What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် (အခမဲ့) အ‌ခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

အမျိုးသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) အမျိုးသမီးစင်တာမှာ အခြေခံစက်ချုပ်သင်တန်း အခမဲ့တက်ရောက်နိုင်တယ်လို့ အမျိုးသမီးကော်မတီ ဉက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။

အခြေခံစက်ချုပ်သင်တန်းကို CTUM အဖွဲ့ဝင် မဟုတ် သူတွေပါ တက်ရောက်နိုင်မှာဖြစ်ပြီး အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်မှု မရှိဘူးလို့ သိရပါတယ်။

 

“သင်တန်းဖွင့်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရစေချင်လို့ပါ။ စက်ရုံတွေကလည်း စက်ချုပ်အခြေခံရှိမှ အလုပ်ခေါ်တာဆိုတော့ ဒီသင်တန်းက အလုပ်ရဖို့ အထောက် အကူ ဖြစ်စေမှာပါ။ ဘယ်သူမဆို တက်လို့ရပါတယ်။ အခမဲ့ပါ။ ဘာထောက်ခံစာမှ မလိုပါဘူး”လို့ က‌ ‌ပြောပါတယ်။

 

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့် တိုင်းနှင့်ပြည်နယ် အသီးသီးက ရွှေ့ပြောင်းလုပ်သား အများစုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် လာရောက်လုပ်ကိုင်နေကြပြီး စက်မှုကဏ္ဍမှာ အများဆုံး ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

 

“အပြင်မှာ စက်ချုပ်သင်မယ်ဆို နှစ်သောင်းကျော်တော့ ကုန်မှာပဲ။ အလုပ်က မရသေးဘူး သင်တန်းကြေး ထပ်ကုန်ရမယ်ဆို အဆင်မပြေဘူးလေ။ အဲဒါကြောင့် အခမဲ့သင်တန်းတွေတက်ရတော့ အဆင်ပြေတာပေါ့”လို့ သင်တန်းတက်ရောက်နေသူ မသန်းသန်းရွှေက ပြောပါတယ်။

 

ဒီသင်တန်းတွေကို အလုပ်အကိုင်အသစ် ရှာဖွေလိုသူတွေ၊ စက်ချုပ်သင်တန်း တက်ရောက်နိုင်ဖို့ ငွေကြေး အခက်အခဲရှိသူတွေနဲ့ အခြေခံ စက်ချုပ်ပညာ တက်ရောက်လိုသူတိုင်း ချိတ်ဆက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူတွေအနေနဲ့ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ယာ၊ ကျန်စစ်သားလမ်းမှာရှိတဲ့ ခြံအမှတ် အေ(၁၇၄) မှာ လာရောက်မေးမြန်းနိုင်သလို Hotline ဖုန်းနံပါတ် ၀၉-၇၈၅၅၇၄၁၂၇ ကိုလည်း ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

 

Myanmar Textile & Garment Guide

#CTUM (Woman Center)

Read 1537 times
Rate this item
(0 votes)