ဥရောပသမဂ္ဂ၏ မြန်ကူရန်ပုံငွေအစီအစဉ်သည် မေလ ၁ရက်နေ့မှစတင်၍ အလုပ်မှရပ်ဆိုင်းခံရသည့် အထည်ချုပ်စက်ရုံအလုပ်သမားပေါင်း ၃၀,၀၀၀ကျော်အား ၎င်းတို့အခက်အခဲများဖြစ်နေသည့်အကြား ကူညီရပ်တည်ပေးသောအားဖြင့် အရေးပေါ်ငွေသား ထောက်ပံ့ကြေး မြန်မာငွေ ၄.၅ ဘီလီယံကျော်ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
ပြည်နယ် နှင့် တိုင်းဒေသကြီးများအားလုံးရှိ အလုပ်သမားများစွာကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ အီးယူ မြန်ကူ ရန်ပုံငွေအစီအစဉ်သည် ယခုထောက်ပံ့မှုအား ကိုဗစ်-၁၉ အကျပ်အတည်းကာလ တစ်လျှောက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့အထိ ငွေကြေးထောက်ပံ့မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဒီရက်ပိုင်းတွေထဲမှာ အလုပ်ထုတ်ခံရတဲ့ လူလျှော့ခံရတဲ့ အထည်ချုပ်နဲ့ ဖိနပ်က အလုပ်သမားတွေ EU ကထောက်ပံ့တဲ့ ထောက်ပံ့ကြေးကိုလျှောက်လို့ ရပါသေးတယ်။ အောက်မှာ ဖုန်းနံပါတ်ပါပါတယ်။ Smart Myanmar ရဲ့ FB page ထဲမှာလည်းဝင်လေ့လာပါ ကိုယ်တိုင်ဖုန်းဆက်ပြီး လျှောက်ထားပါ။ wave money ကနေလွှဲတာမို့လို့ အမြဲတမ်းသုံးဖုန်းနံပါတ်နဲ့ပဲဆက်သွယ်ပါ။ ဆက်သွယ်ပြီးရင်လည်း ဖုန်းကိုအမြဲဂရုစိုက် ဖွင့်ထားပေးပါ။
အကယ်၍ သင်သည် အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးဖြစ်ပြီး မကြာသေးမီက အလုပ်လက်မဲ့ဖြစ်မှုနှင့် ကြုံတွေ့နေရပါလျှင်၊ ကျွန်တော်တို့၏ ဟော့လိုင်းနံပါတ် ၀၉-၇၅၀၂၀၈၈၈၇ သို့ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၅နာရီအတွင်း ခေါ်ဆို၍ လျှောက်ထားနိုင်ပါသည်။
Source : SMART Textile & Garments