ကမ္ဘာ့အထည်ချုပ်လုပ်ငန်းဟာ အချိန်နှင့် တပြေးညီတိုးတက်ပြောင်းလဲနေသည်။ သုတေသနတွေ့ရှိချက်တွေအရ
မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှစ၍ အလျှင်အမြန် တိုးတက်လာကြောင်း သိရှိရသည်။ ထို့ပြင် အရှေ့တောင်အာရှ၏ အထည်ချုပ်လုပ်ငန်းကိုပါ လွှမ်းမိုးနိုင်လာကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ငါးနှစ်အချိန်အတိုင်းအတာအတွင်း နိုင်ငံရေးနှင့် စီးပွားရေးအခွင့်အလမ်းများစွာ ပွင့်လာပြီး ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်ပြင်းစွာနှင့် တိုးတက်ပြောင်းလဲခဲ့ကြောင်း သိရပါသည်။
ထို့ပြင် ၂၀၁၂ တွင် အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုကင်းလွတ်ခွင့်ရခဲ့ပြီး ပို့ကန်ုနှုန်းလည်း ပိုမိုမြင့်တက်လာခဲ့သည်။ ထိုအချက်များက ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သ်။
၂၀၁၄ ခုနှစ်လည်မှစ၍ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံသို့ အထည်ချုပ်ပို့ကုန်ပိုမိုများပြားလာခဲ့ပြီး မြန်မာ့အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်အရေအတွက် စုစုပေါင်း၏ သုံးဆအထိ ထပ်မံပို့သွင်းခဲ့သည်။ မြန်မာနိုင်ငံ၏ အထည်အလိပ်ပို့ကုန်ရာခိုင်နှုန်း ၂၆.၅% မှ ၂၇.၄% အထိ တိုးမြှင့်ခဲ့သ်။
၂၀၁၅ ခုနှစ်တွင် မြန်မာအစိုးရမှ National Export Strategy (NES) ငါးနှစ်စာစီမံကိန်းတွင် ပို့ကုန်အရအတွက် ဖြည့်တင်းရန်ရေးဆွဲခဲ့ပြီး မြန်မာ့အထည်ချုပ်လုပ်ငန်းကို များစွာ အထောက်အကူပြုခဲ့်သည်။ ရှေ့လာမည့် ငါးနှစ်အတွင်းတွင်လည်း ပို့ကုန်တန်ဖိုး ဆက်လက်မြှင့်တင်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။
Source: MICRO - PAK