What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြင်သစ်ကကောင်မလေးများအတိုင်းဝတ်ဆင်နိုင်မယ့် စတိုင်လျို့ဝှက်ချက် ၇ ချက်

ပြင်သစ်ဖက်ရှင်လို့ပြောလိုက်ရင် အဆင့်တန်းမြင့်မြင့်နဲ့ သေသေသပ်သပ်ဝတ်စားတတ်တဲ့

အမျိုးသမီးတွေကို ပြေးမြင်တတ်ကြပြီး အရမ်းလည်း ဆရာကျတာအမှန်ပါပဲ။ ဒါပေမယ့် သူတို့လို တုပမ၀တ်နိုင်တာမဟုတ်ပါဘူး။ ပြင်သစ်အမျိုးသမီးဖက်ရှင်ဆိုတာ ဖက်ရှင်ကျပြီး တစ်ဖက်မှာလည်း သက်သောင့်သက်သာဖြစ်မှုတွေကြောင့် အမြဲနံပါတ်တစ်နေရာမှာ ရပ်တည်လေ့ရှိပါတယ်။ ဒါကြောင့်သင်သည် ပြင်သစ်မိန်းကလေးများရဲ့ ဖက်ရှင်ကို အမြဲအားကျနေပြီး သူတို့တွေလိုဝတ်ချင်တဲ့ကောင်မလေးတစ်ယောက်ဆိုရင် သင့်အတွက်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဖက်ရှင်နေ့ရက်များကို chic and smart အသွင်ပြောင်းလဲဖို့ အဆင်သင့်ပြင်လိုက်ပါတော့။

1. သင့်ရဲ့ဖက်ရှင်စတိုင် Icon သည် သင့်အမေသာဖြစ်ပါတယ်။

ဒါကပြင်သစ်မိန်းကလေးတွေအတွက် သာမန်ကိစ္စလိုပါပဲ။ သူမရဲ့ အ၀တ်ဗီရိုထဲက classics အ၀တ်အစားတွေက သင့်ခေတ်မှာလည်း အသုံးဝင်နေဦးမှာဖြစ်ပါတယ်။ ဒါကို ဖက်ရှင် IT girl Jeanne Damas က သူမအမေနဲ့သူမတို့ရဲ့ နှစ်ယောက်တွဲဆင်တူဖက်ရှင်ကို ၀တ်ပြလိုက်ခြင်းဖြင့် ပြောပြလိုက်ပါတယ်။

fashion fashion 8 secrets to dressing like the most chic women 1836885 1468517855.600x0c

2. ဖြစ်နိုင်ရင် သင့်ခြေထောက်တွေကို ပြောင်ရှင်းထားပါ။

ပြင်သစ်မိန်းကလေးများက အောက်ပိုင်းကို အိုဗာမဖြစ်စေပဲ အသပ်ရပ်ဆုံးဖော်ပြနိုင်စွမ်းရှိသူများပါ။ ဒီမှာဆိုရင်ပဲ ခါးရှည်ဘလေဇာကုတ်နဲ့ လည်သာလက်ကိုင်အိတ်ကို ဂျင်းစကပ်နဲ့တွဲဝတ်ထားပြီး sneaker တစ်ရံနဲ့အနားသပ်ထားတာကိုပဲကြည့်လိုက်ပါ။ အရမ်းမော်ဒန်ဆန်နေပေမယ့် တစ်ချိန်တည်းမှာတင် casual ဖြစ်မနေဘူးလား။

fashion fashion 8 secrets to dressing like the most chic women 1836880 1468517853.600x0c

3. လမ်းလျှောက်ဖို့လွယ်ကူတဲ့ ဒေါက်ဖိနပ်တွေကိုသာဝတ်ဆင်ပါ။

ဒေါက်မြင့်တွေဝတ်ဆင်လိုက်ရတာလောက် မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်မှုပြင်းစေတာမရှိပါဘူး။ ဒါပေမယ့် Chanel အတွက် Karl Lagerfeld က ဘယ်တော့မှ မိုးလောက်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်ဒီဇိုင်းမထုတ်ဘူးဆိုတာ သင်သိပါသလား။ Mules ဒေါက်တွေလို ချက်ချင်းစွပ်၊ ခပ်သွက်သွက်လျှောက်၊ တစ်နေ့လုံးလည်းဝတ်လို့ရတဲ့ ဒေါက်မျိုးကိုသာ ပြင်သစ်မိန်းကလေးတွေက ရွေးချယ်ကြပါတယ်။

7 rules for wearing cropped flared jeans 1635361 1453848640.640x0c

4. သင့်ရဲ့ခါးကို ညင်သာသောနည်းနဲ့ ကောက်ကြောင်းဖော်ပါ။

ခုပြောမှာ ခါးပတ်တွေမဟားတရားအများအပြားပတ်ဖို့မဟုတ်ပါဘူး။ ဒါပေမယ့် ပြင်သစ်အမျိုးသမီးများက သူတို့ရဲ့ဖက်ရှင်နဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတစ်ခုလုံးကို တစ်နည်းအားဖြင့် ပေါ်လွင်မှုရှိအောင် ဖော်ဆောင်တတ်ကြပါတယ်။ ခပ်ပွပွဝတ်စုံတွေကို ရွေးချယ်တတ်ကြပေမယ့်လဲပေါ့။ အကောင်းဆုံးဥပမာအဖြစ်ဆိုရင် ပြင်သစ်ဖက်ရှင်ဘလော့ဂ်ဂါ Aria Di Bari ကိုအတုယူနို်င်ပါတယ်။ တစ်ပြေးတည်းဖြစ်နေတဲ့ အကျီအပွကို ခါးပတ်ကြီးကြီးနဲ့ သိမ်းလိုက်တဲ့ဝတ်ဆင်နည်းက အထက်တန်းကျတဲ့ မိန်းမတစ်ယောက်အသွင်ဖြစ်သွားစေပါတယ်။

fashion fashion 8 secrets to dressing like the most chic women 1836884 1468517854.600x0c

5. အိုဗာဆက်ဆီဖြစ်နေလားလို့ထင်ရတဲ့အ၀တ်အစားတွေဝတ်ပြဖို့လည်း ၀န်မလေးပါနဲ့။

ဖက်ရှင်မော်ဒယ် Aymeline Valade က ဒီလိုအိုဗာလို့သတ်မှတ်ရမယ့် ဖက်ရှင်ရွေးချယ်မှုမျိုးကို 50/50 အချိုးညီအောင် မျှမျှတတ၀တ်ပြတတ်ပါတယ်။ ဒီမှာဆိုရင်သူမက ဖောက်ထွင်းမြင်ဇာအတွင်းအကျီကို ဘော်လီမပါပဲဝတ်ထားတယ်ဆိုပေမယ့် သူမရဲ့အပြင်အကျီရွေးချယ်မှုက ယောက်ျားလေးဆန်ဆန် suit ဖြစ်နေတာကြောင့် အပျော့အမာနှစ်ခုကို တိုက်ရိုက်ရွေးချယ်လိုက်တာပါပဲ။

fashion fashion 8 secrets to dressing like the most chic women 1836887 1468517857.600x0c

6. အပြင်ထပ်ကုတ်များကောင်းကောင်းရှိပါစေ။

Biker jackets ကစလို့ boho coats တွေအထိ၊ Bomber jackets မှ ဘလေဇာများအထိ ပြင်သစ်ဖက်ရှင်အမျိုးသမီးများက အပြင်အ၀တ်အစားပိုင်းမှာဆိုရင် အကောင်းဆုံးရင်းနှီးမြှပ်နှံတတ်ကြပါတယ်။ သာမန်ဂျင်းနဲ့ရှပ်ဝတ်လိုက်ရင်တောင် အပေါ်ထပ်အကျီတစ်ထည်ကြောင့် သင့်အသွင်တစ်ခုလုံးကို အမိုက်စားဖြစ်အောင် ပြောင်းလဲပေးနိုင်ကြောင်းကို သူတို့ကောင်းကောင်းသိလို့ပါပဲ။

r 1

7. Accessories တွေကိုကစားမယ်ဆို အ၀တ်အစားကို ရိုးရှင်နေပါစေ။

ခုနက ဇာအတွင်းခံနဲ့ suit အတွဲလိုပါပဲ။ ပြင်သစ်ဖက်ရှင်စည်းကမ်းကတော့ accessories များကို အ၀တ်အစားများနဲ့ ပြောင်းပြန်အချိးကျပေါင်းစပ်ဖို့ဖြစ်ပါတယ်။ သင့်ရဲ့ဖိနပ်သစ်၊ အိတ်အသစ်၊ ဦးထုပ်အသစ်များကို တစ်ချိန်တည်းမှာ ပြချင်နေပြီဆိုရင် သင့်ဆီမှာ သပ်ရပ်သန့်ရှင်းပြီး တစ်ကယ့်ကို ရိုးရှင်းတဲ့ အ၀တ်အစားဖြစ်ဖို့လိုပါတယ်။

fashion fashion 8 secrets to dressing like the most chic women 1836886 1468517855.600x0c

Read 1580 times
Rate this item
(0 votes)