What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံစူပါစတား (Satyone Super star) မိုဘိုင်းဂိမ်း

အထည်ချုပ်လုပ်သားများအတွက် အလုပ်သမားဥပဒေနှင့်ပတ်သက်သည့် အသိအမြင်များနှင့် လုပ်ငန်းခွင်ဘေးကင်းရေး အကြောင်းအရာများကို ဂိမ်းကစားရင်းသိရှိနိုင်မည့် စက်ရုံစူပါစတား (SatyoneSuper star) မိုဘိုင်းဂိမ်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်၌ ကောက်ယူသည့် စစ်တမ်းအရ အထည်ချုပ်ကဏ္ဍမှ အလုပ်သမားများသည် မိုဘိုင်းဖုန်းကို သုံးစွဲကြပြီး အများစုသည် စမတ်ဖုန်းကို သုံးစွဲကြကြောင်း သိရသည်။ သို့ဖြစ်ရာ မိုဘိုင်းဂိမ်းမှတစ်ဆင့် အသိပညာပေးခြင်းသည် ပျံ့နှံ့မှု အတိုင်းအတာတစ်ခု ရရှိမည် ဖြစ်သည်။


စက်ရုံစူပါစတား ဂိမ်းသည် အထည်ချုပ်စက်ရုံအလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် လုံခြုံကင်းရှင်းရေး ၊ ကျန်းမာရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို သင်ကြားပေးရန်နှင့် လက်ရှိ မြန်မာနိုင်ငံအလုပ်သမား ဥပဒေနှင့် ပတ်သက်သည့် အသိအမြင်များအားမြှင့်တင်ပေးရန် SMART Myanmar မှ ဖန်တီးထားသည့် ဂိမ်းတစ်ခုဖြစ်ပါသည်။ ဤဂိမ်းတွင် ဂိမ်းကစားခြင်း ၊ အမေးအဖြေများ နှင့် ဆွေးနွေးပြောဆိုခြင်းများကို ပေါင်းစပ်ထည့်သွင်းထားပါသည်ဟု ဖော်ပြထားသည်။

ထိုမိုဘိုင်းဂိမ်းတွင် အထည်ချုပ်လုပ်သားများ၏ ပုံသဏ္ဌာန်ကို ရေးဆွဲထားသော ကာတွန်းဇာတ်ကောင်များပါဝင်ပြီး မြန်မာဘာသာစကားနှင့် ကစားနိုင်မည်ဖြစ်သည်။


ဂိမ်း၏ ဒီဇိုင်းပိုင်းကို ပြည်တွင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Nex Labs က ရေးဆွဲပေးထားသည်။

ဂိမ်းကစားသူများသည် အလုပ်သမားဥပဒေများ၊ စက်ရုံဘေးအန္တရာယ်ကင်းရှင်းရေးများနှင့်ပတ်သက်သည့် အဆင့်လေးဆင့်၊ အခက်အခဲရှစ်ခုနှင့် ပဟေဠိဉာဏ်စမ်း ၄ဝ တို့ကို ဖြေကြားရမည်ဖြစ်သည်။

 

ဂိမ်း၏စိန်ခေါ်မှုများတွင် မီးသတ်ဆေးဘူးဖွင့်ခြင်း၊ ရှေးဦးသူနာပြုစုရေး ပစ္စည်းကိရိယာများ သိမ်းဆည်းခြင်းနှင့် ဓာတုပစ္စည်းများကို ဗီရိုအတွင်းထားရှိခြင်း စသည့်စိန်ခေါ်မှုပေါင်းများစွာ ပါဝင်သည်။

ဂိမ်းအတွင်းပါဝင်သော စိန်ခေါ်မှုများနှင့် ပဟေဠိမေးခွန်းများကို ဖြေဆိုကာ ဆော့ကစားခြင်းဖြင့် အထည်ချုပ်လုပ်သားများသည် အလုပ်သမားဥပဒေအကြောင်းအရာများကို နားလည်ရုံမျှမကဘဲ အလုပ်ခွင်ဘေးကင်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်း သိရှိနိုင်မည်ဖြစ်သည်။

အက်ပလီကေးရှင်းကို အန်းဒရွိုက်ဗားရှင်းဖြင့် ထုတ်လုပ်ထားသည့်အတွက် Google Play Store တွင် ဒေါင်းလုတ်ပြုလုပ်ကာ ရယူနိုင်သည်။
ရှာဖွေရမည့် ဂိမ်းအမည်မှာ SatYone Superstar ဖြစ်သည်။ Smart Myanmar ဟု ရှာဖွေလျှင်လည်း တွေ့နိုင်ပါသည်။ Smart Myanmar မှ ယခင်က ထုတ်လုပ်ခဲ့သော App များကိုပါ တွေ့မည် ဖြစ်သည်။
လင့်ကို ဖော်ပြပေးထားပါသည်။

https://play.google.com/store/apps/details?id=com.smartmyanmar.satyonesuperstar&hl=en_US

 

ဖုန်းထဲတွင် အက်ပ်ကို ထည့်ထားပြီးလျှင် အင်တာနက် မပါဘဲ ကစား၍ ရသည်။

စက်ရုံစူပါစတားမိုဘိုင်းဂိမ်းကို SLSG (Social and Labour Standards in the Textile and Garment Sector in Asia) စီမံကိန်းနှင့် ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့မှုပေးထားသည့် အကျိုးအမြတ်အတွက် မရည်ရွယ်သော မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် နည်းပညာဆိုင်ရာ လေ့ကျင့်မှုများပေးနေသည့် SMART Myanmar စီမံကိန်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

SLSG စီမံကိန်းသည် ဂျာမနီနိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကိုယ်စားဆောင်ရွက်နေသော GIZ က အကောင်အထည်ဖော်နေသည့် စီမံကိန်းတစ်ခုဖြစ်သည်။

ကိုးကား မြန်မာတိုင်းမ်စ်

 

start

 

note

set yone MTGG dd

set yone MTGG ff

 

set yone MTGG gg

set yone MTGG install

 

Read 1101 times
Rate this item
(0 votes)