What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘယ္နယ္ကလဲ

zaw+ uni ၿမိဳ႕ျပရဲ႕ စက္မႈလုပ္ငန္းကုိ စြမ္းအားေတြ ျဖည့္ဆည္းေပးေနတာ ေက်းလက္ေဒသ ရြာမ်ားမွ ငယ္ရြယ္သူ အမ်ဳိးသမီးေတြလုိ႔

A Baseline Survey Of Yangon’s Garment Sector Workforce စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ရန္ကုန္ၿမိဳ႕မွာ တည္ရွိတဲ့ ေရႊျပည္သာ စက္မႈဇုန္နဲ႔ လိႈင္သာယာ စက္မႈဇုန္တုိ႔မွာ လုပ္ေဆာင္ခဲ့တဲ့ အဆုိပါ စစ္တမ္းမွာ ေယဘုယ် နမူနာ အျဖစ္ အထည္ခ်ဳပ္သမတစ္ဦးကုိ သ႐ုပ္ေဖာ္ေပးထားပါတယ္။

အထည္ခ်ဳပ္သမေတြမွာ အမ်ားစုရဲ႕ အသက္အပုိင္းအျခားက ၁၉ ႏွစ္မွ ၂၁ ႏွစ္အထိ ျဖစ္ပါတယ္။ နမူနာပုံစံအျဖစ္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္တုန္းက ရန္ကုန္ၿမိဳ႕သုိ႔ ေရာက္ရွိလာၿပီး အထည္ခ်ဳပ္က႑မွာ ၀င္ေရာက္လုပ္ကုိင္ခဲ့တဲ့ အထည္ခ်ဳပ္သမတစ္ဦးကုိ သ႐ုပ္ေဖာ္ျပထားတယ္။ သူမဟာ ဗမာလူမ်ဳိးတစ္ဦးျဖစ္ၿပီး ဗမာစကားဟာ သူမ စကားတတ္စမွာ ေျပာဆုိခဲ့တဲ့ ဘာသာစကား ျဖစ္ပါတယ္။ စာေရးတတ္ဖတ္တတ္သူ ျဖစ္ၿပီး ပညာေရးကုိ စတုတၳတန္းအထိ သင္ယူခဲ့ပါတယ္။ တစ္နည္းေျပာရရင္ မူလတန္းပညာေရး ၿပီးဆုံးခဲ့သူ ျဖစ္ပါတယ္။

[ျမန္မာႏုိင္ငံ အထည္ခ်ဳပ္က႑ဟာ မူလတန္းအဆင့္နဲ႔ အလယ္တန္းအဆင့္အထိသာ ပညာသင္ယူခဲ့ရတဲ့ အမ်ဳိးသမီးေတြအတြက္ အလုပ္အကုိင္ အခြင့္အလမ္းေတြ ေပးေနတဲ့ က႑တစ္ခု ျဖစ္ပါတယ္။ ေဆာက္လုပ္ေရးက႑ဟာလည္း အလားတူ အခြင့္အလမ္းေပးေပမဲ့ လုပ္ငန္းခြင္ အေျခအေနက ၾကမ္းတမ္းပါတယ္။]

garment from where

garment demographic

သူမက ရန္ကုန္တုိင္းေဒသႀကီးနဲ႔ ထိစပ္ေနတဲ့ ဧရာ၀တီတုိင္းေဒသႀကီးမွ ေရာက္ရွိလာသူ ျဖစ္ပါတယ္။ သူမရဲ႕ အေပါင္းအသင္းေတြမွာ အမ်ားအျပားတုိ႔ဟာ ပဲခူးတုိင္းေဒသႀကီးနဲ႔ ရခုိင္ျပည္နယ္တုိ႔မွ ေရာက္ရွိလာၾကသူေတြ ျဖစ္ပါတယ္။
သူမဟာ အိမ္ေထာင္မရွိသူတစ္ဦး ျဖစ္ၿပီး လုပ္ေဖာ္ကုိင္ဖက္ အေပါင္းအသင္းေတြနဲ႔အတူ ေနထုိင္ပါတယ္။ သူမနဲ႔ တစ္၀မ္းကြဲေတာ္စပ္သူ တစ္ဦးလည္း သူမနဲ႔အတူ ေနထုိင္ပါတယ္။
သူမကုိ ျပည္ပလုပ္ငန္းပုိင္ အထည္ခ်ဳပ္စက္႐ုံမွ စက္ခ်ဳပ္သမအျဖစ္ အလုပ္ခန္႔ပါတယ္။ ျပည္ပလုပ္ငန္းပုိင္ အထည္ခ်ဳပ္စက္႐ုံမွာ ၀င္ေရာက္လုပ္ကုိင္ခဲ့တာ ဘာလုိ႔လဲဆုိေတာ့
ပုံမွန္လစာေကာင္းေကာင္းကုိ ရတယ္။ ႐ုပ္ခႏၶာ ပင္ပန္းၿပီး လက္ပန္းက်တဲ့အထိ လုပ္ခုိင္းတာ မရွိဘူး။ စိတ္ညစ္ၿပီး တစ္ေန႔တာ ကုန္ဆုံးေစရတဲ့ေနရာ မဟုတ္ဘူး။
သူမက တစ္ပတ္မွာ ၆ ရက္ အလုပ္ဆင္းရတယ္။ တနဂၤေႏြတစ္ရက္ နားခြင့္ရတယ္။
ဒီအထည္ခ်ဳပ္စက္႐ုံမွာ လုပ္ကုိင္ခဲ့တာ တစ္ႏွစ္နီးပါး ရွိၿပီ။ တကယ္လုိ႔ အလုပ္ထြက္ၿပီး တျခားအထည္ခ်ဳပ္စက္႐ုံမွာ အလုပ္ေျပာင္းလုပ္မယ္ဆုိရင္ အခုစက္႐ုံမွာထက္ အေျခခံလစာ ပုိေကာင္းတဲ့ဆီကုိပဲ ေျပာင္းဖုိ႔စိတ္ကူးရွိတယ္။ သူမမွာ စက္႐ုံကေပးတဲ့ အလုပ္သမားကတ္ကုိ ရထားေပမဲ့ စက္႐ုံက အလုပ္ခန္႔တဲ့ သေဘာတူစာခ်ဳပ္ကုိ မိတၱဴ မေပးဘူး။ လက္ရွိရာထူးတာ၀န္ကုိ ခန္႔အပ္ထားေၾကာင္း အတည္ျပဳေပးထားတဲ့ စာလည္း မရဘူး။
အထည္ခ်ဳပ္မွာ သူမ ရရွိထားတဲ့ အလုပ္က တျခားဟာေတြနဲ႔ ႏိႈင္းစာရင္ ပုိေကာင္းတယ္လုိ႔ သူမ ထင္ေပမဲ့ စက္႐ုံမွာ လုပ္ရတဲ့ဘ၀ဟာ လြယ္ေတာ့ မလြယ္ဘူး။
နားခ်ိန္ကုိ ကန္႔သတ္ထားတယ္။ အထက္လူက ဆူတာကုိ မၾကာခဏ ခံရတယ္။ လုိင္းစူပါကလည္း မၾကာခဏ ဆူတယ္။ အခုလုိ ဆူပူႀကိမ္းေမာင္းခံရတာ တစ္ခါတေလမွာေတာ့ လြန္လြန္းတယ္လုိ႔ သူမ စိတ္မွာ ခံစားမိတယ္။ ႏႈတ္အားျဖင့္ ေစာ္ကားခံရသလုိ ျဖစ္ေနတယ္။ ႐ုပ္အားျဖင့္ ေစာ္ကားတာ၊ အမ်ဳိးသမီးတစ္ဦး ျဖစ္ေနလုိ႔ လိင္အလုိအရ ေစာ္ကားတာမ်ဳိးေတြေတာ့ သူမ မႀကံဳရဘူး။ တကယ္လုိ႔ ပုိျပင္းထန္တဲ့ ေစာ္ကားပုံကုိ သူမ ႀကံဳရရင္ စက္႐ုံမွာ တုိင္တန္းဖုိ႔ လုပ္ထုံးလုပ္နည္း မရွိတဲ့အတြက္ စုိးရိမ္မိတယ္။
ဒီအလုပ္ကုိ ဘယ္လုိ ရခဲ့သလဲ။ သူမနဲ႔ တစ္ရြာတည္းေနတဲ့သူက သူမထက္ တစ္ႏွစ္ေစာၿပီး ရန္ကုန္ကုိ ေရာက္တယ္။ အဲဒီ တစ္ရြာတည္းေနသူရဲ႕ အဆက္အသြယ္ျဖင့္ ဒီအလုပ္ကုိ သူမ ရရွိခဲ့တယ္။
အခုေတာ့ သူမမွာလည္း ကုိယ္ပုိင္အဆက္အသြယ္ေတြ ရွိေနပါၿပီ။ ရန္ကုန္မွာ အသိ အဆက္အသြယ္ေတြကေနတစ္ဆင့္ အလုပ္ရွာမယ္ဆုိရင္ ရွာလုိ႔ရေနၿပီ။
အလုပ္သစ္ ရရွာရင္ သူမအေနျဖင့္ အေရးႀကီးတယ္လု႔ိ သတ္မွတ္တာက အေျခခံလစာ ျဖစ္ပါတယ္။ မန္ေနဂ်ာေကာင္းေတြ ရွိဖုိ႔ကလည္း အေရးႀကီးပါတယ္။
ကၽြမ္းက်င္မႈ စစ္ေဆးတာမွာ သူမ လုပ္ျပႏုိင္ရင္ အလုပ္ရဖုိ႔ လြယ္ပါတယ္။ ဘယ္စက္႐ုံမွာျဖစ္ျဖစ္ အလုပ္ရဖုိ႔ ျမန္ဆန္မွာ ျဖစ္ပါတယ္။
အလုပ္သစ္ရဖုိ႔ မခဲယဥ္းေပမဲ့ လက္ရွိလုပ္ကုိင္ေနတဲ့ စက္႐ုံမွာ သူမ ေပ်ာ္တယ္။ ဒီေတာ့ အလုပ္ထြက္ဖုိ႔ စိတ္ကူးမရွိေသးဘူး။
အလုပ္သမားသမဂၢေတြအေၾကာင္း သူမ ၾကားသိထားတယ္။ စီမံခန္႔ခြဲမႈအပုိင္းနဲ႔ ေဆြးေႏြးညိႇႏႈိင္းတဲ့အခါ အလုပ္သမားေတြကုိ ကုိယ္စားျပဳေပးတယ္ဆုိတာ သူမ သိထားတယ္။ ဒါေပမဲ့ သူတုိ႔အေၾကာင္း အဲဒါထက္ပုိၿပီး မ်ားမ်ားစားစား ဘာမွ မသိဘူး။
သူမ လုပ္ကို္င္တဲ့ စက္႐ုံမွာ သမဂၢမွ တစ္ဦးတစ္ေယာက္မွ မရွိဘူး။ သူမထက္ လုပ္သက္ပုိမ်ားတ့ဲသူေတြမွာ တခ်ဳိ႕က သမဂၢအေၾကာင္း ေျပာဆုိၾကတာေလာက္ပဲ သူမ ၾကားသိထားတယ္။ သူမဟာ သမဂၢ အဖြဲ႕၀င္ မဟုတ္ဘူး။ သမဂၢ၀င္ဖုိ႔လည္း မေသခ်ာဘူး။ ဘာလုိ႔လဲဆုိေတာ့ သူမမွာ အလုပ္ခ်ိန္ျပင္ပ အအားရတဲ အခ်ိန္က နည္းနည္းေလးျဖစ္ေနတယ္။ ဒါေပမဲ့ အလုပ္သမားေတြမွာ ျပႆနာ ရွိလာတဲ့အခါ စက္႐ုံပိုင္ရွင္ဘက္နဲ႔ ရင္ဆုိင္ေျပာဆုိ ေဆြးေႏြးတဲ့အခါမွာ သူမရဲ႕ စက္႐ုံမွာ ဘယ္သူေတြက အလုပ္သမားေတြကုိ ကုိယ္စားျပဳမလဲဆုိတာကုိ မဲေပးၿပီး ေရြးခ်ယ္တဲ့အခါမွာ သူမရဲ႕ လုိင္းမွ အျခားအလုပ္သမေတြနဲ႔အတူ သူမ မဲေပးခဲ့ပါတယ္။

စစ္တမ္းၿခံဳငုံတင္ျပခ်က္ ဖတ္႐ႈရန္လင့္ခ္

ရန္ကုန္ အထည္ခ်ဳပ္ေလာက စစ္တမ္းထြက္ေပၚ

လစာနဲ႔ အခ်ိန္ပုိလုပ္ခအေၾကာင္း

uni

ဘယ်နယ်ကလဲ
========
မြို့ပြရဲ့ စက်မှုလုပ်ငန်းကို စွမ်းအားတွေ ဖြည့်ဆည်းပေးနေတာ ကျေးလက်ဒေသ ရွာများမှ ငယ်ရွယ်သူ အမျိုးသမီးတွေလို့ A Baseline Survey Of Yangon’s Garment Sector Workforce စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာ တည်ရှိတဲ့ ရွှပြေည်သာ စက်မှုဇုန်နဲ့ လှိုင်သာယာ စက်မှုဇုန်တို့မှာ လုပ်ဆောင်ခဲ့တဲ့ အဆိုပါ စစ်တမ်းမှာ ယေဘုယျ နမူနာ အဖြစ် အထည်ချုပ်သမတစ်ဦးကို သရုပ်ဖော်ပေးထားပါတယ်။

အထည်ချုပ်သမတွေမှာ အများစုရဲ့ အသက်အပိုင်းအခြားက ၁၉ နှစ်မှ ၂၁ နှစ်အထိ ဖြစ်ပါတယ်။ နမူနာပုံစံအဖြစ် လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အထည်ချုပ်ကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ အထည်ချုပ်သမတစ်ဦးကို သရုပ်ဖော်ပြထားတယ်။ သူမဟာ ဗမာလူမျိုးတစ်ဦးဖြစ်ပြီး ဗမာစကားဟာ သူမ စကားတတ်စမှာ ပြောဆိုခဲ့တဲ့ ဘာသာစကား ဖြစ်ပါတယ်။ စာရေးတတ်ဖတ်တတ်သူ ဖြစ်ပြီး ပညာရေးကို စတုတ္ထတန်းအထိ သင်ယူခဲ့ပါတယ်။ တစ်နည်းပြောရရင် မူလတန်းပညာရေး ပြီးဆုံးခဲ့သူ ဖြစ်ပါတယ်။

[မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍဟာ မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့်အထိသာ ပညာသင်ယူခဲ့ရတဲ့ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနေတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍဟာလည်း အလားတူ အခွင့်အလမ်းပေးပေမဲ့ လုပ်ငန်းခွင် အခြေအနေက ကြမ်းတမ်းပါတယ်။]

သူမက ရန်ကုန်တိုင်းဒေသကြီးနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးမှ ရောက်ရှိလာသူ ဖြစ်ပါတယ်။ သူမရဲ့ အပေါင်းအသင်းတွေမှာ အများအပြားတို့ဟာ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှ ရောက်ရှိလာကြသူတွေ ဖြစ်ပါတယ်။
သူမဟာ အိမ်ထောင်မရှိသူတစ်ဦး ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေနဲ့အတူ နေထိုင်ပါတယ်။ သူမနဲ့ တစ်ဝမ်းကွဲတော်စပ်သူ တစ်ဦးလည်း သူမနဲ့အတူ နေထိုင်ပါတယ်။
သူမကို ပြည်ပလုပ်ငန်းပိုင် အထည်ချုပ်စက်ရုံမှ စက်ချုပ်သမအဖြစ် အလုပ်ခန့်ပါတယ်။ ပြည်ပလုပ်ငန်းပိုင် အထည်ချုပ်စက်ရုံမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဘာလို့လဲဆိုတော့
ပုံမှန်လစာကောင်းကောင်းကို ရတယ်။ ရုပ်ခန္ဓာ ပင်ပန်းပြီး လက်ပန်းကျတဲ့အထိ လုပ်ခိုင်းတာ မရှိဘူး။ စိတ်ညစ်ပြီး တစ်နေ့တာ ကုန်ဆုံးစေရတဲ့နေရာ မဟုတ်ဘူး။
သူမက တစ်ပတ်မှာ ၆ ရက် အလုပ်ဆင်းရတယ်။ တနင်္ဂေနွတစ်ရက် နားခွင့်ရတယ်။
ဒီအထည်ချုပ်စက်ရုံမှာ လုပ်ကိုင်ခဲ့တာ တစ်နှစ်နီးပါး ရှိပြီ။ တကယ်လို့ အလုပ်ထွက်ပြီး တခြားအထည်ချုပ်စက်ရုံမှာ အလုပ်ပြောင်းလုပ်မယ်ဆိုရင် အခုစက်ရုံမှာထက် အခြေခံလစာ ပိုကောင်းတဲ့ဆီကိုပဲ ပြောင်းဖို့စိတ်ကူးရှိတယ်။ သူမမှာ စက်ရုံကပေးတဲ့ အလုပ်သမားကတ်ကို ရထားပေမဲ့စက်ရုံက အလုပ်ခန့်တဲ့ သဘောတူစာချုပ်ကို မိတ္တူ မပေးဘူး။ လက်ရှိရာထူးတာဝန်ကို ခန့်အပ်ထားကြောင်း အတည်ပြုပေးထားတဲ့ စာလည်း မရဘူး။
အထည်ချုပ်မှာ သူမ ရရှိထားတဲ့ အလုပ်က တခြားဟာတွေနဲ့ နှိုင်းစာရင် ပိုကောင်းတယ်လို့ သူမ ထင်ပေမဲ့ စက်ရုံမှာ လုပ်ရတဲ့ဘဝဟာ လွယ်တော့ မလွယ်ဘူး။
နားချိန်ကို ကန့်သတ်ထားတယ်။ အထက်လူက ဆူတာကို မကြာခဏ ခံရတယ်။ လိုင်းစူပါကလည်း မကြာခဏ ဆူတယ်။ အခုလို ဆူပူကြိမ်းမောင်းခံရတာ တစ်ခါတလေမှာတော့ လွန်လွန်းတယ်လို့ သူမ စိတ်မှာ ခံစားမိတယ်။ နှုတ်အားဖြင့် စော်ကားခံရသလို ဖြစ်နေတယ်။ ရုပ်အားဖြင့် စော်ကားတာ၊ အမျိုးသမီးတစ်ဦး ဖြစ်နေလို့ လိင်အလိုအရ စော်ကားတာမျိုးတွေတော့ သူမ မကြုံရဘူး။ တကယ်လို့ ပိုပြင်းထန်တဲ့ စော်ကားပုံကို သူမ ကြုံရရင် စက်ရုံမှာ တိုင်တန်းဖို့ လုပ်ထုံးလုပ်နည်း မရှိတဲ့အတွက် စိုးရိမ်မိတယ်။
ဒီအလုပ်ကို ဘယ်လို ရခဲ့သလဲ။ သူမနဲ့ တစ်ရွာတည်းနေတဲ့သူက သူမထက် တစ်နှစ်စောပြီး ရန်ကုန်ကို ရောက်တယ်။ အဲဒီ တစ်ရွာတည်းနေသူရဲ့ အဆက်အသွယ်ဖြင့် ဒီအလုပ်ကို သူမ ရရှိခဲ့တယ်။
အခုတော့ သူမမှာလည်း ကိုယ်ပိုင်အဆက်အသွယ်တွေ ရှိနေပါပြီ။ ရန်ကုန်မှာ အသိ အဆက်အသွယ်တွေကနေတစ်ဆင့် အလုပ်ရှာမယ်ဆိုရင် ရှာလို့ရနပြေီ။
အလုပ်သစ် ရရှာရင် သူမအနဖြေင့် အရေးကြီးတယ်လို့ သတ်မှတ်တာက အခြေခံလစာ ဖြစ်ပါတယ်။ မန်နေဂျာကောင်းတွေ ရှိဖို့ကလည်း အရေးကြီးပါတယ်။
ကျွမ်းကျင်မှု စစ်ဆေးတာမှာ သူမ လုပ်ပြနိုင်ရင် အလုပ်ရဖို့ လွယ်ပါတယ်။ ဘယ်စက်ရုံမှာဖြစ်ဖြစ် အလုပ်ရဖို့ မြန်ဆန်မှာ ဖြစ်ပါတယ်။
အလုပ်သစ်ရဖို့ မခဲယဉ်းပေမဲ့ လက်ရှိလုပ်ကိုင်နေတဲ့ စက်ရုံမှာ သူမ ပျော်တယ်။ ဒီတော့ အလုပ်ထွက်ဖို့ စိတ်ကူးမရှိသေးဘူး။
အလုပ်သမားသမဂ္ဂတွေအကြောင်း သူမ ကြားသိထားတယ်။ စီမံခန့်ခွဲမှုအပိုင်းနဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါ အလုပ်သမားတွေကို ကိုယ်စားပြုပေးတယ်ဆိုတာ သူမ သိထားတယ်။ ဒါပေမဲ့ သူတို့အကြောင်း အဲဒါထက်ပိုပြီး များများစားစား ဘာမှ မသိဘူး။
သူမ လုပ်ကို်င်တဲ့ စက်ရုံမှာ သမဂ္ဂမှ တစ်ဦးတစ်ယောက်မှ မရှိဘူး။ သူမထက် လုပ်သက်ပိုများတဲ့သူတွေမှာ တချို့က သမဂ္ဂအကြောင်း ပြောဆိုကြတာလောက်ပဲ သူမ ကြားသိထားတယ်။ သူမဟာ သမဂ္ဂ အဖွဲ့ဝင် မဟုတ်ဘူး။ သမဂ္ဂဝင်ဖို့လည်း မသေချာဘူး။ ဘာလို့လဲဆိုတော့ သူမမှာ အလုပ်ချိန်ပြင်ပ အအားရတဲ အချိန်က နည်းနည်းလေးဖြစ်နေတယ်။ ဒါပေမဲ့ အလုပ်သမားတွေမှာ ပြဿနာ ရှိလာတဲ့အခါ စက်ရုံပိုင်ရှင်ဘက်နဲ့ ရင်ဆိုင်ပြောဆို ဆွေးနွေးတဲ့အခါမှာ သူမရဲ့ စက်ရုံမှာ ဘယ်သူတွေက အလုပ်သမားတွေကို ကိုယ်စားပြုမလဲဆိုတာကို မဲပေးပြီး ရွေးချယ်တဲ့အခါမှာ သူမရဲ့ လိုင်းမှ အခြားအလုပ်သမတွေနဲ့အတူ သူမ မဲပေးခဲ့ပါတယ်။

စစ်တမ်းခြုံငုံတင်ပြချက် ဖတ်ရှုရန်လင့်ခ်

ရန်ကုန် အထည်ချုပ်လောက စစ်တမ်းထွက်ပေါ်


လစာနဲ့ အချိန်ပိုလုပ်ခအကြောင်း

 

 

garment from where

garment demographic

Read 995 times
Rate this item
(0 votes)