What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အသင်းဝင် စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများသို့ ရှင်းလင်း အသိပေးခြင်း

ရှင်းလင်း အသိပေးခြင်း

အကြောင်းအရာ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ထားပြီးဖြစ်သော အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် ပက်သက်၍ အသင်းဝင် စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများသို့ ရှင်းလင်း အသိပေးခြင်း။

 

၁။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့တို့သည် Corona Virus Disease (COVID-19) ရောဂါကြောင့် ပိတ်သိမ်းခဲ့ရခြင်း၊ လုပ်ငန်းလည်ပတ်မှု ယာယီဆိုင်းငံခဲ့ရခြင်း၊ ဖြစ်ပေါ်ခဲ့သည့် စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများမှ အလုပ်သမားများအတွက် ဖြေလျှော့မှုနှင့် အကျိုးခံစားခွင့်များကို ၂၀၂၀ခုနှစ်၊ မတ်လ၊ ဧပြီလနှင့် မေလတို့အတွင်း အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် ထုတ်ပြန်ကြေငြာခဲ့ ပါသည်။

 

၂။ အဆိုပါ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများမှ လူမှုဖူလုံရေး ထည့်ဝင်ကြေး ပေးသွင်းရန်ကာလ ဖြေလျှော့ပေးခြင်းနှင့် လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ကိစ္စတို့အား ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိကြောင်း သိရှိရပါသည်။

 

၃။ ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် မိမိ၏ အသင်းဝင် စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများအား လူမှုဖူလုံရေး အဖွဲ့၏ ထုတ်ပြန်ပြီး သက်ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို အောက်ပါအတိုင်း စုစည်း၍ ရှင်းလင်း အသိပေးအပ်ပါသည်။

 

လူမှုဖူလုံရေး ထည့်ဝင်ကြေးများကို ၃ လထက် နောက်မကျစေဘဲ ပေးသွင်းခွင့်ပြုခြင်း


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၀ ခုနှစ်၊ မတ်လ (၃)ရက် ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၂၀) ကို ထုတ်ပြန်၍" အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးများကို ဥပဒေပုဒ်မ ၁၈၊ နည်းဥပဒေ အပိုဒ် ၆၄ တို့အရ သက်ဆိုင်ရာလ ကုန်ဆုံးပြီးနောက် လဆန်း ၁၅ ရက်အတွင်း ပေးသွင်းရမည့်အစား သက်ဆိုင်ရာလ ကုန်ဆုံးပြီး ၃ လထက် နောက်မကျစေဘဲ ပေးသွင်းရန်" ဖြေလျော့ကင်းလွတ်ခွင့်ပြုခဲ့ပါသည်။ နမူနာအားဖြင့် -

စဉ် သက်ဆိုင်ရာလ မူလ ထည့်ဝင်ကြေး ပေးသွင်းရမည့် ကာလ (လူမှုဖူလုံရေး ဥပဒေ ပုဒ်မ - ၁၈၊ နည်းဥပဒေ အပုဒ် ၆၄ ) ယခု COVID-19 ကာလ ထည့်ဝင်ကြေး ပေးသွင်းရမည့်ကာလ (အမိန့်ကြော်ငြာစာအမှတ်
၆၃/ ၂၀၂၀)

 

၁။ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၃၁ ရက် နေ့အထိ ထည့်ဝင်ကြေးငွေကို ဧပြီလ ၁၅ ရက် နောက်ဆုံးထား ပေးသွင်းရန် ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၃၁ ရက် နေ့အထိ ထည့်ဝင်ကြေးငွေကို မတ်လ ကုန်ဆုံးပြီး ၃ လအတွင်း ဇွန်လ ၃၀ ရက် နောက်ဆုံးထား ပေးသွင်းရန်

 

၂။ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက် နေ့အထိ ထည့်ဝင်ကြေးငွေကို မေလ ၁၅ ရက် နောက်ဆုံးထား ပေးသွင်းရန် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထည့်ဝင်ကြေးငွေကို ဧပြီလ ကုန်ဆုံးပြီး ၃ လအတွင်း ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား ပေးသွင်းရန်

 

၃။ ၂၀၂၀ ခုနှစ်၊ မေလ ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက် နေ့အထိ ထည့်ဝင်ကြေးငွေကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား ပေးသွင်းရန် ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက် နေ့အထိ ထည့်ဝင်ကြေးငွေကို မေလ ကုန်ဆုံးပြီး ၃ လအတွင်း သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား ပေးသွင်းရန်

 

ဧပြီလ ၂၀ ရက်နောက်ပိုင်း စစ်ဆေးမှုခံယူရန် ယာယီရပ်နားခဲ့ရသော စက်ရုံများမှ အလုပ်သမား များအား လုပ်ခလစာ၏ ၄၀% ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၈) ရက် ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၂၀) ဖြင့် - "ယာယီရပ်နားခဲ့ရသော လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံ အလုပ်သမား များအတွက် ရပ်နားထားသည့်ရက်များအလိုက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၁၃ (ခ) (၂) နှင့် ဥပဒေ ပုဒ်မ ၁၀၀ တို့အရ (၁/၂၀၂၀) လအတွက် ထည့်ဝင်ကြေး ပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ % ကို ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အဖြစ် ထုတ်ယူခံစားခွင့်ပြု ပေးသွားမည်" ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။

 

၄။ ယင်းထောက်ပံ့ကူညီမှုကို ဧပြီလ (၁၉) ရက် နှင့် (၃၀) ရက်နေ့များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်သို့ အကြောင်းကြားစာများအရ ဧပြီလ (၂၀) ရက် မှ မေလ (၁၅) ရက် အတွင်း လုပ်ငန်းခွင်စစ်ဆေးမှု ခံယူရန် စောင့်ဆိုင်း နေရသော စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများနှင့် COVID-19 သက်ရောက်မှုကြောင့် လုပ်ငန်း လည်ပတ်နိုင်ခြင်း မရှိသော စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများမှ အလုပ်သမားများအပြင် စစ်ဆေးမှု ခံယူပြီး လည်ပတ် နေသော စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများတွင် ဒေသန္တရအမိန့် သို့မဟုတ် လမ်းပန်း ဆက်သွယ်ရေး ယာယီပိတ်ထားခြင်း သို့မဟုတ် အကြောင်း အမျိုးမျိုးကြောင့် Self-isolation ဝင်ရခြင်း စသည်တို့ ကြောင့် လုပ်ငန်းခွင်သို့အချိန်မှီ မဝင်ရောက်နိုင်သော အလုပ်သမားများလည်း ခံစားခွင့်ရှိပါသည်။

 

၅။ မေလ (၇) ရက်နေ့၌ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အား online မှလည်း လျှောက်ထားနိုင်ကြောင်း ကြေငြာခဲ့ပြီး၊ မေလ (၈) ရက်နေ့၌ လူမှုဖူလုံရေးရန်ပုံငွေမှ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်များ ထောက်ပံ့ခြင်းနှင့်ပက်သက်၍ အလုပ်ရှင်များ ဆောင်ရွက် ရမည့်အချက်များကို ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် စက်ရုံ အလုပ်ရုံ၊ လုပ်ငန်းများသည် ယင်းထုတ်ပြန်ချက်ပါ ဆောင်ရွက်ရမည့်အချက်များနှင့်အညီ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ ဖြစ်စေ၊ online မှဖြစ်စေ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

 

၆။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၀)အရ အလုပ်ရှင်များအနေဖြင့် ယာယီပိတ်သိမ်းထားရာမှ လုပ်ငန်း ပြန်လည် ဖွင့်လှစ်ပါက ဖွင့်လှစ်ကြောင်းကို (၁၀) ရက်အတွင်း မဖြစ်မနေ အကြောင်းကြားရမည် ဖြစ်ပြီး ထည့်ဝင်ကြေးများကိုလည်း ပြန်လည်ပေးသွင်းရမည် ဖြစ်ပါသည်။ ထည့်ဝင်ကြေး ပေးသွင်းရာတွင် နမူနာဇယားအတိုင်း ပေးသွင်းခွင့်ရှိပါသည်။

 

၇။ သို့ပါ၍ ကုန်သည်စက်မှုအသင်းချုပ်၏ ညီနောင်အသင်းများနှင့် အသင်းဝင်များအနေဖြင့် အဆိုပါထုတ်ပြန် ချက်များကို ပိုမိုရှင်းလင်းစွာ နားလည်သိရှိပြီး၊ မိမိတို့၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များကို အပြည့်အဝ လျှောက်ထားရယူနိုင်ရန် ထပ်ဆင့်အသိပေးအပ်ပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ်

ကိုးကားချက်များ -

- အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၂၀) လူမှုဖူလုံရေး ထည့်ဝင်ကြေးများကို ၃ လထက် နောက်မကျစေဘဲ ပေးသွင်းရန် ဖြေလျော့ပေးခြင်း
https://cutt.ly/3ymqkz0

 

- အမိန့်ကြေညာစာအမှတ် (၈၃/၂၀၂၀) လုပ်ခလစာ၏ ၄၀ % လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု
https://cutt.ly/symqzzb

 

- လုပ်ခလစာ၏ ၄၀ % လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့်အား Online မှ လျှောက်ထားနိုင်
https://cutt.ly/4ymqxQP

 

- လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်နှင့် ပတ်သက်၍ လုပ်ငန်းရှင်များ ဆောင်ရွက် ရမည့် အချက်များ
https://cutt.ly/gymqcO4

 

- Coronavirus Disease 2019 (COVID -19) နှင့်စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လိုက်နာဆောင်ရွက်ရန် အသိပေးထုတ်ပြန်ကြေညာခြင်း (၁၉-၄-၂၀၂၀)
https://cutt.ly/VymqjrD

 

- စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်ဆေးဆောင်ရွက်မည့် ရက်တိုးမြှင့်ခြင်းအား အသိပေး အကြောင်းကြားခြင်း (၃၀-၄-၂၀၂၀)
https://cutt.ly/zymqgdG

 

Image may contain: text

No photo description available.

Image may contain: text

Image may contain: text

Read 827 times
Rate this item
(0 votes)