What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့အဝတ်အစားတွေ တစ်နေကုန် မွှေးကြိုင်နေစေမယ့် လျှို့ဝှက်ချက်

ကိုယ့်ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကနေ အနံ့တွေထွက်နေရင် ကိုယ်တိုင်လည်း စိတ်ညစ်ရတယ်။

ဘေးလူတွေလည်း နှာခေါင်းရှုံ့တာ ခံရဦးမယ်။ အသန့်ကြိုက်သူဆိုတော့ ဒီလိုမျိုး ကိုယ့်ဆီက အနံ့ထွက်နေတာ အတော်ကို စိတ်ညစ်ခဲ့ရတာ။ ဒါပေမဲ့ ဒီနည်းတွေကို သုံးပြီးတည်းက အဝတ်အစားကနေ အနံ့တွေ မထွက်တော့ဘူး။

 

၁။ လျှော်ပါ

အဝတ်အစားတွေကို တစ်ကြိမ် ဝတ်ပြီးတိုင်း ပြန်လျှော်ပါ။ ဒါက အရေးမကြီးဘူးလို့ ထင်ရပေမဲ့ တကယ်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့တော့ ဂျင်းထည်တွေက တစ်ကြိမ်ဝတ်တိုင်း တစ်ကြိမ်မလျှော် လည်း ရပါတယ်။ ဘာလို့ဆို ဂျင်းတွေက ခဏခဏလျှော်ရင် ပျက်စီးလွယ်တယ်လေ။ လျှော်မယ်ဆိုရင်လည်း ချွတ်ပြီး မကြာခင် မြန်မြန်လျှော်တာ အကောင်းဆုံးပဲ။ ချွေးတွေမစွန်းတော့အောင်ပေါ့။

 

၂။ အနံ့ပါတဲ့ဆပ်ပြာ

အဝတ်လျှော်ဆပ်ပြာတွေမှာ မတူညီတဲ့ အနံ့တွေ ရှိတယ်။ တချို့ဆပ်ပြာတွေက အနံ့ကို ပိုစွဲစေမယ့် နည်းပညာနဲ့ ဖော်စပ်ထားလို့ ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

 

၃။ သီးသန့်အနံ့လေး

ကိုယ်အကြိုက်ဆုံး ရေမွှေးတစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲဆွတ်ပါ။ အဲ့ဒီတော့ အဝတ်တွေက အမြဲတမ်း အနံ့တစ်မျိုးတည်း စွဲနေလိမ့်မယ်။ ပြီးတော့ ကိုယ်နဲ့ အဲ့ဒီအနံ့ကိုလည်း တွဲပြီး မှတ်မိနေကြလိမ့်မယ်။

 

၄။ ရေမွှေးထဲက ဖြတ်လျှောက်ပါ

ဘယ်လိုကြီးပါလိမ့်ဆိုပြီး မအံ့သြပါနဲ့။ ဒီနည်းကို မထင်မှတ်ဘဲ သိလိုက်ရတာပါ။ ရေမွှေးကို လေထုထဲ ဖြန်းလိုက်ပါ။ ပြီးရင် ရေမွှေးအမှုန်လေးတွေ ရှိတဲ့နေရာကို ချက်ခြင်းလျှောက်သွားလိုက်။ အဲ့လိုဆိုရင် ရေမွှေးအနံ့က ခန္ဓာကိုယ်တစ်ခုလုံးကို စွဲသွားမှာ။ လက်ကောက်ဝတ်တို့ ပုခုံးတို့လို တစ်နေရာတည်းကနေ အနံ့ထွက်တာထက် တစ်ကိုယ်လုံးမွှေးကြိုင်နေတာက ပိုပြီးဆွဲဆောင်မှုရှိပါတယ်။

 

By Myanmar Textile & Garment Guide

Read 735 times
Rate this item
(0 votes)