရမယ်ဆိုတာလည်း သိထားရမယ့်အပြင် တကယ်လည်း သုံးစွဲပါတဲ့။
ဟုတ်ပါတယ်။ အရောင်စက်ဝိုင်းကို သုံးတတ်ရင် ကွန်ချက်ကို ရတဲ့သူပါပဲ။ ဘယ်အရောင်တွေ ဘယ်လိုရွေးချယ်ပြီး တွဲဝတ်ပါဆိုတာလောက် တင်ပြထားတာတွေ ရှိပါတယ်။အဲဒါတွေက ဟင်းစားတွေ ပေးထားတာဖြစ်ပါတယ်။
Textiledirectory.com.mm မှာ မကြာသေးခင်ကမှ အရောင်စက်ဝန်းသုံးပုံ ကို ကျွန်မ ရေးပို့ထားတာ တင်ပေးထားတာ ရှိပါတယ်။
အ၀တ်အစား အရောင် ဘယ်လိုရွေးရင် လွယ်မလဲ
ဆိုပြီး တင်ပြပေးထားတာ သွားရောက်ဖတ်ရှုလိုက်ပါနော်။ သဘောတရားတွေကို နားလည်ထားပြီးရင် အရောင်စက်ဝိုင်း ပုံကို ဒေါင်းယူရင် ဘေလ်ကုန်တယ်။ ဒီတော့ စခရင်ရှော့ ရိုက်သိမ်းထားလိုက်ရင် သုံးစွဲဖို့ အဆင်ပြေမှာပါ။
Perfect Colour Combination For Dresses ဆိုပြီး တစ်ပုဒ်လောက် ရေးသားဖို့ ကြံရွယ်ထားပါတယ်။

အ၀တ်အစားတွေ မပျက်စီးသင့်ဘဲ ပျက်စီးကုန်တာ မဖြစ်ရအောင် လျှော်တာကို ဂရုစိုက်ဖို့လည်း ဘလော့ဂါ Pratima Ati က အကြံပေးထားတယ်။ အ၀တ်အစားလျှော်ရင် ဂရုစိုက်ရမှာတွေကို Textiledirectory.com.mm မှာ
မကြာမကြာ ဖော်ပြပေးနေတာ တွေ့ရလို့ အကျယ်ချဲ့ပြီး မရေးတော့ဘူး။
ဆောင်းပါးရှာဖို့ search box မှာ လျှော် လို့ ထည့်ရိုက်ပြီး ရှာလိုက်ရင် ဆောင်းပါးတွေ တွေ့ပါလိမ့်မယ်။ လျှော်  ကို ရိုက်ထည့်ရင် ဟထိုျးှ ပါအောင် ရိုက်ဖို့တော့ လိုပါတယ်။

အ၀တ်အစားနဲ့ ကုသိုလ်ယူဖို့ကိုလည်း သူက အကြံပေးထားတယ်။ အ၀တ်အစားတွေ ရှိနေတာမှာ ဘယ်ဟာတွေက မ၀တ်ဖြစ်တာ အရမ်းကြာနေပြီလဲ။ ဘယ်ဟာတွေက ကိုယ်နဲ့ မတော်တော့ဘူးလဲ။ ဘယ်ဟာတွေက ကိုယ့်အသက်အရွယ်နဲ့ မအပ်စပ်တော့ဘူးလဲ။ ကိုယ့်လက်ရှိ တိုးတက်မြင့်မားတဲ့ အဆင့်အတန်းနဲ့ လွဲချော်နေပြီလဲ အဲဒါလေးတွေနဲ့ ဆန်းစစ်ပြီး ဖယ်ထုတ်ပစ်ရမယ်။ ပြီးရင် သင့်တော်တဲ့သူတွေကို ပေးကမ်းပါတဲ့။ အဲဒီနည်းကို ကျွန်မ ကျင့်သုံးဖူးတယ်။ အ၀တ်အစား ဘာဝတ်ရင်ကောင်းမလဲ ရွေးတဲ့အခါ ဘယ်တော့မှ မ၀တ်ဖြစ်တာတွေ ပေးကမ်းလှူဒါန်းလိုက်လို့ မရှိတော့တာကြောင့် ရွေးရတာ ရှင်းတယ်။ ပြီးတော့ တိုက်ဆိုင်တယ်ပြောမလား၊ ထူးခြားတယ်ပြောမလား။ ဘန်ကောက်ပြန် လက်ဆောင်ဆိုပြီး အ၀တ်အစားလှလှလေးတွေ ကျွန်မ လက်ဆောင် ရတယ်။ ဒီတော့ လျော့နေတာ ပြန်တိုးသွားတယ်။ အဲဒါကြောင့် Pratima Ati ရဲ့ အကြံပေးချက်ကို စမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်ရှင်

တစ်ဆက်တည်း တင်ပြလိုတဲ့ အကြံပေးချက်က စိတ်ကို အလိုလိုက်ပြီး အ၀တ်အစားတွေ မ၀ယ်မိဖို့ ဖြစ်ပါတယ်။ Pratima Ati က Make It Stop! လို့ တိုက်တွန်းထားတယ်။ အဲဒီလို လုပ်တာ ရပ်ပစ်ပါပေါ့။ အ၀တ်အစား ဖက်ရှင်တွေက လိုချင်စရာကောင်းတယ်။ ရေစီးကြောင်းလည်း ရှိနေတယ်။ ဥပမာ ပုလဲရှန် ဆိုရင် တစ်ချိန်က ခေတ်စားခဲ့ပြီး နောက်တော့ တိမ်ကောသွားတယ်။ အခု ပြန်ခေတ်စားလာပြန်တာ တွေ့ရတယ်။ ဒီတော့ ခေတ်ရေစီးအရ ပုလဲရှန်သား တစ်ထည်တော့ လိုချင်မိတယ်။ အဲဒီလို လိုက်ဝယ်တာမျိုးကို Make It Stop! လုပ်ရမှာ ဖြစ်ပါတယ်။

PEARL SHAN

 

နောက်တစ်မျိုးက အရစ်ကျ ပေးလို့ရတယ်ဆိုပြီး အထည်စဖြစ်ဖြစ် အ၀တ်အစားဖြစ်ဖြစ် လက်လီရောင်းပေးတာဖြစ်ပါတယ်။ ရောင်းတဲ့သူက သူငယ်ချင်း၊ ခင်မင်တဲ့အသိ ဖြစ်နေတာကြောင့် ၀ယ်လိုက်တယ်။ အဲဒီလို တကယ် မလိုအပ်သေးဘဲ ၀ယ်တာမျိုးကုလည်း Make It Stop! လုပ်ရမှာ ဖြစ်ပါတယ်။
Facebook မှာ ပုံတွေတင်ပြီး အသိမိတ်ဆွေက ရောင်းတာကို မှာဝယ်လိုက်ပြီး အားပေးတာမျိုးလည်း ရှိတယ်။ အဲဒါ သူ့ကို ကူညီတယ်လို့ ထင်ရတယ်။ တကယ်တော့ သူ ရေရှည်ဆက်သွားဖို့ မဖြစ်နိုင်တာကို စောစောစီးစီး သတိမမူမိအောင် လုပ်တာနဲ့ အတူတူပဲ။ သူက ရေရှည်ရောင်းချင်ရင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အစောကတည်းက လုပ်ရမယ်။ အခုတော့ သူသိတဲ့သူ အသိုင်းအ၀ိုင်းထဲ လှည့်ရောင်းနေတာသာ ဖြစ်နေတယ်။ ဒါပေမဲ့ ရောင်းအား ရှိနေတော့ ဆက်လုပ်လို့ ရမယ် ထင်တယ်။ လပိုင်အကြာမှာ အသိတွေကလည်း ၀ယ်မပေးနိုင်ကြတော့ဘူး။ သူ့ရဲ့ စခါစ လုပ်ငန်းလည်း ရောင်းအားကျပြီး ရပ်လိုက်ရတော့တာ ကျွန်မ တွေ့ရတာတွေ များနေပြီ။ ဒီတော့ အဲဒါမျိုးကို မ၀ယ်မိအောင် Make It Stop! လုပ်ဖို့ တိုက်တွန်းလိုပါတယ်။
နဂိုကတည်းက ၀ယ်ဖို့ စိတ်ကူးရှိတယ်။ ဈေးသက်သက်သာသာနဲ့ ရနိုင်မှာကို ကြုံကြိုက်ဖို့ စောင့်နေတယ်ဆိုရင်တော့ ၀ယ်သင့်ပါတယ်လို့ Pratima Ati က ရှင်းပြထားတယ်။ ဥပမာ ဆိုင်က ရာသီလွန်လို့ အထူးလျှော့ဈေး ဆိုပြီး ဈေးချရောင်းတာမျိုးကို စောင့်ဝယ်တာ။
အရစ်ကျ ရလို့ ၊ အကြွေးရလို့ အထည်များ အယားပြေဆိုပြီး ၀ယ်တာမျိုးကတော့ Make It Stop! ပါပဲ။


ချက္က၀ါ

Read 2577 times
Rate this item
(0 votes)