What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချည်မျှင်နှင့် အထည်ချုပ် လုပ်ငန်း ကဏ္ဍ အပါအဝင် အခြား ကိစ္စရပ်များအား အကူအညီ ပေးမည့် FABRIC ပရောဂျက် စတင် ဆွေးနွေး

ချည်မျှင်နှင့် အထည်ချုပ် လုပ်ငန်း ကဏ္ဍ အပါအဝင် အခြား ကိစ္စရပ်များအား အကူအညီ ပေးမည့် FABRIC ပရောဂျက် စတင် ဆွေးနွေး google

မြန်မာနိုင်ငံချည်မျှင်နှင့် အထည်ချုပ် လုပ်ငန်း ကဏ္ဍတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အသုံးပြုနိုင်ရေး အပါအဝင် သဘာဝ ပတ်ဝန်းကျင်

ရေရှည်တည်တံ့ရေး ကိစ္စရပ်များအား ထည့်သွင်းစဉ်းစားသည့် စီးပွားရေးအလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး အကူအညီပေးမည့် FABRIC ပရောဂျက်အား အကောင်အထည်ဖော်နိုင်ရန် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရသည်။

Read:3th Indonesia Fashion Week 2019 ပြပွဲတွင် သွားရောက် ယှဉ်ပြိုင် ခဲ့တဲ့ မြန်မာ ဒီဇိုင်နာ မေမြတ်ဝါဆို

အဆိုပါ Forstering and Advancing Substainable Business and Responsible Industrial Pratices in Clothing Industry in Asia (FABRIC) ပရောဂျက်အား ဂျာမနီနိုင်ငံအခြေစိုက် GIZ အဖွဲ့မှ အကောင်အထည်ဖော်မည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ စသည့် နိုင်ငံခြောက်ခုတွင် ပြုလုပ် သွားမည် ဖြစ်သည်။ ပရောဂျက်လုပ်ငန်းစဉ်မှာ ကောင်းမွန်သော လုပ်ငန်းခွင်များ(အလုပ်နေရာ) ဖန်တီးပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုသော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေးအတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် အလုပ်သမား အဖွဲ့အစည်းများ စသည်တို့ကို ကူညီထောက်ပံ့ပေးရန် ဖြစ်ကြောင်း သိရသည်။ အာရှဒေသတွင်းရှိ အထည်အလိပ်လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံများကြားတွင် ကွန်ရက်တစ်ခုအဖြစ် ချိတ်ဆက်ပေးမည် ဖြစ်ပြီး အသိပညာမျှဝေခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန် ကူညီပေးမည်ဖြစ်ကာ ပရောဂျက်ကာလမှာ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ ဖြစ်သည်။


အဆိုပါ FABRIC ပရောဂျက်မိတ်ဆက်ပွဲအား ဧပြီ ၃ ရက်တွင် မြန်မာနိုင်ငံ အထည်အလိပ် ထုတ်လုပ်သူများအသင်း၊ GIZ၊ SMART Myanmar နှင့် H & M တို့မှ ဦးဆောင်ကျင်းပခဲ့ပြီး Spirax Sarco၊ Mandalay Yoma၊ Myanmar၊ Biomass Power၊ Indigo Energy၊ SUSTENT၊ Forbes၊ Marshall နှင့် AYA Bank တို့မှ ပြန်လည် ပြည့်ဖြိုးစွမ်းအင်နှင့် သက်ဆိုင်သည့် ထုတ်ကုန်၊ လုပ်ငန်းများကို မိတ်ဆက်ခဲ့သည်။

Source: Daily Eleven

Read 1267 times
Rate this item
(1 Vote)