What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားတွေကို ဟောင်နွမ်းမသွားအောင် ဘယ်လိုထိန်းသိမ်းမလဲ။

အဝတ်အစားတွေကို ဟောင်နွမ်းမသွားအောင် ဘယ်လိုထိန်းသိမ်းမလဲ။ Google

တချို့အဝတ်အစားအသစ်တွေဟာ ၃၊ ၄ ခါ လောက် ဝတ်ပြီးရင် ဟောင်းနွမ်း သွားတတ်ကြပါတယ်။ လူတိုင်းက ကိုယ်အကြိုက်ဆုံး အဝတ်အစားကို ဘယ်နှခါဝတ်ဝတ် ရိုးသွားတယ်လို့ မရှိပါဘူး။ ဒါပေမယ့် အင်္ကျီအပေါ် တစ်ခုခု စွန်းထင်းတာ ဟင်းဆီ/ကော်ဖီ ဖိတ်ကျတာ ဂျင်းဘောင်းဘီတွေ အရောင်မှိန်သွားတာ အဲ့ဒီလိုတွေ ဖြစ်တဲ့အခါမှာ သေချာမထိန်းသိမ်း မလျှော်ဖွပ် တတ်ရင်တော့ ဘယ်လောက်ပဲ တန်ဖိုးကြီးနေ၊  အသားကောင်းနေပါစေ အဝတ်အစားတွေဟာ ဟောင်းနွမ်းတဲ့ ပုံစံပဲ ဖြစ်နေမှာပါပဲ။

ဒါကြောင့် ကိုယ်ကြိုက်တဲ့ အဝတ်အစားတွေ မဟောင်းနွမ်းသွားရအောင် အဝတ်အစား အသစ်တွေ ခဏခဏ မဝယ်ရအောင် အခုပြောမယ့် အချက်လေးတွေကို လိုက်နာကြည့်ရအောင်နော်။ 

၁။ Qualityကောင်းတဲ့ အဝတ်အစားကို ရွေးဝယ်ပါ။

ဒီဇိုင်နာထုတ် Brand တို့ ရွေးဝယ်ဖို့မလိုပေမယ့် ကိုယ်ဝယ်လိုက်တဲ့ အဝတ်အစားက အရည်အသွေးပြည့်မှီဖို့ လိုပါတယ်။အင်္ကျီဖြစ်ဖြစ် ဘောင်းဘီဖြစ်ဖြစ် ဝယ်မယ်ဆိုရင် ကောင်းတဲ့ Quality ကိုသာရွေးချယ်ပါ။ ဘယ်လောက်ပဲ လှနေပါစေ ထုတ်လုပ်မူ ညံ့နေရင်တော့ ရေရှည်အသစ်တိုင်းဖြစ်ဖို့ ဘယ်လိုမှထိန်းသိမ်း လို့မရနိုင်ပါဘူး ။ ဝယ်တော့မယ်ဆိုရင် ချုပ်ရိုးချုပ်သား သေချာစစ်ဆေးပါ ။

ချုပ်ပုံချုပ်သား မသေသပ်တာ တစ်ခါလျှော်လိုက်တာနဲ့ ဟောင်းနွမ်းသွားမယ့်အဝတ်တွေဆိုရင် ဘယ်လောက်ပဲ ကြိုက်နေပါစေ ဝယ်ဖို့မရွေးချယ်ပါနဲ့ ။ အွန်လိုင်းက မှာယူမယ်ဆိုရင်လည်း ကိုယ်ဝယ်မယ့် ဆိုင်ရဲ့ Review ကောင်းမကောင်း သေချာကြည့်ပါ။

Changing Clothes Images – Browse 64,258 Stock Photos, Vectors, and Video |  Adobe Stock

၂။ အဝတ်တွေကို အပြင်ကပြန်‌ရောက်တာနဲ့ လဲပေးပါ 

အလုပ်(သို့) အပြင်တစ်နေရာသွားပြီးအိမ်ပြန်ရောက်လာတဲ့အခါ ဝတ်သွားတဲ့ ဝတ်စုံကို အိမ်နေရင်းညဝတ်အင်္ကျီ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် အဝတ်တစ်ခုကို လဲဝတ်ပေးပါ ။ ဒါမှသာ အဝတ်အစားအကောင်းတွေ စုတ်ပြဲခြင်း ၊ ချွေးနံ့စွဲထင်ခြင်း ၊ အစားအစား စွန်းထင်းမူ ညစ်ပေမူတွေ ကနေသက်သာစေမှာပါ။ ကိုယ်တိုင်လည်း သက်သောင့်သက်သာ ဖြစ်စေတဲ့ ခံစားမူကို ရရှိစေမှာပါ ။ 

၃။ ရေမွှေး ၊ lotions နဲ့ အလှဆီတွေ မှန်ကန်စွာရွေးချယ်ပါ။

ရေမွှေး ၊ Sunscreen ၊ Body Lotions တွေကို အရည်အသွေးကောင်းတာ ရွေးသုံးပါ။ Brand မှမဟုတ်ပါဘူး အခြား အရည်အသွေးကောင်မွန်တဲ့ သဘာဝအမျိုးအစားတွေသာရွေးဝယ်ပါ ။Brand အတု ဝယ်သုံးလိုက်ခြင်းဟာ ဆိုးကျိုးနှင့် အဆီပြန်ခြင်း ဆိုးကျိုးတွေ ရှိတာကြောင့် အဝတ်အစားနှင့်ထိတွေတဲ့အခါမှာ အဝတ်တွေကို ပျက်ဆီးစေပါတယ်။

အကောင်းဆုံးကတော့ Body Lotion ၊ Sunscreen တို့ကို အဝတ်မဝတ်ခင် အရင်လိမ်းပြီး ခြောက်သွေ့သွားမှသာ အဝတ်ကိုဝတ်ပါ ။ ရေမွှေးဆွတ်ရင်လည်း အဝတ်အစားနဲ့ အနည်းငယ်ခွာပြီး ဆွတ်ပေးပါ။

၄။ အဝတ်အစားများကို အချိန်အကြာကြီး မလျှော်ပါနဲ့

အဝတ်လျှော်စက်ထဲကို အဝတ်များထည့်လျှော်ထားပြီး ခလုတ်နှိပ်ပြီ ပစ်မထားပါနဲ့ ။ ခဏစောင့်ကြညိ့သင့်ပါတယ် ။ အဝတ်တွေကိုလျှော်ပြီးတာနဲ့ ထုတ်လှန်းပါ ။အချိန်အကြာကြီးလုံးထွေးမထားပါနဲ့ ။ အဝတ်တွေ ရေပုပ်နံ့စွဲ နိုင်သလို ဖားဥတွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်ပါတယ်။

အနံ့ဆိုးတဲ့ခြေအိတ် ဆေးကျွတ်တဲ့ အဝတတ်အစားတွေနဲ့ ရောမလျှော်ပါနဲ့ ။ အဝတ်အစားတွေကို ခဏခဏမလျှော်ပါနဲ့ ။ခဏလောက်သာ ဝတ်ထားတဲ့ အဝတ်အစားတွေ ချွေးသိပ်မစိုသေးတဲ့ အဝတ်တွေကို နေပူထဲထုတ်လှန်းပါ ။ခဏခဏလျှော်ခြင်းကြောင့် အဝတ်တွေကိုအသားပါးစေ နိုင်ပါတယ် ။ 

How to Shrink Clothes on Purpose: 4 Key Tips | Whirlpool

 ၅။အဝတ်လျှော်စက်ကို သန့်ရှင်းအောင်ထားပါ။

အဝတ်လျှော်စက်ကို တစ်ပတ်တစ်ခါ စစ်ဆေးပါ။ အနံ့ဆိုးမထွက်အောင် Filter ကို ပုံမှန် သန့်ရှင်းပေးပါ။ ဆေးကြောတဲ့အခါမှာ ရေနွေးနဲ့ ဆေးတာက ပိုကောင်းပါတယ် ။ 

၆။ အဝတ်လျှော်စက်ထဲသို့ အဝတ်တွေအလွန်အကျွံ မထည့်ပါနဲ့

အဝတ်လျှော်စက်တစ်ခုဟာ အဝတ်တွေ အများကြီးဆန့်တာ မှန်ပေမယ့် စက်လည်ပတ်တဲ့အခါ အဝတ်တွေရွေ့လျားဖို့ နေရာ အလုံအလောက် မရှိဘူး ဆိုရင် ဤဝ်တွေဟာ သန့်ရှင်းမူရှိမှာမဟုတ်ပါဘူး။ အချင်းချင်း ပွတ်တိုက်မူများတဲ့အခါမှာ အဝတ်တွေဟာ ပျက်စီးသွားမှာပါ။

5 Reasons Why You Should Choose Liquid Detergents | Electronics, Food,  Fashion and more | Lulu GoodLife Blog

၇။ အစွန်းအထင်းချွတ်ဆေးကို အရမ်းမသုံးပါနဲ့

အဖြူရောင် အဝတ်အစားတွေ လျှော်တဲ့အခါမှာ အစွန်းအထင်းမပါပဲ ချွတ်ဆေးကို မသုံးပါနဲ့ ။ အစွန်ချွတ်ဆေး သုံးတဲ့အခါမှာ အဖြူ သီးသန့် အဝတ်တွေကိုသာ အသုံးပြုပေးပါ။ ချွတ်ဆေးဟာ အက်စစ် အနည်းငယ် ပါဝင်တဲ့အတွက် အဝတ်တွေ ပျက်ဆီးမူကို ပိုဖြစ်စေပါတယ်။ 

Read 798 times
Rate this item
(0 votes)