What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တိုးတက်လာသော မြန်မာ့အထည်ချုပ်လုပ်ငန်း နောက်ကွယ်မှ ဖြစ်ရပ်များ

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ချုပ်ထည်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သုံးဘီလီယံဝန်းကျင်ခန့် ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းက တရုတ်နှင့်အပြိုင် အဆိုင် ဖြစ်လာမည့်အနေအထား ဖြစ်၏။

သို့သော်လည်း လုပ်ငန်း ခွင်မှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ အကြမ်းဖက်မှုများက အ မျိုးသမီးများ၏ အခွင့်အရေးနှင့် အထည်ချုပ်လုပ်ငန်း၏ တိုးတက် မှုကို နှေးကွေးနေစေသည်ဟု သုတေသနပြုချက်များကဆိုသည်။

အထည်ဈေးကွက်တွင် အ မြောက်အမြား ထုတ်လုပ်သော နိုင်ငံအဖြစ် မြန်မာက စတင်လှမ်း လာချိန်မှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ တရုတ်နိုင်ငံကို အမီလိုက်ရန် ကြိုး ပမ်းလာခဲ့သည်။ အထည်နှင့် ဖိနပ်ထုတ်လုပ်သောကဏ္ဍ၌ မြန်မာက ပုံမှန်တိုးတက်လာနေ၏။ ရန်ကုန် စက်မှုဇုန်များနေရာအနှံ့မှာ အ ထည်ချုပ်စက်ရုံသစ်တွေက မှိုလို ပေါက်လာပြီး တစ်နှစ်ကို မြန်မာက အမေရိကန်ဒေါ်လာ သန်းသုံးထောင်ဖိုးအထိ တင်ပို့နိုင်သည်။

အနောက်နိုင်ငံများက တောင်းဆိုသော နောက်ဆုံးပေါ် ဖက်ရှင်များကို ချုပ်ပေးနေရသော အခြားနိုင်ငံများကဲ့သို့ပင် မြန်မာ ၏ အထည်ချုပ်လုပ်ငန်းမှာလည်း အလုပ်သမား အခွင့်အရေးများကို မပေးဘဲ ထားသည့်အတွက် ပြဿနာတက်ပြီး အကျပ်ရိုက်နေ သည်။ မြန်မာအထည်ချုပ်လုပ် ငန်းတွင် လုပ်သား ၉၀ ရာခိုင်နှုန်း ခန့်ရှိနေသော အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော် ကားမှုများနှင့် ခွဲခြားဆက်ဆံမှု များကို ကြိတ်မှိတ်သည်းခံလုပ် ကိုင်နေကြရ၏။

အထည်ချုပ်စက်ရုံများက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရသော လုပ်ငန်းခွင် အ ခြေအနေများသည် အလုပ်သမား အမျိုးသမီးများကိုရော အထည် ချုပ်လုပ်ငန်းပါ သိသိသာသာ ငွေ ကြေးဆိုင်ရာ ထိခိုက်မှုများ ရှိလာ နိုင်သည်ဟု သုတေသနပြုချက်များကဆို၏။

မြန်မာ အထည်ချုပ်လုပ် သားများ၏ စီးပွားရေးအခြေအနေ ကို တိုးတက်လာစေရန် အလုပ် ခွင်မှာ ဘေးကင်းလုံခြုံမှုရှိရေးနှင့် ကျား၊ မ အခွင့်အရေး တန်းတူညီ မျှရရှိအောင် ဖြေရှင်းဆောင်ရွက် ပေးဖို့ အထည်ချုပ်စက်ရုံပိုင်ရှင် များနှင့် အစိုးရကို ပညာရှင်များ နှင့် အလုပ်သမားအခွင့်အရေး လှုံ့ ဆော်သူများက တောင်းဆိုနေကြ သည်။

မြန်မာနိုင်ငံက လုပ်ငန်းခွင် တွေမှာ အကြမ်းဖက်မှုများနှင့် အမျိုးသမီးများကို နှောင့်ယှက်မှု များကို မည်ကဲ့သို့ အဆုံးသတ် အောင် အကောင်းဆုံးလုပ်မလဲဆိုသည့် သုတေသနတစ်ခုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (အိုင်အယ်လ်အို)က နည်း ပညာဆိုင်ရာအကြံပေး အကြီး အကဲ ကက်သရင်းက ဦးဆောင် ပြုလုပ်ခဲ့သည်။

(၁၀၇)ကြိမ်မြောက် အိုင် အယ်လ်အို ညီလာခံမှာ ထုတ်ဝေ မည့် အဆိုပါသုတေသနအတွက် စစ်တမ်းပြုစုသူများက မြန်မာနိုင် ငံရှိ နိုင်ငံခြားသားပိုင် စက်ရုံ ၁၆ ရုံက အလုပ်သမားများနှင့် ပြောဆို မေးမြန်းခဲ့သည်။

အလိုမတူဘဲ ကိုယ်ခန္ဓာကို ထိကိုင်ခြင်းကိစ္စကနေ စက်ရုံပြင် ပထိ လိုက်ပါနှောင့်ယှက် စော် ကားခြင်း၊ အမျိုးသမီးများ၏ အိမ် ထောင်ရေးအခြေအနေကို မေး ခြင်း အစရှိသည့် နှုတ်ဖြင့် အမျိုး သမီးများကို နှောင့်ယှက်စော်ကား သည့် ဇာတ်လမ်းမျိုးစုံကို သူတို့ ကြားခဲ့ရပါသည်။
အမျိုးသမီးများအခွင့်အရေးအဖွဲ့ BusinessKind က ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် အနည်းဆုံးလစာ အပြောင်းအလဲများကို ဆွေးနွေးနေသော အထည်ချုပ်လုပ်သားများ။ လစာတိုးမြှင့်ပြီးလျှင်ပင် မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလစာသည် အာရှတွင် အနည်းဆုံးနိုင်ငံများ၌ ပါဝင်နေဆဲဖြစ်သည်။ (ဓာတ်ပုံ - Libby Hogan)

အဆိုပါ လေ့လာမှုသည် အထည်ချုပ်လုပ်ငန်းက အမျိုး သမီးအများစုအတွက် နှောင့် ယှက် စော်ကားခံရသည်များကို သူတို့ဘဝမှာ ပထမဆုံးအကြိမ် ပြောကြားခဲ့ကြခြင်း ဖြစ်သည်ဟု ကက်သရင်းက ဆိုသည်။ ထို့ ကြောင့် အချို့ဆိုလျှင် သူငယ်ချင်း အချင်းချင်းနှင့် လုပ်ဖော်ကိုင်ဖက် များအကြား စနောက်ခြင်းလား၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော် ကားမှုလားဆိုတာကို မသဲကွဲဘဲ ရှုပ်ထွေးမှုများ ဖြစ်ခဲ့ရသည်။

‘‘အဲဒီလို ပြဿနာတွေဖြစ် လာရင် စက်ရုံတွေမှာ လုပ်ငန်းပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အနိုင် ကျင့်မှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း တွေမရှိဘူး’’ဟု ကက်သရင်းက ပြောသည်။

မြန်မာအထည်ချုပ်လုပ်ငန်း မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု များနှင့် ခွဲခြားဆက်ဆံမှုများက လုပ်ငန်းကို ငွေကြေးထိခိုက်မှု ဘယ်လောက်ရှိနေလဲ ဆိုသည်ကို ယခုအချိန်အထိ မည်သူကမျှ သု တေသန အသေအချာ မလုပ်ကြ သေးပါ။ သို့သော် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှ အထည်ချုပ် လုပ်ငန်းတွင်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကြောင့် တစ်နှစ် ကို အမေရိကန်ဒေါ်လာ ၈၉ သန်း အထိ အထည်ချုပ်လုပ်ငန်း ထုတ် လုပ်မှုကို ထိခိုက်နစ်နာမှုများ ရှိနေပြီဟု သုတေသနပြုချက်များအရ သိရသည်။

ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ ဝင်ဖြစ်သည့် နိုင်ငံတကာ ဘဏ္ဍာ ရေးကော်ပိုရေးရှင်းကလည်း မြန် မာမှာ လုပ်ငန်းခွင် အနိုင်ကျင့်စော်ကားမှုများနှင့် ထိုစော်ကားမှုများ ကြောင့် လုပ်သားများ လုပ်ငန်းခွင်ကို စွန့်ခွာပြီး ထုတ်လုပ်မှုကျဆင်းရာကနေ ငွေကြေးဆိုင်ရာ ထိခိုက်မှု ဘယ်လောက်ရှိနေပြီလဲဆိုသည်ကို ပထမဆုံး လေ့လာရန် ပြင်ဆင်နေသည်ဟု ထိုအဖွဲ့မှ အယ်လင်မေနီးစ်က ပြောကြား သည်။

‘‘လောလောဆယ်မှာတော့ မြန်မာရဲ့ လုပ်ငန်းခွင်တွေက လိင် ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အ နိုင်ကျင့်မှုတွေကြောင့် ကုမ္ပဏီ တွေနဲ့ တိုင်းပြည်စီးပွားရေးကို ငွေကြေးဆိုင်ရာ ဘယ်လောက်ထိ ခိုက်မှု ရှိသလဲဆိုတာနဲ့ ပတ်သက် ပြီး အချက်အလက်နည်းနည်းပဲ ရှိပါသေးတယ်’’
မိန်းမတွေ စက်ပဲချုပ်

အနှစ်ငါးဆယ်ကြာ စစ်တပ် ၏ အုပ်ချုပ်မှုအောက်မှာ နေခဲ့ပြီးနောက် ယခုအခါ မြန်မာက အရှေ့တောင်အာရှ၌ အလျင်မြန် ဆုံး စီးပွားရေးတိုးတက်လာသည့် နိုင်ငံတစ်ခုဖြစ်လာ၏။

သို့သော်လည်း အရှေ့ တောင်အာရှမှာ အမီလိုက်နိုင်ရန် မြန်မာ၏ ဥပဒေများကို ခက်ခက် ခဲခဲ လုပ်ကိုင်နေရ၏။ အလုပ် သမားအခွင့်အရေးများကို ကာ ကွယ်ရန် မြန်မာအစိုးရသည် ဥပဒေမူကြမ်းများကို ရေးဆွဲခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ လုပ် နေသည်။ သို့သော် အမျိုးသမီး များကို အကြမ်းဖက်မှုကို ရာဇ ဝတ်မှုအဖြစ် သတ်မှတ်မည့် ဥပဒေကို ရေးဆွဲရန် ဆွေးနွေးနေ သည်မှာ ငါးနှစ်မျှ ရှိနေပြီဖြစ် သည်။ ထိုဥပဒေသည် လုပ်ငန်း ခွင်များမှာ လိင်ပိုင်းဆိုင်ရာ စော် ကားခံရမှုများကို ကာကွယ်ပေး မည့် လုပ်ထုံးလုပ်နည်းများအ တွက် အခြေခံဖြစ်လာနိုင်သည်။ လောလောဆယ်တွင် လွှတ်တော် ထဲမှာ သည်ဥပဒေမူကြမ်းကို အ ဆုံးသတ် ပြင်ဆင်နေဆဲဖြစ်၏။

‘‘ဒီနေရာမှာ အမျိုးသမီးတွေ ကို ကာကွယ်ပေးတဲ့ ဥပဒေရှိစေ ချင်တယ်။ ဒါဆိုရင် အများကြီး ပိုကောင်းသွားမယ်။ ဒါပေမဲ့ ဒီ ဥပဒေက မရှိသေးတော့ လုပ်ငန်း အခက်အခဲတွေ၊ အနိုင်ကျင့်စော် ကားတာတွေကို ဖွင့်ပြောဖို့ အလုပ်သမားအများစု သိပ်ကြောက်ကြတယ်’’ဟု အထည်ချုပ်လုပ် သားများကို သူတို့၏ အခွင့်အရေးများနှင့် ပတ်သက်ပြီး ပညာပေးနေသော Business Kind အမျိုးသမီးအခွင့်အရေးအုပ်စုကို တည် ထောင်သူ ဒေါ်သန္တာကိုက ပြော ၏။

အလုပ်သမားများ၏ အနိမ့် ဆုံး နေ့စဉ်လစာကို ကျပ် ၃,၆၀၀ ကနေ ကျပ် ၄,၈၀၀ အထိ တိုး ပေးလိုက်ခြင်းဖြင့် လုပ်ငန်းခွင် အခြေအနေများကို တိုးတက်စေ ရေး လှုပ်ရှားမှုအချို့ကို မြန်မာ နိုင်ငံက လုပ်ဆောင်ခဲ့ပြီးပြီဖြစ် သည်။ သို့သော် အဆိုပါ အနိမ့် ဆုံး နေ့စဉ်ကြေးသည် အရှေ့ တောင်အာရှတွင် အနိမ့်ဆုံးဖြစ် နေဆဲဖြစ်ပြီး လစာထုတ်တိုင်းမှာ နဂိုကတည်းက အမျိုးသားများ ထက် လုပ်အားခနည်းပြီးရနေ သည့် အမျိုးသမီးများမှာ ငွေကြေး ဆိုင်ရာ ပြဿနာရှိနေဆဲဖြစ်သည်။

နိုင်ငံသားနှင့် နိုင်ငံခြားသား ပိုင် အထည်ချုပ်စက်ရုံ ၇၉ ရုံကို လေ့လာပြီး ထုတ်ဝေခဲ့သော အိုင် အယ်လ်အို၏ အစီရင်ခံစာအရ မကျွမ်းကျင်သူနှင့် အလယ်အလတ် ကျွမ်းကျင်သူအဆင့်ရှိ အမျိုးသမီး လုပ်သားများသည် သူတို့၏ လုပ်ဖော်ကိုင်ဖက် အမျိုးသားများထက် လစာ ၇ ရာခိုင်နှုန်း နည်းရကြသည်ဟု သိရ၏။

‘‘ဒါက လုပ်ငန်းခွင်မှာ၊ ဆုံး ဖြတ်ချက်ချတဲ့နေရာမှာ၊ အလုပ် သမားတွေကို ထိန်းတဲ့နေရာမှာ သက်ရောက်မှုတွေ ရှိလာနိုင် တယ်’’

အထည်ချုပ်လုပ်ငန်း အကြီး တန်းကြီးကြပ်သူ မမျိုးမြတ်မြတ် မျိုးသည် အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေသည်မှာ ၁၄ နှစ်ရှိပြီ ဖြစ်၏။ များသောအားဖြင့် သူ့ သက်တမ်းတစ်လျှောက် အမျိုး သားကြီးကြပ်သူအောက်မှာ လုပ် နေရသည်ဟု ပြောပြသည်။

‘‘စက်ရုံထဲကို လျှောက်လာ ရင် မိန်းမအများစုကို အပ်ချုပ် စက်တွေနဲ့ တွေ့ရပေမယ့် စက် တန်းတစ်လျှောက် လျှောက်နေ ကြတဲ့ ကြီးကြပ်သူတွေနဲ့ မန်နေ ဂျာအများစု ယောက်ျားတွေပါပဲ’’

အိမ်ပြန်ချင်လှပြီ

မြန်မာ အထည်ချုပ်စက်ရုံ များတွင် လစာငွေကြေး ကွာခြား မှုက အမျိုးသမီးအလုပ်သမားများ အားလုံးအတွက် ပြဿနာဖြစ် သည်။ သို့သော်လည်း သူတို့ထဲ က လူများစုဖြစ်သော နယ်ကလာပြီး အလုပ်လာလုပ်ရသူများ၏ ဘဝကို ပိုပြီးခက်ခဲစေသည်။ အန္တ ရာယ်ဖြစ်လာစေသည်။

၂၀၀၈ က လူတစ်သိန်းလေး သောင်းနီးပါး သေဆုံးပြီး လူနှစ် သန်းခွဲကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရ သည့် နာဂစ်မုန်တိုင်းကြောင့် စားဝတ်နေရေးနှင့် အလုပ်အကိုင်အ တွက် လူပေါင်းထောင်သောင်းချီ ရန်ကုန်သို့ ပြောင်းလာခဲ့ကြ၏။ မြန်မာအထည်ချုပ်လုပ်ငန်းက ၇၆ ရာခိုင်နှုန်းသော အလုပ်သမားများမှာ နယ်ကနေ ရန်ကုန်သို့ အ လုပ်လာလုပ်ကြသော မိန်းမပျို လေးများဖြစ်ကြ၏။

သူတို့သည် လစာ၏ တစ် ဝက်လောက်ကို မိသားစုကို ပြန်ပို့ ပေးရသည်။ ထို့ကြောင့် သူတို့မှာ ငွေကြေးအနည်းငယ်နှင့် ရှင်သန် ရပ်တည်နေရပြီး အိမ်ကောင်း ကောင်း မငှားနိုင်၊ သယ်ယူပို့ ဆောင်ရေး စရိတ်ကိုလည်း မ တတ်နိုင် ဖြစ်ကြရသည်။

‘‘အဲဒါကြောင့် သူတို့ကို မရိုး မသားစိတ်နဲ့ ချဉ်းကပ်လာတဲ့ မ ကောင်းတဲ့ လူတွေနဲ့ ပတ်သက် စေဖို့ ဖြစ်လာစေတယ်’’ဟု အိုင် အယ်လ်အိုမှ ကက်သရင်းကဆို သည်။

အသက် (၁၈)နှစ်အရွယ် ဝေဝေလင်းသည် ရန်ကုန်မှာ အ လုပ်ရှာရန် ဧရာဝတီမြစ်ဝကျွန်း ပေါ်ကနေ ရန်ကုန်ကို သူ့ဘာသာ ပြောင်းခဲ့သူဖြစ်သည်။ ယခုအခါ သူက ရှပ်အင်္ကျီစက်ရုံတစ်ခုမှာ အလုပ်လုပ်နေပြီး အိမ်ငှားခ၊ စားစရိတ်နှင့် ဖုန်းဖိုးအတွက် ငွေအလုံ အလောက် ရှာနိုင်ပြီဖြစ်သည်။ ကျန်သောငွေကိုမူ သူက အိမ်ပြန် ပို့သည်။

သူ့အနေဖြင့် အလုပ်ထဲက နေထွက်ပြီး သူငယ်ချင်းများဖြင့် ခရီးထွက်ချင်သည်ဟု လင်းက ပြောသည်။ သို့သော် သူတို့စက်ရုံ က အလုပ်ကြီးကြပ်သူ၏ အချိန်ပိုဆင်းရန် ဖိအားပေးမှုကြောင့် ညဘက်မှာ တစ်ယောက်တည်း မကြာခဏ ပြန်ရ၏။ တစ်ခါ တလေ လမ်းပေါ်က အမျိုးသား များ၏ ထိကပါးရိကပါး ပြောတာ တွေကိုလည်း ခံရ၏။

အခြား မြန်မာပြည်ရှိ စက်ရုံ များနှင့်မတူသည်ကား သူတို့စက် ရုံမှာ လေကောင်းလေသန့်ဝင် အောင်လုပ်သည့် စနစ်ရှိသည်။ သို့သော် သူတို့အလုပ်ရှင်က နား ချိန် အလုံအလောက်မပေးဟု သူ က ပြောသည်။ ထို့အပြင် နေ့ လယ်စာနားချိန်တွင် သူတို့ အလုပ် သမားများသည် နွေရာသီ နေ၏ အပူရှိန်ဖြင့် မခံမရပ်နိုင်အောင်ကို ပူလှသည့် စက်ရုံအပြင်မှာ ထွက် ထိုင်ကြရသည်။

အထည်ချုပ်လုပ်သားများ ၏ ဘဝက ဆိုးလွန်းသည်ဆိုတာ လင်း သိပါ၏။ သို့သော်လည်း တတ်နိုင်သလောက်တော့ သည်း ခံလုပ်သွားရန် သူက ရည်မှန်းထားသည်။

‘‘ကျွန်မ နှစ်နည်းနည်း လောက်ပဲ လုပ်ချင်တော့တယ်။ ဒီမှာလာနေတာ အိမ်အတွက် ငွေ အလုံအလောက်စုဖို့ပဲ။ အဲဒါပြီး ရင်တော့ အိမ်ပဲပြန်ချင်တယ်’’

(Women's Advancement Deeply မှ Libby Hogan ရေး သားသော The True Cost of Myanmar's Growing Garment Industry ကို ထားထားမြင့် ဘာ သာပြန်ဆိုသည်။)
၇ ရက် နေ့စဉ်သတင်းစာ

Read 1415 times
Rate this item
(0 votes)