What's new

×

Warning

JUser: :_load: Unable to load user with ID: 845


AGM တွင် MGMA ဥက္ကဋ္ဌ၏ နိဂုံးချုပ် အမှာစကား

MGMA မှ အသင်းဝင်အချို့ ပဲ့ကျကျန်ရစ်မှု မရှိအောင် ဆုတောင်းပေးပါကြောင်း အသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားသွားပါသည်။

သက်တမ်း ၁၆ နှစ်ပြည့်မြောက်ခဲ့ပြီးပြီဖြစ်သော မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း Myanmar Garment Manufacturers Association -MGMA ၏ စတုတ္ထအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျင်းပခဲ့ရာ၌ အခမ်းအနား သဘာပတိဖြစ်သော အသင်းဥက္ကဋ္ဌ ဦးမြင့်စိုး က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် နိုင်ငံတကာဈေးကွက်အခြေအနေများကို မျက်ခြေမပြတ်ရန် သတိပေးမှာကြားပါသည်။
ဒုတိယအချက်မှာ ရင်ဆိုင်ရတော့မည့် အနည်းဆုံးအခကြေးငွေ အသစ်ဖြင့် ရရှိနေသည့် အထည်ချုပ်ခ၊ ကုန်ကျစရိတ်များကို ကျော်လွှားနိုင်ရန် အထူးဂရုစိုက်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ကြရမည်။ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ အသင်းဝင်အချို့ ပဲ့ကျကျန်ရစ်မှု မရှိအောင် ဆုတောင်းပေးလိုပါသည်။ လုပ်ငန်းသဘာဝ၊ မိမိတို့၏ ကြိုးပမ်းအားထုတ်မှု၊ လက်ရှိရရှိနေသည့် ဈေးကွက်၊ ဈေးကွက်ထဲတွင် ယှဉ်ပြိုင်ရသည့် အခြေအနေများတွင် ကြုံတွေ့ရမည့် လုပ်သားခသည် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်ကြောင် အားလုံးသိပြီးသား ဖြစ်သည်။ သို့သော် လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် လုပ်သားများ၊ အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်နိုင်ရန် မိမိတို့ စွမ်းစွမ်းတမံ ဆောင်ရွက်ပြီး ကျော်လွှားကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားပါသည်။ သို့ပါသောကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်အောင် ပြုစုပျိုးထောင်ပါ။ မိမိရဲ့ လုပ်ဖော်ကိုင်ဖက် လုပ်သားများကိုလည်း အရည်အသွေးများ တက်လာအောင် စည်းရုံးပြောဆိုခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်ကြပါ ဟု ၎င်းက အကြံပြုတိုက်တွန်းပါသည်။
၂၀၁၈-၂၀၂၀ အလုပ်အမှုဆောင် အဖွဲ့အသစ်အနေဖြင့် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ။ ရင်ဆိုင်နေရသည့် အခက်အခဲများအပေါ်တွင် အခြေခံပြီး အသင်းဝင်များနှင့် တစ်သားတည်း ရပ်တည်နိုင်အောင်၊ ရှင်သန်နိုင်အောင်၊ ကြီးပွားတိုးတက်သွားအောင် ကြိုးပမ်းအားထုတ်သွားမည်ဟု အသင်းဥက္ကဋ္ဌ ပြောကြားပြီး နိဂုံးချုပ်ပါသည်။

 

AGM တွင် MGMA ဥက္ကဋ္ဌ၏ အဖွင့်အမှာစကား ဖတ်ရှုရန်လင့်ခ်

http://www.textiledirectory.com.mm/articles/item/761-mgma-agm-chair-opening-speech.html

03 u myint soe

Read 877 times
Rate this item
(0 votes)