What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခေါင်းစည်းပုဝါတွေကို သင့်ရဲ့ဆံပင်ပေါ်မှာ ဖက်ရှင်ကျစွာ စည်းနိုင်မယ့် ပြုလုပ်ပုံနည်းလမ်း

ပုဝါတွေကို ၁၈ရာစုနှစ်တွေထဲက လူအများအပြား ကာလာစုံ ဝတ်ဆင်ခဲ့ကျပါတယ်။ ပုဝါလေးတွေဟာ လည်ပင်းမှာသာ ဝတ်ဆင်ဖို့သီးသန့်မဟုတ်ပဲနဲ့ ဆံပင်ပေါ်မှာလည်း accessories တစ်ခုအနေနဲ့ တပ်ဆင်နိုင်ပါတယ်။

တကယ်လို့ သင်ဟာ ခေါင်းလျှော်ဖို့ အချိန်မရှိဘူးဆိုလျှင် ဒါမှမဟုတ် အခြောက် shampoo တွေကို သုံးပင်မဲ့ တစ်နေ့လုံးအပြင်ထွက်နေရမယ်ဆိုလျှင် သင့်ရဲ့ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပုဝါလေးက အထောက်အကူပြုပေးမှာဖြစ်ပြီး ချက်ချင်းဆိုသလို သင့်ကိုစတိုင်ကျစေမှာပါ။ ဒါကြောင့် ပုဝါတွေကို ဆံပင်မှာ ဘယ်လို တပ်ဆင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

1.ရိုးရှင်းသောထုံးနည်း
ပထမဆုံး ရှုပ်ထွေးနေတဲ့ သင့်ရဲ့ဆံပင်တွေကို ခေါင်းဘီးနဲ့ အရင်ရှင်းပါ။ ခေါင်းမလျှော်တဲ့နေ့တွေမှာတော့ ဆံပင်ကရှုပ်ပွနေမယ်ဆိုရင် ပိုနီတေး ပုံစံမြင့်မြင့်စီးလိုက်ပါ။ ပုဝါကို ပုံမှာပြထားတဲ့အတိုင်းခေါက်ပေးပါ။ ခေါက်ပေးပြီးသွားရင် ဆံပင်စီးထားတဲ့အောက်ကနေ bandana ကို ယူလိုက်ပြီးရင် ဆံပင်ရဲ့ရှေ့ထိပ်မှာ ချည်လိုက်ပါ။ မြဲမြံနေအောင်လို့ ၁ခါက် သို့မဟုတ် ၂ခေါက်လို့ ထပ်ချည်ပေးပါ။ ဒါဆိုရင်တော့ စတိုင်ကျစေတဲ့ ခေါင်းစည်းလေးတစ်ခု ဖြစ်သွားပြီပေါ့။ ဆံပင်အတိုနဲ့ရော အရှည်နဲ့ရော ၂ခုလုံးနဲ့ လိုက်ဖက်ပါတယ်။

34

2.Bikerစတိုင်စည်းနည်း
ဒီပုံစံက ရိုးရှင်းပြီးတော့ အမျိုးသားရော အမျိုးသမီးပါ စည်းနိုင်ပါတယ်။ စတိုင်ကျပြီးတော့ သင့်ရဲ့ဆံပင်ကိုလည်း ကာကွယ်ရာရောက်ပါတယ်။ သင့်ရဲ့ဆံပင်တွေကို သပ်ရပ်အောင် ရှင်းလိုက်ပါ။ ပြီးရင်ပုဝါကို တစ်ဝက်လောက်ခေါက်ပါ။ ခေါက်ပေးပြီးရင်တော့ သင့်ရဲ့ခေါင်းတစ်ခုလုံးကို ပတ်လိုက်ပြီး ဆံပင်အနောက်မှာ မြဲမြံအောင် ချည်လိုက်ပါ။ Biker စတိုင်က သင့်ကို ဖက်ရှင်ကျပြီး ကြည့်ကောင်းစေမှာအမှန်ပါပဲ။

5

3.Sweat Band ပုံစံစည်းနည်း
ဆံပင်ကို ပိုနီတေးပုံစံ သို့မဟုတ် နောက်တွဲဆံထုံးပုံစံဖြစ်ဖြစ် ထုံးပါ။ ပြီးရင် ပုဝါကို ပါးနေအောင်ခေါက်ပေးပါ။

6

ပုဝါကို ဆံပင်ပေါ်သို့ ပတ်ပြီး ဦးခေါင်းနောက်တည့်တည့်မှာ မြဲမြံအောင် ချည်လိုက်ပါ။ ဒါဆိုရင်တော့ ဖက်ရှင်ကျစေတဲ့ Sweet Band ပုံစံစည်းနည်းလေးရပါပြီ။

 

 <video ဖြင့်ကြည့်ရန်>

 

 

 

Author:TDA

Read 1812 times
Rate this item
(2 votes)