What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၉ ရုံတွင် ၆ ရုံမှ ကိုဗစ်လူနာများ တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်အတွင်း ကိုဗစ်ဒုတိယလှိုင်းကာလတွင် အထည်ချုပ်စက်ရုံ (၉)ရုံ လည်ပတ်လျက်ရှိရာ (၆)ရုံတွင် ကိုဗစ်ကူးစက်ခံရမှု ရှိလာပြီး စက်ရုံများဘက်မှ ပိုးရှိသူနှင့်ထိတွေ့မှုစာရင်းများကို အမှန်တိုင်းမပြောခြင်းများကလည်း ကူးစက်မှုပိုတိုးလာနိုင်ကြောင်း အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ ဒေါ်ခခ ကပြောပါတယ်။

 

"စက်ရုံ (၉)ရုံ ရှိတာမှာ အခု (၆)ရုံမှာ postive လူနာ ၁၀ ဦးတွေ့ထားတယ်။ သူတို့နဲ့ထိစပ်မှုက စက်ရုံအလုပ်သမားဘဲ ၁၈၀ ကျော်နေပြီ။သေချာတာက ကူးစက်မှုနှုန်းက ကျမသွားတဲ့အထဲမှာ အလုပ်သမားတွေအများစုပါတယ်။ ပြီးရင် ထိတွေ့မှုရှိတဲ့လူတွေထဲကပဲ postive တွေပါနေတာ။ စက်ရုံတွေဘက်က စာရင်းအမှန်မပေးဘူး။ သူတို့နဲ့ထိစပ်မှုများတဲ့ Super တွေ leader တွေထိစပ်မှုထဲ မထည့်ဘူး။ စက်ရုံဘက်ကပေးတဲ့စာရင်းကိုဘဲ ကောက်ယူပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေတာ"လို့ ဒေါ်ခခက ပြောပါတယ်။

 

ပုသိမ်စက်မှုဇုန်အတွင်း အထည်ချုပ်စက်ရုံ ၁၂ရုံတွင် အလုပ်သမားအင်အား ၁၃၀၄၁ ဦးရှိပြီး ပိုဗစ်ပထမလှိုင်းအတွင်း အလုပ်သမား ၄၅၀၀ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ကြကြောင်း သိရပါတယ်။

 

"စက်မှုဇုန်တွေထဲမှာက လက်ရှိအနေအထားမှာ ထပ်တွေ့တာတွေတော့ရှိပါတယ်။ စက်ရုံတော်တော်များများမှာတော့ တွေ့နေပြီ။ အရမ်းပေါက်ကွဲသွားတာတော့ မရှိသေးဘူး။ အထည်ချုပ်တွေဆိုတော့ တစ်ယောက်တွေ့ရင် ထိစပ်မှုက ၃၀ ကနေ ၅၀ လောက်ရှိတယ်"လို့ ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီဥက္ကဌ ဦးရာဇာအေးက ပြောပါတယ်။

 

စက်မှုဇုန်အတွင်း ပိုးတွေ့လူနာများနှင့်ထိစပ်မှုရှိသူများကိုလည်း အထက(၁)တွင် သီးသန့်ခွဲထားကာ စစ်ဆေးမှုများဆောင်ရွက်နေပြီး ပိုးတွေ့ရှိသူအရေအတွက်ကို စောင့်ကြည့်နေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

#MyanmarLabourNews

Read 719 times
Rate this item
(0 votes)