What's new

×

Warning

JUser: :_load: Unable to load user with ID: 845


AMG (1) အထည်ချုပ်စက်ရုံ အလုပ်သမားများကို ကျပ်(၅)သောင်းဖြင့် COVID ကာကွယ်ဆေးထိုးရန် စက်ရုံဘက်မှ စာရင်းကောက်ခံနေ

AMG (1) အထည်ချုပ်စက်ရုံ အလုပ်သမားများကို ကျပ်(၅)သောင်းဖြင့် Covid ကာကွယ်ဆေးထိုးရန် စက်ရုံဘက်မှ စာရင်းကောက်ခံနေကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။ ယင်းစက်ရုံတွင် လုပ်သားအင်အား တစ်ထောင်ကျော်ရှိသော်လည်း ကာကွယ်ဆေးထိုးရန် နာမည်စာရင်းပေးသည့် အလုပ်သမား ဆယ်ဂဏန်းသာ ရှိကြောင်း သိရသည်။


“အလုပ်သမားတွေက ငါးသောင်းအကုန်ခံပြီး ကာကွယ်ဆေးမထိုးနိုင်ပါဘူး။ စက်ရုံဘက်က နှစ်သောင်းခွဲနှစ်ခါပေး လို့ရတယ်ဆိုပေမယ့် မထိုးကြဘူး။ အစက Superတွေ၊ Leaderတွေက စက်တန်းအလိုက် အသိပေးတုန်းက မဖြစ် မနေ ထိုးရမယ့်ပုံစံပြောတယ်။ စာရွက်နဲ့ စာရင်းလာကောက်တော့ ကာယကံရှင်သဘောပါ ဖြစ်သွားတယ်။ ကာကွယ်ဆေးထိုးမယ့်သူက တော်တော်နည်းနေတော့ သူတို့ဘာဆက်လုပ်မလဲ မသိဘူး” ဟု အလုပ်သမားတစ်ဦး က ပြောသည်။
စက်ရုံတွင်း ကိုယ်ပိုင်ငွေကြေးဖြင့် ကာကွယ်ဆေးထိုးရန် စာရင်းကောက်ခံနေ‌သော်လည်း ဆေးထိုးရမည့်အချိန်ကို အသိပေးခြင်းမရှိသေးပေ။ စက်ရုံတာဝန်ရှိသူများက ကိုဗစ်ကာကွယ်ဆေးထိုးရန် တိုက်တွန်မှုများရှိနေသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျလုပ်ဆောင်မှု အားနည်းနေကြောင်း သိရသည်။
“မက်စ်ပေးတဲ့ပုံစံလည်း စနစ်တကျ မရှိဘူး။ ပေးချင်သလိုပေးတယ်။ အပူချိန်တိုင်းတာလည်း မရှိဘူး။ အလုပ်ထဲ မှာလည်း တစ်ယောက်နဲ့တစ်ယောက် သုံးပေလောက်တောင် မကွာဘူး။ လက်ဆေးဆပ်ပြာလည်း စနစ်တကျထား ပေးတာ မရှိဘူး။ ဖယ်ရီတွေပေါ်မှာလည်း ပြည့်သိပ်နေတာပဲ”ဟု ၎င်းက ပြောသည်။
အဆိုပါစက်ရုံတွင် ဇူလိုင်(၇)ရက်အထိ ကိုဗစ်အတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း လက်ရှိအချိန်တွင် ကူးစက်နှုန်းမြင့်တက်လာခြင်းကြောင့် အလုပ်သမားများက စိုးရိမ်မှုများရှိနေကြသည်။ ထို့အပြင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ အလုပ်သမားများ၏ ဥပ‌ဒေပါရပိုင်ခွင့်များကို စက်ရုံဘက်က ချိုးဖောက်မှုများရှိနေကြောင်းလည်း စက်ရုံအလုပ်သမားများထံမှ သိရသည်။

Source: Industrial Workers' Federation Of Myanmar-IWFM

Read 818 times
Rate this item
(0 votes)