What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ပြည်တွင်းရှိ ဖက်ရှင်ဝါသနာရှင်များအတွက် Goethe-Institut Myanmar နှင့် Institut français de Birmanie (ပြင်သစ်ယဉ်ကျေးမှုဌာန) တို့ ပူးပေါင်း၍ (၆) လတာ ကြာမြင့်မည့် ဖက်ရှင်သင်တန်းအစီအစဉ်ကို အောက်တိုဘာ (၂၇) ရက် နေ့မှစ၍ ပြုလုပ်သွားမည် ဖြစ်သည်။

 

ပြည်တွင်း အဝတ်အထည်ဈေးကွက်၌ ဖက်ရှင်ဒီဇိုင်းနာအဖြစ် လည်းကောင်း၊ အဝတ်အထည် အမှတ်တံဆိပ်တစ်ခု ဖန်တီးသူအဖြစ်လည်းကောင်း၊ ရပ်တည်လိုသူများအတွက် ဤအစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

အစီအစဉ်တွင် အောက်ပါဘာသာရပ်များကို ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များက စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်သည်။

  • Fashion Design
  • Fashion Business
  • Fashion Illustration
  • Pattern Making, Draping and Sewing
  • Fashion History 
  • Textile

 

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့်…

  • သင့်တင့်သော စက်ချုပ်ပညာ တတ်မြောက်ထားရပါမည်။
  • ပက်တန် (Pattern) ဘာသာရပ်အတွက် အခြေခံအဆင့် တတ်မြောက်ထားရပါမည်။
  • အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့်အထိ တက်ရောက်ဖူးသူ ဖြစ်ရပါမည်။
  • ကိုယ်တိုင်ဖန်တီးထားသော ချုပ်လုပ်မှုဆိုင်ရာ လက်ရာများ၊ ဖန်တီးမှုဆိုင်ရာ လက်ရာများ တင်ပြနိုင်ရပါမည်။ 
  • ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုင်ရာ အကြောင်းအရာများနှင့် ဤအစီအစဉ်တွင် မိမိပါဝင်ရပါက မိမိအတွက် မည်သို့ အကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်းတို့ကို ဖော်ပြ ရှင်းလင်း တင်ပြထားချက်များကို ရေးသားပေးပို့ရန် လိုအပ်ပါမည်။

 

Advertisement

Click Here > Astir Power

 

မြန်မာဘာသာစကားဖြင့်သာ သင်ကြားသွားမည် ဖြစ်ကာ ဖော်ပြပါ အချက်အလက်များသာ လိုအပ်ပြီး အသက်အရွယ်၊ ကျား/မ မည်သည့် ကန့်သတ်ချက်မှ မရှိပါ။ 

 

Portfolio အတွက် အဓိကလိုအပ်ချက်များ

  • ကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ်အထည် (၃) မျိုး (မည်သည့် အမျိုးအစားမဆို အကျုံးဝင်ပါသည်။)
  • Fashion Mood board (၁) ခု
  • Fashion Illustration (၃) ခု

 

ထို့အပြင် အောက်ဖော်ပြပါ ဖန်တီးမှုများလည်း ထပ်ဆောင်း ဖြည့်သွင်း၍ လျှောက်ထားနိုင်သည်။

  • ဖက်ရှင်နှင့် ပတ်သက်သော ဓါတ်ပုံ၊ ဖက်ရှင်လှုပ်ရှားမှု၊ တင်ဆက်ပြသမှုများ (မည်သည့်ဖန်တီးမှုမဆို)
  • သရုပ်ဖော် အနုပညာလက်ရာများ (မည်သည့်ပုံစံဖြင့်မဆို)
  • လက်မှုပညာ ချုပ်လုပ်မှုများ (မည်သည့်ဖန်တီးမှုမဆို)

 

သင်ကြားပေးမည့် ဆရာများ 

  • ဦးစောမြင့်
  • ရွှန်းလက်ပိုင်
  • ဇင်မင်းသိုက်

 

လျှောက်ထားရမည့် ရက်

(၆) အောက်တိုဘာ ၂၀၂၃ မှ (၁၅) အောက်တိုဘာ ၂၀၂၃ ( ည၁၂ နာရီအထိသာ )

 

လျှောက်ထားရန် အီးမေး

This email address is being protected from spambots. You need JavaScript enabled to view it.

 

ပဏာမ ရွေးချယ်ခံရသူများအတွက် လူတွေ့ တွေ့ဆုံမေးမြန်းမည့် ရက်

(၁၉) နှင့် (၂၀) အောက်တိုဘာ ၂၀၂၃

 

လူကိုယ်တိုင် လာရောက်သင်ယူရမည့် သင်တန်းကာလ

(၂၇) အောက်တိုဘာ ၂၀၂၃ မှ (၃၀) ဧပြီ ၂၀၂၄

 

သင်တန်း တည်နေရာများ

Goethe-Institut Myanmar

Corner of Kabar Aye Pagoada Road and Nat Mauk Street, Bahan Township, Yangon, Myanmar, Yangon, Myanmar

Institut français de Birmanie (ပြင်သစ်ယဉ်ကျေးမှုဌာန)

340, Pyay Road, Sanchaung Township, Yangon, Myanmar

Published in Training

ခေတ်အလယ်ပိုင်းလောက်ကတည်းက အထည်ဖြတ်ခြင်း၊ အထည်ချုပ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း စသည့်အလုပ်တို့ကို အမျိုးသားများသာ လုပ်ရတဲ့အလုပ်ဟု ယူဆခဲ့ကြပါတယ်။ အမျိုးသမီးများကတော့ ဒီဇိုင်နာအမျိုးသားများရဲ့ လက်အောက်တွင်သာ အကူအဖြစ်လုပ်ခဲ့ကြရပါတယ်။

Published in Designers

ခေတ်အလယ်ပိုင်းလောက်ကတည်းက အထည်ဖြတ်ခြင်း၊ အထည်ချုပ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း စသည့်အလုပ်တို့ကို အမျိုးသားများသာ လုပ်ရတဲ့အလုပ်ဟု ယူဆခဲ့ကြပါတယ်။ အမျိုးသမီးများကတော့ ဒီဇိုင်နာအမျိုးသားများရဲ့ လက်အောက်တွင်သာ အကူအဖြစ်လုပ်ခဲ့ကြရပါတယ်။

Published in Designers

ဒီဇင်ဘာ (၄)ရက်နေ့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Academy Creative Awards (အာရှအနုပညာဆိုင်ရာ တီထွင်ဖန်တီးမှု အကယ်ဒမီ ဆုချီးမြှင့်ပွဲ) ကို တက်ရောက်ခဲ့ကြသော မြန်မာနိုင်ငံမှကိုယ်စားပြု အနုပညာရှင်များရဲ့ စတိုင်ကျကျ လှပနေသော ပုံရိပ်များကို ဝေမျှပေးလိုက်ပါတယ်နော်...။

Published in Celebrities

ပျိုမေတို့အနေနဲ့ လူအများကြားမှာ ခပ်မိုက်မိုက်ဟန်ပန် ရရှိစေဖို့ styling လုပ်တဲ့အခါမှာ အောင်မြင်နေတဲ့ စူပါမော်ဒယ်တွေရဲ့ Street Styles တွေကို inspiration ယူဖို့ အကောင်းဆုံးပါနော်..။

Published in Fashion

အမြဲတမ်းလိုလို ပုံစံ အလန်းစားတွေ ဖန်တီးနေတဲ့ Rapper အဆိုတော် Cardi B ကတော့ Reebok collection ကြော်ငြာပုံတွေ ထွက်ပေါ် လာခဲ့ပါပြီ။ သူများထက် အမြဲ ထူးနေ ဆန်းနေတတ်တဲ့ Cardi B ကတော့ ဒီ တစ်ခါ Sneaker Collection မှာတော့ Durga ရဲ့ ပုံစံ မျိုး ရိုက်ခဲ့ပါတယ်။

Published in Celebrities

ဖက်ရှင်ဆိုတာက လူတစ်ယောက်ရဲ့ အလှကို ပိုပြီး ထင်ပေါ်အောင် ပံ့ပိုးပေးနိုင်သလိုပဲ ရှိရင်းစွဲ ဆွဲဆောင်မှုကိုတောင် လျော့သွားအောင်လည်း လုပ်နိုင်ပါတယ်။ ဒါကြောင့်ပဲ လူမှာ အဝတ် တောင်းမှာ အကွပ်ဆိုတဲ့ စကားလေးက ဖြစ်ပေါ်လာတာပါ။ တကယ်လို့ ကိုယ်ရွေးချယ်လိုက်တဲ့ ဖက်ရှင်က ကိုယ်နဲ့ လုံးဝ မလိုက်ဖက်ဘူးဆိုရင်တော့ သင့်ရဲ့ရှိရင်းစွဲ အလှလေးကိုပါ ပျောက်သွားစေမှာပါနော်။

Published in Fashion

ယခုနှစ် MTV Video Music Awardsသည် လွန်ခဲ့သောနှစ်များနှင့်နှိုင်းယှဉ်လျှင် အလွန်ကွဲပြားခြားနားသည်။

Published in Celebrities

Hoodieဆိုတာ ဘာလဲလို့ မေးစရာမလိုအောင် လူငယ်လူကြီးကြားမှာ အလွန်ရေပန်းစားတဲ့ အဝတ်အစားတစ်မျိုး ဖြစ်ပါတယ်။

Published in Outfit

သင့်ခန္ဓာကိုယ် အချိုးအစားက ဘယ်လိုပဲရှိနေပါစေ၊ စတိုင်ကျပြီး တင့်တယ်တဲ့အဝတ်အစားတွေက သင့်ကို ယုံကြည်စိတ်ချမှု အပြည့်ခံစားရစေအောင် ပံ့ပိုးပေးနိုင်ပါသည်။

Published in Tips
Page 1 of 9

Search Articles