What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှု (၉)ရုံ ရှိပြီး (၅၈)ရုံ အသစ်ဖွင့်လှစ်

နေပြည်တော်၊ စက်တင်ဘာ ၂၃-အနည်းဆုံး လုပ်ခ လစာ ကျပ် ၄၈ဝဝ သတ်မှတ်ပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံတွေအနက် ပိတ်သိမ်းခဲ့တဲ့ စက်ရုံပေါင်း ကိုးရုံရှိတယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ပိတ်သိမ်းလိုက် တဲ့ စက်ရုံတွေက တော့ အထည်ချုပ် စက်ရုံနဲ့ မုန့်လုပ်ငန်း လုပ် တဲ့ စက်ရုံတွေပါတယ်။ ပိတ်သိမ်းရတဲ့ အဓိကအကြောင်း ရင်းတွေ ကတော့ ကုန် ကြမ်းလုံလောက်အောင် မရရှိခြင်းနဲ့ ဈေး နှုန်းမြင့်မားတဲ့အတွက် ဝယ်ယူဖို့ ခက်ခဲ ခြင်း၊ အော်ဒါ အပ် နှံသူတွေက   အော်ဒါ ကြေးတိုးမပေးတာ၊ အမှာစာ ရရှိမှုနည်း တာ စတဲ့ အချက်တွေ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တစ် ဖက် မှာ အ သစ် ဖွင့်လှစ်တဲ့ စက်ရုံ ပေါင်း ကတော့ ၅၈ ရုံ ရှိတယ်လို့ သိရပါတယ်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းက “အပြင်မှာ ကြားနေတာကတော့ အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ပြဋ္ဌာန်းလိုက်လို့ စက်ရုံတွေ အများကြီးပိတ်လိုက်ရတယ်ဆိုတာတွေမှာ တကယ်က ကိုးရုံပဲ ပိတ်ထားပြီး အ ထည်ချုပ်လို စက်ရုံတွေ အများကြီးဖွင့်လာတာ တွေ့ရပါတယ်၊ ဒါကို သိသာမြင်သာ အောင် ချပြတာပါ”လို့ ပြောပါတယ်။

မြန်မာ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ သုတေသနစစ်တမ်းမှာတော့ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အထည်ချုပ် ကဏ္ဍမှာ နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင် အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်သား ၁၀ ရာခိုင်နှုန်းခန့် တိုးတက်ခန့်ထားနိုင်ပေမဲ့ မြန်မာနိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းတွေမှာတော့ လုပ်သားခန့်ထားမှု ၁၀ ရာခိုင် နှုန်း လျော့ကျနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားပိုင် အထည် ချုပ်လုပ်ငန်း ၅၀ ရာခိုင်နှုန်းဟာ လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လုပ်ငန်းထပ် မံတိုးချဲ့ဖို့ ရှိထားပေမဲ့လည်း မြန်မာနိုင်ငံ သားပိုင် လုပ်ငန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကတော့ လုပ်ငန်းထပ်မံတိုးချဲ့ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

 

Source:kumudra

Read 1588 times
Rate this item
(1 Vote)