What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Sioen ဘာလုိ႔ ျမန္မာျပည္ကုိ လာေရာက္လုပ္ကုိင္သလဲ

(Zaw+Uni) ဥေရာပဟာ ျမန္မာအထည္ခ်ဳပ္က႑အတြက္ အႀကီးမားဆုံး ျပည္ပတင္ပုိ႔သည့္ ေဈးကြက္ ျဖစ္ေပမဲ့

ျမန္မာအထည္ခ်ဳပ္က႑ထဲမွာ တ႐ုတ္၊ ကုိရီးယားနဲ႔ ဂ်ပန္ ကုမၸဏီမ်ားက ဥေရာပကုမၸဏီမ်ားထက္ ပုိမ်ားပါတယ္။ တစ္နည္းေျပာရရင္ အထည္ခ်ဳပ္ေလာကထဲကုိ ျပည္ပရင္းႏွီးျမႇဳပ္ႏံွမႈေတြ စီး၀င္တာမွာ ဥေရာပမွ စီး၀င္တာ နည္းပါးပါတယ္။ ရွားရွားပါးပါး တစ္ခုကေတာ့ ဘယ္လဂ်ီယံမွ Sioen Group ျဖစ္ပါတယ္။

ေဒၚခုိင္ခုိင္ႏႊယ္ရဲ႕ ရွင္းလင္းတင္ျပမႈ

၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွာ ျမန္မာႏုိင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း Myanmar Garment Manufacturers Association (MGMA) အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ေဒၚခုိင္ခုိင္ႏြယ္က ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕မွာ ႏုိင္ငံတကာအသုိင္းအ၀ုိင္း ပရိသတ္ေရွ႕ေမွာက္မွာ သူမရဲ႕ ျမန္မာအထည္ခ်ဳပ္လုပ္ငန္းက႑ အနာဂတ္အေပၚ ေျမာ္ျမင္မႈကုိ တင္ျပခဲ့ပါတယ္။ အထည္အလိပ္လုပ္ငန္းက႑နဲ႔ ဖက္ရွင္လုပ္ငန္းက႑တုိ႔မွာ ဖြံ႕ၿဖိဳးတုိးတက္ၿပီးတဲ့ ႏုိင္ငံေတြထံမွ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြ စီး၀င္လာဖု႔ိကုိ ေမွ်ာ္လင့္တႀကီး ရွိေၾကာင္း ရွင္းလင္းတင္ျပခဲ့ပါတယ္။

စာရင္းအင္းေတြအရ ျမန္မာအထည္ခ်ဳပ္က႑ထဲသုိ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ စီး၀င္တာမွာ အထည္အလိပ္လုပ္ငန္းက႑နဲ႔ ဖက္ရွင္လုပ္ငန္းက႑တုိ႔မွာ ဖြံ႕ၿဖိဳးတုိးတက္ၿပီးတဲ့ ႏုိင္ငံေတြထံမွ စီး၀င္ထာ;တာ အေတာ္နည္းပါတယ္။ အိမ္နီးနားခ်င္းႏုိင္ငံျဖစ္တဲ့ အိႏိၵယႏုိင္ငံမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထာတာ လုပ္ငန္းတစ္ခုမွ မရွိပါဘူး။ ဥေရာပမွ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလည္း အေတာ္နည္းပါးပါတယ္။ ရွားရွားပါးပါး ဘယ္လဂ်ီယံ အထည္ခ်ဳပ္ကုမၸဏီဆုိလုိ႔ Sioen Myanmar Ltd တစ္ခုသာ ရွိၿပီး အိႏိၵယႏုိင္ငံသားမွ ဦးစီးလုပ္ကုိင္ေပးလ်က္ ရွိပါတယ္။

ေဒၚခုိင္ခုိင္ႏႊယ္က အခုလုိ ရွင္းလင္းတင္ျပေနခ်ိန္မွာ ျမန္မာအထည္ခ်ဳပ္က႑ဟာ ျမန္ျမန္ဆန္ဆန္ ႀကီးထြားေနတာကုိ ေတြ႕ၾကရတယ္။ အထည္ခ်ဳပ္စက္႐ုံ ၄၂၅ ခုမွာ လုပ္သားဦးေရ ေလးသိန္းေက်ာ္ကုိ အလုပ္အကုိင္ ေပးထားတယ္။ အဲဒီ အထည္ခ်ဳပ္ စက္႐ုံေတြမွာ ၁၆၁ ခုက ျပည္တြင္းမွ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳထားတာ ျဖစ္ၿပီး ၂၂၄ ခုကေတာ့ ျပည္ပမွ ရင္းႏွီးျမႇဳပ္ႏွံထားတာ ျဖစ္ပါတယ္။ က်န္တဲ့ ၃၄ ႐ုံက ဖက္စပ္ထူေထာင္လုပ္ကုိင္ထားတာ ျဖစ္ပါတယ္။
ျမန္မာအထည္ခ်ဳပ္နယ္ပယ္မွာ ၀င္ေရာက္လုပ္ကုိင္ေနၾကတဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမွာ တ႐ုတ္၊ ကုိရီးယား၊ ဂ်ပန္နဲ႔ အျခားအာရွကုမၸဏီမ်ားက အမ်ားစု ျဖစ္ပါတယ္။ ယခင္က ဂ်ပန္ႏုိင္ငံသုိ႔ ခ်ဳပ္ထည္တင္ပုိ႔မႈ တန္ဖုိးအရ ပမာဏအမ်ားဆုံး ျဖစ္ခဲ့ၿပီး ယခုအခါ ဥေရာပသုိ႔ အမ်ားဆုံး ျဖစ္ေနၿပီ ျဖစ္ေပမဲ့ ဥေရာပမွ ရင္းႏွီးျမႇဳပ္ႏံွမႈ အနည္းဆုံး ျဖစ္ေနတာ ေတြ႕ရပါတယ္။ အထည္အလိပ္နဲ႔ အထည္ခ်ဳပ္လုပ္ငန္း ထြန္းကားတဲ့ အိမ္နီးနားခ်င္းႏုိင္ငံ အိႏိၵယႏုိင္ငံထံမွ ရင္းႏွီးျမႇဳပ္ႏွံမႈ မရွိဘူး။ အထည္ခ်ဳပ္က႑မွာ လုပ္ကုိင္ေနတဲ့ ျပည္တြင္းျပည္ပ ကုမၸဏီေတြမွာ လုပ္ကုိင္ေနတဲ့ အိႏိၵယႏုိင္ငံသားလည္း မရွိသေလာက္ ရွားပါတယ္။ အထူးသျဖင့္ လုပ္တတ္ကုိင္တတ္တဲ့ လူေတာ္ talent အိႏိၵယႏုိင္ငံသား အလြန္ရွားပါတယ္။ ရွားရွားပါးပါး တစ္ေယာက္လုိ႔ ဆုိရမယ့္သူကေတာ့ Manoj Bhardwaj ဆုိသူျဖစ္ၿပီး Sioen Myanmar Ltd မွာ General Director အျဖစ္ လုပ္ကုိင္ပါတယ္။ ဘယ္လဂ်ီယံမွ Sioen ရဲ႕ လက္ခြဲတစ္ခု ျဖစ္ၿပီး နည္းပညာသုံးၿပီး အထည္အေခ်ာကုိင္ျခင္းနဲ႔ ေဘးကင္းကာကြယ္ေရး အ၀တ္အစားေတြအတြက္ ထုတ္လုပ္တဲ့ အထည္ခ်ဳပ္စက္႐ုံ ျဖစ္ပါတယ္။


Sioen ဘာလုိ႔ ျမန္မာျပည္ကုိ လာေရာက္လုပ္ကုိင္သလဲ
Sioen Group ဟာ အဆင့္ျမင္နည္းပညာသုံး အထည္ေတြနဲ႔ ခ်ဳပ္ထည္ေတြကုိ ထုတ္လုပ္ပါတယ္။ ၂၀၁၆ ခုႏွစ္က ၀င္ေငြ ယူ႐ုိ ၃၆၃ သန္း ရွိခဲ့တယ္။ ၂၀၁၇ ခုႏွစ္ ပထမ ႏွစ္၀က္မွာ ၃၂ ရာခုိင္ႏႈန္း တုိးခဲ့တယ္။ လုပ္ငန္းႀကီးတစ္ခု ျဖစ္ေပမဲ့ မိသားစုပုိင္ လုပ္ငန္းအျဖစ္ လုပ္ကုိင္ေနတဲ့ လုပ္ငန္းစု ျဖစ္ၿပီး လုပ္ငန္းေတြကုိ ေထာင္လုိက္ေပါင္းစည္းေပါင္းစပ္ေပးထားတယ္။ ေတာင့္တင္းက်စ္လစ္တဲ့ လုပ္ငန္းစုတစ္ခုျဖစ္ၿပီး ၁၉၀၇ ခုႏွစ္မွာ စတင္ထူေထာင္ခဲ့တယ္။ ဘရပ္စ္စယ္ စေတာ့အိပ္ခ်ိန္းမွာ ၁၉၉၆ ခုႏွစ္မွ စာရင္း၀င္ခဲ့တယ္။ Sioen Group ရဲ႕ အႀကီးအကဲ အမ်ဳိးသမီး Michele Sioen ကုိ ဘယ္လဂ်ီယံ ဘုရင္မင္းျမတ္က ဘြဲ႕ခံမွဴးမတ္ ဘယ္ရြန္နက္စ္ ခ်ီးျမႇင့္ေတာ္ မူခဲ့ပါတယ္။ သူမဟာ လုပ္ငန္းနယ္ပယ္အခ်ဳိ႕မွ အသင္းအဖြဲ႕ေတြမွာ ဥကၠ႒အျဖစ္ တာ၀န္ယူ လုပ္ကုိ္င္ေပးလ်က္ ရွိၿပီး ေျပာင္ေျမာက္တဲ့ စက္မႈလုပ္ငန္းရွင္တစ္ဦးလည္း ျဖစ္တာမုိ႔ သူမရဲ႕ အရည္အခ်င္းေတြအတြက္ ယခုလုိ ဘာရြန္နက္စ္အျဖစ္ ခ်ီးျမႇင့္ခံရတာ ျဖစ္ပါတယ္။
အ၀တ္အစားက႑ကုိ လုပ္ကုိင္တဲ့ Sioen Apparel ရဲ႕ ႐ုံးခ်ဳပ္က ဘယ္လဂ်ီယံမွာ အေျခစုိက္ထားပါတယ္။ အထည္ခ်ဳပ္စက္႐ုံေတြကုိ ဖင္လန္၊ အက္စ္တုိနီးယား၊ ႐ုိေမးနီးယား၊ တူနီးရွားနဲ႔ အင္ဒုိနီးရွား ႏုိင္ငံမ်ားမွာ ထားရွိလုပ္ကုိင္ပါတယ္။ အဲဒီႏုိင္ငံေတြထဲမွာ အင္ဒုိနီးရွားႏုိင္ငံဟာ လုပ္သားခေတြ ငါးႏွစ္တာအတြင္းမွာ ၃၀၀ ရာခုိင္ႏႈန္းနီးပါး တုိးလာခဲ့တာမုိ႔ ဆြဲေဆာင္မႈ ယုတ္ေလ်ာ့ေနပါတယ္။ ေနာက္တစ္ခ်က္က အထည္ခ်ဳပ္မွာ လုပ္ကုိင္မယ့္ လုပ္သား ရရွိႏုိင္မႈဟာ ၿမိဳ႕ေတာ္ ဂ်ာကာတာတစ္၀ုိက္မွာ တစ္စထက္တစ္ ေလ်ာ့နည္းလာေနတဲ့ျပႆနာ ရွိေနတယ္။ ဒီေတာ့ လုပ္သားခ စရိတ္ေထာင္းလို႔ မိတ္အင္ အင္ဒုိနီးရွား ခ်ဳပ္ထည္ေတြဟာ ေဈးႏႈန္းအရ ယွဥ္ၿပိဳင္ႏုိင္စြမ္း နည္းပါးေနလုိ႔ တခ်ဳိ႕၀ယ္လက္ေတြက လက္ေရွာင္ၾကတယ္။
Sioen Apparel ရဲ႕ စီအီးအုိ Bart Vervaecke က ဂ႐ုတစုိက္ျဖင့္ ခ်ိန္ဆၾကည့္ၿပီးတဲ့အခါ ၂၀၁၄ ခုႏွစ္ ေမလမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အသစ္ျပဳဖုိ႔အတြက္ ျမန္မာႏုိင္ငံဟာ အေကာင္းဆုံးျဖစ္မယ္လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။
Bart Vervaecke က ယွဥ္ၿပိဳင္ႏုိင္စြမ္းေတြကုိ ေလ့လာစူးစမ္းခဲ့တယ္။ Sub-Sahara Africa (အာဖရိကတုိက္ ဆာဟာရသဲကႏၱရ ေတာင္ဖက္ရွိႏုိင္ငံမ်ား) ေဒသမွာ ကုန္ၾကမ္းနဲ႔ ကၽြမ္းက်င္လုပ္သား ရရွိမႈ မလြယ္ကူတာကုိ ေတြ႕ရတယ္။ အထည္ခ်ဳပ္ လုပ္ကုိ္င္ဖုိ႔ အာ႐ုံစုိက္ၾကတဲ့ အေရွ႕ေတာင္အာရွ ငါးႏုိင္ငံ(ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ လာအုိ၊ ကေမၻာဒီးယားနဲ႔ ဗီယက္နမ္) တုိ႔ကုိလည္း သူ ေလ့လာဆန္းစစ္ခဲ့တယ္။

ဖတ္႐ႈရန္လင့္ခ္

 အထည္ခ်ဳပ္က႑ ၂၀၂၀ သုံးသပ္ခ်က္

အေကာင္အထည္ေဖာ္ၿပီ
Sioen Apparel က ျမန္မာႏုိင္ငံ၏ အနာဂတ္ဟာ CMP (cut, make, pack) ခ်ဳပ္ထည္မ်ား ထုတ္လုပ္သူ ျဖစ္မယ္လုိ႔ ယုံၾကည္တယ္။ လုပ္ခလစာအဆင့္အတန္းကလည္း ယွဥ္ၿပိဳင္ႏုိင္စြမ္း ရွိတယ္။ ၿပီးေတာ့ အီးယူက ျမန္မာႏုိင္ငံကုိ အထူးအခြင့္အေရး ေပးထားတာ ရွိေနတယ္။ လက္နက္မွတစ္ပါး က်န္တာအားလုံး ျမန္မာႏုိင္ငံမွ အီးယူကုိ တင္ပုိ႔ရင္ ခြဲတမ္းသတ္မွတ္ခ်က္ မရွိ၊ အေကာက္ခြန္လည္း ကင္းလြတ္ခြင့္ ေပးထားတယ္။ အင္ဒုိနီးရွားႏုိင္ငံမွာ အခုလုိ အခြင့္အေရး ထူးထူးျခားျခား မရတဲ့အတြက္ အင္ဒိုနီးရွားမွ အီးယူသုိ႔ ခ်ဳပ္ထည္ေတြ တင္ပုိ႔တဲ့အခါ အေကာက္ခြန္ ၁၂ ရာခုိင္ႏႈန္း စည္းၾကပ္ခံရပါတယ္။
လုပ္သားရရွိႏုိင္မႈကုိၾကည့္ရင္ ျမန္မာႏုိင္ငံမွ ရွိတဲ့ လူဦးေရထံမွ လုပ္သားေတြ ရရွိႏုိင္ပါတယ္။ ၿပီးေတာ့ ျမန္မာလုပ္သားေတြရဲ႕ သေဘာထားအျမင္မွာ ဘာသာေရးရဲ႕ အဆုံးအမေတြက ေကာင္းမႈျပဳဖုိ႔ စိတ္ေစတနာ ရွိေနၾကတာဟာလည္း ႏွစ္သက္ေလးစားစရာ ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္ ေမလမွာ ျမန္မာႏုိင္ငံကုိ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳရန္ေနရာအျဖစ္ ေရြးခ်ယ္ဆုံးျဖတ္ခဲ့ၿပီး Sioen မွ Manoj Bhardwajနဲ႔ လုပ္ေဖာ္ကုိင္ဖက္တစ္ဦးတုိ႔ဟာ ၎ႏွစ္ ႏုိ၀င္ဘာလမွာ ရန္ကုန္ကုိ ေလေၾကာင္းခရီးျဖင့္ လာေရာက္ခဲ့ၾကတယ္။ ကြင္းဆင္းေလ့လာၾကၿပီးတဲ့အခါ စီအီးအုိရဲ႕ ဆုံးျဖတ္ခ်က္ မွန္ကန္ေၾကာင္း သူတုိ႔ သေဘာတူၾကတယ္။ ၿပီးတဲ့အခါမွာေတာ့ Bhardwaj ကုိ ပ႐ုိဂ်က္မန္ေနဂ်ာအျဖစ္ တာ၀န္ေပးတယ္။ ေနာက္တစ္ခ်ိန္မွာ အေထြေထြ မန္ေနဂ်ာ ျဖစ္ဖုိ႔ လ်ာထားတယ္။ လုပ္စရာကုိင္စရာရွိတာေတြကုိ အရွိန္တင္ၿပီး လုပ္ကုိင္ၾကတယ္။

ေျမနဲ႔ အေဆာက္အဦ ငွားရမ္းခေတြ ႀကီးေလးတဲ့ ရန္ကုန္ၿမိဳ႕မွာ အေဆာက္အဦကုိ ရွာေဖြရရွိခဲ့ၾကတယ္။ ကုမၸဏီ ထူေထာင္တယ္။ MIC (Myanmar Investment Commission) ရဲ႕ ခြင့္ျပဳခ်က္ ရယူတယ္။ လုပ္သားေတြ စုေဆာင္းတယ္။ ျပည္တြင္းမွာ အခ်ိတ္အဆက္ ကြန္ရက္ ထူေထာင္တယ္။ တုိးခ်ဲ႕တယ္။ အထည္ခ်ဳပ္စက္႐ုံကုိ ထူေထာင္တယ္။ လုိင္းေတြ တစ္လုိင္းၿပီးတစ္လုိင္း ေနရာခ်တယ္။ Juki နဲ႔ Brother ခ်ဳပ္စက္ေတြ ေနရာခ်တယ္။ စက္ခ်ဳပ္သမေတြကုိ သင္တန္းေပးတယ္။

Sioen ရဲ႕ အထည္ခ်ဳပ္စက္႐ုံမွာ ပထမအသုတ္ လုပ္သား ၁၀၀ ကုိ စုေဆာင္းရတာ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ရပ္ ျဖစ္ခဲ့တယ္။ အဲဒီ ပထမအသုတ္လုပ္သား ၁၀၀ ဟာ ကုမၸဏီရဲ႕ စိတ္ဓာတ္ျဖစ္တဲ့ “Sioen Spirit” ကုိ အေတြ႕အႀကံဳ ရရွိခဲ့ၿပီးခ်ိန္မွာေတာ့ မိသားစု၀င္ေတြနဲ႔ အေပါင္းအသင္းေတြဟာ သူတုိ႔ရဲ႕ ေျခရာကုိ နင္းဖုိ႔ လြယ္ကူသြားခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္ ဇြန္လမွာေတာ့ Sioen Apparel ရဲ႕ ၫႊန္မွဴးတစ္ဦး ျဖစ္ၿပီး Sioen မ်ဳိးႏြယ္၀င္ Jacqueline Sioen ဟာ အတည္ခ်ဳပ္စက္႐ုံကုိ ကုိယ္တုိင္ကုိယ္က် လာေရာက္ၾကည့္႐ႈခဲ့ပါတယ္။ အဲဒီအခ်ိန္အခါမွာ Sioen အထည္ခ်ဳပ္စက္႐ုံက လည္ပတ္ေနပါၿပီ။ ခ်ဳပ္ထည္ေတြကုိ ထုတ္လုပ္ေနပါၿပီ။ တစ္နည္းေျပာရရင္ ေျခာက္လ၀န္းက်င္အတြင္းမွာ ယခုလုိ ကုန္ထုတ္လုပ္တဲ့အေျခအေနကုိ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

Bhardwaj ဟာ အိႏိၵယႏုိင္ငံ နယူးေဒလီၿမိဳ႕ရွိ National Institute of Fashion Technology (NIFT) မွာ ပညာဆည္းပူးခဲ့သူ ျဖစ္ပါတယ္။ အဲဒီ အင္တစီက်ဳက ဖက္ရွင္ဒီဇုိင္း၊ စီမံခန္႔ခြဲမႈနဲ႔ နည္းပညာတုိ႔ကုိ ကၽြမ္းက်င္ေအာင္ ေပါင္းစပ္သင္ၾကားေပးပါတယ္။ အလုပ္ထဲေရာက္ေတာ့ Juki India မွာ လုပ္ကုိင္ခဲ့တယ္။ ေနာက္ေတာ့ Maya Export Corporation မွာ လုပ္ကုိင္တယ္။ ေနာက္ေတာ့ အင္ဒုိနီးရွားႏုိင္ငံမွာ Bhardwaj အလုပ္လုပ္ခဲ့တယ္။ အင္ဒုိနီးရွားရဲ႕ အႀကီးမားဆုံး အ၀တ္အစား ျပည္ပတင္ပုိ႔တဲ့ လုပ္ငန္းႀကီး Busana Apparel Group မွာ ၁၁ ႏွစ္တုိင္တုိင္ လုပ္ကိုင္ခဲ့တယ္။ ေနာက္ေတာ့ အခု သူလုပ္ကုိင္ေနတဲ့ Sioen ရဲ႕ အင္ဒုိနီးရွားမွာ ရွိတဲ့ စက္႐ုံေတြထဲမွာ Belgian Group Sioen ရဲ႕ စက္႐ုံတစ္ခုမွာ ၂၀၁၂ ခုႏွစ္မွာ လုပ္ကုိင္ခဲ့တယ္။
၂၀၁၅ ခုႏွစ္မွာ မလြယ္ကူတဲ့ တာ၀န္ကုိ သူထမ္းေဆာင္ခဲ့ရတယ္။ အင္ဒုိနီးရွားႏုိင္ငံမွာ မိသားစုနဲ႔ အေျခတက် ေနထုိင္ေနရာမွ ျမန္မာႏုိင္ငံ ရန္ကုန္ၿမိဳ႕ကုိ လာေရာက္ၿပီး Sioen ရဲ႕ စက္႐ုံသစ္တစ္ခု ထူေထာင္ေပးခဲ့ရတယ္။ သူက အင္ဒုိနီးရွားႏုိင္ငံရဲ႕ ခ်ဳပ္ထည္ထုတ္လုပ္မႈရဲ႕ အနာဂတ္ဟာ ႀကီးမားမွာ မဟုတ္ဘူးလုိ႔ ယူဆထားသူ ျဖစ္ပါတယ္။ ‘‘ၾကည့္လုိက္ပါဦး။ အဲဒီမွာ အထည္ခ်ဳပ္လုပ္သားတစ္ဦးရဲ႕ အနည္းဆုံး လစာက အေမရိကန္ေဒၚလာ ၁၇၅ ကေန ဂ်ာကာတာလုိ ေနရာမ်ဳိးေတြမွာ အေမရိကန္ေဒၚလာ ၂၇၅ အထိ ရွိတယ္။ ျမန္မာႏုိင္ငံမွာ အနည္းဆုံးလစာက အေမရိကန္ေဒၚလာ ၈၀။ အင္ဒုိနီးရွားမွာ စုစုေပါင္းလုပ္သားစရိတ္က အေမရိကန္ေဒၚလာ ၃၅၀ ရွိတယ္။ ဂ်ာကာတာမွာဆုိရင္ တစ္လကုိ အေမရိကန္ေဒၚလာ ၄၅၀ ထအိ ျမင့္တက္တယ္။ အဲဒါကုိ ျမန္မာႏုိင္ငံနဲ႔ ယွဥ္ၾကည့္မယ္ဆုိရင္ ဒီမွာ ထမင္းေကၽြးတာေတြ၊ လုပ္သားေတြကုိ ဖယ္ရီႀကိဳပုိ႔ေပးတာေတြ၊ က်န္းမာေရး ေစာင့္ေရွာက္ေပးတာ စတာေတြ အားလုံးပါတဲ့ စုစုေပါင္းလုပ္သားစရိတ္က တစ္ဦးကုိ တစ္လအတြက္ အေမရိကန္ေဒၚလာ ၁၅၀၊ ၁၆၀ မေက်ာ္ပါဘူး’’ လုိ႔ Bhardwaj က ရွင္းျပခဲ့ပါတယ္။


အေတာ့ကုိ တစ္မူထူး
ျမန္မာႏုိင္ငံမွာ ခ်ဳပ္ထည္ေတြ ထုတ္လုပ္တင္ပုိ႔မႈ စန္းထေနတာ မွန္ေပမဲ့ အားနည္းခ်က္ေတြ ရွိေနတာကုိ Sioen Myanmar ရဲ႕ စီမံခန္႔ခြဲမႈက သိတယ္။
ပထမတစ္ခ်က္က ဒီမုိကေရစီနဲ႔ ပတ္သက္လုိ႔ အေတြ႕အႀကံဳ ႏုနယ္ေနတယ္။
ေနာက္တစ္ခ်က္က ဘဏ္လုပ္ငန္း၊ အေကာက္ခြန္၊ အုိင္တီ၊ လွ်ပ္စစ္ဓာတ္အား ရရွိမႈ၊ အေျခခံအေဆာက္အအုံ၊ ကြန္တိန္နာ လမ္းအသုံးျပဳခ်ိန္ စတာေတြမွာ အားနည္းခ်က္ေတြ ရွိေနတယ္။ တုိင္းျပည္ရဲ႕ အထည္ခ်ဳပ္လုပ္ငန္းက႑ဟာ ရန္ကုန္မွာပဲ စုၿပဳံလြန္းေနတယ္။ အဲဒီနယ္ေျမထဲမွာ Sioen က အေျခခ်ၿပီး လုပ္ကုိင္ရတယ္။ ဒီေတာ့ အုိင္ငယ္ေလးတစ္ခုတည္းသာ ရွိတာကုိ ၀ုိင္းအုံခဲၿပီး ငါးမွ်ားေနၾကတဲ့ အျဖစ္မ်ဳိးျဖင့္ ကုိယ့္စက္႐ုံအတြက္ လုိအပ္တဲ့ ကၽြမ္းက်င္လုပ္သားေတြ ရေအာင္ ရွာေဖြစုေဆာင္းရတယ္။ ဒီစက္႐ုံကေန ဟုိစက္႐ုံ ေျပာင္းလုပ္တာေတြလည္း ႀကံဳရတယ္။
အဲဒီစိန္ေခၚမႈေတြကုိ Sioen Myanmar ရင္ဆုိင္ရေပမဲ့ ထိခုိက္မႈေတာ့ သိပ္မမ်ားခဲ့ဘူး။ အခုဆုိရင္ စက္႐ုံမွာ တစ္လကုိ ခ်ဳပ္ထည္ခုေရ ငါးေသာင္း ထုတ္လုပ္ႏုိင္စြမ္း ရွိေနၿပီ ျဖစ္ပါတယ္။ လုပ္သားအင္အား ၇၀၀ ဦးျဖင့္ တစ္လကုိ ခ်ဳပ္ထည္စုစုေပါင္း သုံးေသာင္းခြဲ ထုတ္လုပ္လ်က္ ရွိပါတယ္။ လုပ္သားေတြကုိ သင္တန္းေပးတာမွာ တစ္သုတ္ၿပီး တစ္သုတ္ အင္ဒုိနီးရွားႏုိင္ငံသုိ႔ ေလေၾကာင္းျဖင့္ ပုိ႔ေဆာင္ၿပီး သင္တန္းတက္ေစပါတယ္။ Sioen Myanmar က MGMA မွ စုေဆာင္းေပးတဲ့ အထည္ခ်ဳပ္လုပ္သားေတြကုိလည္း ယခုလုိ သင္တန္းစီစဥ္ေပးလ်က္ ရွိပါတယ္။

ရန္ကုန္ အထည္ခ်ဳပ္ေလာကမွာေတာ့ Sioen Myanmar ဟာ တစ္မူထူးျခားေနပါတယ္။ လစာေတြေပးတာမွာ သမား႐ုိးက် နည္းျဖစ္တဲ့ ေငြသားျဖင့္ ေပးတာထက္ အီလက္ထရြန္နစ္ နည္းလမ္းျဖင့္ ေငြစာရင္းထဲ ထည့္ေပးၿပီး ေအတီအမ္စက္ေတြမွာ လုိသေလာက္ အလီလီ ထုတ္ယူတာ ပုိေကာင္းေၾကာင္း စက္႐ုံမွ လုပ္သားေတြ သေဘာေပါက္လက္ခံေအာင္ ေဆာင္ရြက္ေပးႏုိင္ခဲ့ပါတယ္။ အဲဒီအတြက္ စက္႐ုံအ၀င္၀မွာ ေအတီအမ္စက္ ထားရွိေပးထားပါတယ္။ ေနာက္ထပ္ ထူးျခားခ်က္ တစ္ခုကေတာ့ SAP Enterprise Resource Planning (ERP) system ျဖင့္ supply chain ကုိ စီမံလုပ္ေဆာင္တာဆုိလုိ႔ ျမန္မာမွာ Sioen Myanmar ပဲ ရွိပါတယ္။
ကုန္ထုတ္လုပ္မႈအတြက္ လုိအပ္တဲ့ အထည္အလိပ္ေတြကုိ္ Sioen ကုမၸဏီရဲ႕ မိခင္ႏုိင္ငံ ဘယ္လဂ်ီယံႏုိင္ငံမွ ျမန္မာႏုိင္ငံရွိ ွ Sioen Myanmar ထံသုိ႔ ပုိ႔ေပးပါတယ္။ တခ်ဳိ႕ကုိေတာ့ တ႐ုတ္၊ ကုိရီးယားနဲ႔ တုိင္၀မ္တုိ႔ထံမွ မွာယူပါတယ္။
တစ္ႏွစ္တာကာလအတြင္းမွာ ISO-certificate ႏွစ္ခု ရရွိခဲ့ၿပီး တစ္ခုက အရည္အေသြး အတြက္ ျဖစ္ၿပီး က်န္တစ္ခုကေတာ့ က်န္းမာေရးန႔ဲ ေဘးကင္းေရးအတြက္ ျဖစ္ပါတယ္။
ေနာက္ထပ္ ထူးျခားခ်က္တစ္မ်ဳိးကေတာ့ Sioen Myanmar ဟာ ေနာင္တစ္ခ်ိန္မွာ ေဘးကင္းေအာင္ အကာအကြယ္ေပးတဲ့ အ၀တ္အစားေတြ ထုတ္လုပ္မွာမုိ႔ ယခုကတည္းက လုပ္သားေတြကုိ သင္တန္းေပးတာအတြက္ အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံပါတယ္။ စက္ပစၥည္းကိရိယာ အေကာင္းစားေတြနဲ႔ လုပ္တတ္ကုိင္တတ္ေအာင္ သင္ျပေပးပါတယ္။
စက္႐ုံတြင္း အပူခ်ိန္ကုိ ၈၀ ဒီဂရီ စဲလ္စီးယပ္စ္ေအာက္မွာပဲ ရွိေနေအာင္ ေလသြင္းေလထုတ္စနစ္ျဖင္ ထိန္းေပးထားပါတယ္။ ဒီေတာ့ အျပင္မွာထဲ အၿမဲ ပုိေအးျမတဲ့ေနရာမွာ လုပ္သားေတြ လုပ္ကုိင္ၾကရတဲ့ သာသာအဆင္ေျပမႈကုိ ရရွိေနေစပါတယ္။ အေအးေပးစနစ္အသစ္ေတြကုိလည္း အခါအားေလ်ာ္စြာ တပ္ဆင္ေပးသြားဖုိ႔ အစီအစဥ္ေတြ ရွိပါတယ္။
အထည္ခ်ဳပ္စက္႐ုံထဲမွာ ေအာ္ဟစ္တာ၊ ေငါက္ငန္းတာ၊ တြန္းတာတုိက္တာ စတဲ့ အက်င့္ဆုိးေတြကုိ Sioen Myanmar က လုံး၀သည္းမခံဘဲ တင္းက်ပ္စြာ တားျမစ္ထားပါတယ္။

ကုိးကား Belgian apparel group remains unique in Myanmar

 

UNICODE

Sioen ဘာလို့ မြန်မာပြည်ကို လာရောက်လုပ်ကိုင်သလဲ


ဥရောပဟာ မြန်မာအထည်ချုပ်ကဏ္ဍအတွက် အကြီးမားဆုံး ပြည်ပတင်ပို့သည့် ဈေးကွက် ဖြစ်ပေမဲ့ မြန်မာအထည်ချုပ်ကဏ္ဍထဲမှာ တရုတ်၊ ကိုရီးယားနဲ့ ဂျပန် ကုမ္ပဏီများက ဥရောပကုမ္ပဏီများထက် ပိုများပါတယ်။ တစ်နည်းပြောရရင် အထည်ချုပ်လောကထဲကို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်တာမှာ ဥရောပမှ စီးဝင်တာ နည်းပါးပါတယ်။ ရှားရှားပါးပါး တစ်ခုကတော့ ဘယ်လဂျီယံမှ Sioen Group ဖြစ်ပါတယ်။

ဒေါ်ခိုင်ခိုင်နွှယ်ရဲ့ ရှင်းလင်းတင်ပြမှု

၂ဝ၁၇ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း Myanmar Garment Manufacturers Association (MGMA) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နိုင်ငံတကာအသိုင်းအဝိုင်း ပရိသတ်ရှေ့မှောက်မှာ သူမရဲ့ မြန်မာအထည်ချုပ်လုပ်ငန်းကဏ္ဍ အနာဂတ်အပေါ် မြော်မြင်မှုကို တင်ပြခဲ့ပါတယ်။ အထည်အလိပ်လုပ်ငန်းကဏ္ဍနဲ့ ဖက်ရှင်လုပ်ငန်းကဏ္ဍတို့မှာ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံတွေထံမှ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့ကို မျှော်လင့်တကြီး ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

စာရင်းအင်းတွေအရ မြန်မာအထည်ချုပ်ကဏ္ဍထဲသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်တာမှာ အထည်အလိပ်လုပ်ငန်းကဏ္ဍနဲ့

ဖက်ရှင်လုပ်ငန်းကဏ္ဍတို့မှာ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံတွေထံမှ စီးဝင်ထာ;တာ အတော်နည်းပါတယ်။

အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှ လာရောက်ရင်းနှီးမြှုပ်နှံထာတာ လုပ်ငန်းတစ်ခုမှ မရှိပါဘူး။

ဥရောပမှ ရင်းနှီးမြှုပ်နှံမှုတွေလည်း အတော်နည်းပါးပါတယ်။ ရှားရှားပါးပါး

ဘယ်လဂျီယံ အထည်ချုပ်ကုံပဏီဆိုလို့ Sioen Myanmar Ltd တစ်ခုသာ ရှိပြီး

အိန္ဒိယနိုင်ငံသားမှ ဦးစီးလုပ်ကိုင်ပေးလျက် ရှိပါတယ်။

ဒေါ်ခိုင်ခိုင်နွှယ်က အခုလို ရှင်းလင်းတင်ပြနေချိန်မှာ မြန်မာအထည်ချုပ်ကဏ္ဍဟာ မြန်မြန်ဆန်ဆန် ကြီးထွားနေတာကို

တွေ့ကြရတယ်။ အထည်ချုပ်စက်ရုံ ၄၂၅ ခုမှာ လုပ်သားဦးရေ လေးသိန်းကျော်ကို အလုပ်အကိုင် ပေးထားတယ်။

အဲဒီ အထည်ချုပ် စက်ရုံတွေမှာ ၁၆၁ ခုက ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုပြုထားတာ ဖြစ်ပြီး ၂၂၄ ခုကတော့ ပြည်ပမှ

ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃၄ ရုံက ဖက်စပ်ထူထောင်လုပ်ကိုင်ထားတာ ဖြစ်ပါတယ်။
မြန်မာအထည်ချုပ်နယ်ပယ်မှာ ဝင်ရောက်လုပ်ကိုင်နကြေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်နဲ့ အခြားအာရှကုမ္ပဏီများက အများစု ဖြစ်ပါတယ်။

ယခင်က ဂျပန်နိုင်ငံသို့ ချုပ်ထည်တင်ပို့မှု တန်ဖိုးအရ ပမာဏအများဆုံး ဖြစ်ခဲ့ပြီး ယခုအခါ ဥရောပသို့ အများဆုံး ဖြစ်နပြေီ ဖြစ်ပေမဲ့ ဥရောပမှ ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ဖြစ်နေတာ တွေ့ရပါတယ်။

အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်း ထွန်းကားတဲ့ အိမ်နီးနားချင်းနိုင်ငံ အိန္ဒိယနိုင်ငံထံမှ ရင်းနှီးမြှုပ်နှံမှု မရှိဘူး။

အထည်ချုပ်ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေမှာ

လုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသားလည်း မရှိသလောက် ရှားပါတယ်။ အထူးသဖြင့် လုပ်တတ်ကိုင်တတ်တဲ့

လူတော် talent အိန္ဒိယနိုင်ငံသား အလွန်ရှားပါတယ်။ ရှားရှားပါးပါး

တစ်ယောက်လို့ ဆိုရမယ့်သူကတော့ Manoj Bhardwaj ဆိုသူဖြစ်ပြီး Sioen Myanmar Ltd မှာ

General Director အဖြစ် လုပ်ကိုင်ပါတယ်။ဘယ်လဂျီယံမှ Sioen ရဲ့ လက်ခွဲတစ်ခု ဖြစ်ပြီး နည်းပညာသုံးပြီး အထည်အချောကိုင်ခြင်းနဲ့

ဘေးကင်းကာကွယ်ရေး အဝတ်အစားတွေအတွက် ထုတ်လုပ်တဲ့ အထည်ချုပ်စက်ရုံ ဖြစ်ပါတယ်။


Sioen ဘာလို့ မြန်မာပြည်ကို လာရောက်လုပ်ကိုင်သလဲ
Sioen Group ဟာ အဆင့်မြင်နည်းပညာသုံး အထည်တွေနဲ့ ချုပ်ထည်တွေကို ထုတ်လုပ်ပါတယ်။ ၂ဝ၁၆ ခုနှစ်က ဝင်ငွေ ယူရို ၃၆၃ သန်း ရှိခဲ့တယ်။ ၂ဝ၁၇ ခုနှစ် ပထမ နှစ်ဝက်မှာ ၃၂ ရာခိုင်နှုန်း တိုးခဲ့တယ်။ လုပ်ငန်းကြီးတစ်ခု ဖြစ်ပေမဲ့ မိသားစုပိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ လုပ်ငန်းစု ဖြစ်ပြီး လုပ်ငန်းတွေကို ထောင်လိုက်ပေါင်းစည်းပေါင်းစပ်ပေးထားတယ်။ တောင့်တင်းကျစ်လစ်တဲ့ လုပ်ငန်းစုတစ်ခုဖြစ်ပြီး ၁၉ဝ၇ ခုနှစ်မှာ စတင်ထူထောင်ခဲ့တယ်။ ဘရပ်စ်စယ် စတော့အိပ်ချိန်းမှာ ၁၉၉၆ ခုနှစ်မှ စာရင်းဝင်ခဲ့တယ်။ Sioen Group ရဲ့ အကြီးအကဲ အမျိုးသမီး Michele Sioen ကို ဘယ်လဂျီယံ ဘုရင်မင်းမြတ်က ဘွဲ့ခံမှူးမတ် ဘယ်ရွန်နက်စ် ချီးမြှင့်တော် မူခဲ့ပါတယ်။ သူမဟာ လုပ်ငန်းနယ်ပယ်အချို့မှ အသင်းအဖွဲ့တွေမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ကို်င်ပေးလျက် ရှိပြီး ပြောင်မြောက်တဲ့ စက်မှုလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်တာမို့ သူမရဲ့ အရည်အချင်းတွေအတွက် ယခုလို ဘာရွန်နက်စ်အဖြစ် ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
အဝတ်အစားကဏ္ဍကို လုပ်ကိုင်တဲ့ Sioen Apparel ရဲ့ ရုံးချုပ်က ဘယ်လဂျီယံမှာ အခြေစိုက်ထားပါတယ်။ အထည်ချုပ်စက်ရုံတွေကို ဖင်လန်၊ အက်စ်တိုနီးယား၊ ရိုမေးနီးယား၊ တူနီးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံများမှာ ထားရှိလုပ်ကိုင်ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံဟာ လုပ်သားခတွေ ငါးနှစ်တာအတွင်းမှာ ၃ဝဝ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့တာမို့ ဆွဲဆောင်မှု ယုတ်လျော့နေပါတယ်။ နောက်တစ်ချက်က အထည်ချုပ်မှာ လုပ်ကိုင်မယ့် လုပ်သား ရရှိနိုင်မှုဟာ မြို့တော် ဂျာကာတာတစ်ဝိုက်မှာ တစ်စထက်တစ် လျော့နည်းလာနေတဲ့ပြဿနာ ရှိနေတယ်။ ဒီတော့ လုပ်သားခ စရိတ်ထောင်းလို့ မိတ်အင် အင်ဒိုနီးရှား ချုပ်ထည်တွေဟာ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးနေလို့ တချို့ဝယ်လက်တွေက လက်ရှောင်ကြတယ်။
Sioen Apparel ရဲ့ စီအီးအို Bart Vervaecke က ဂရုတစိုက်ဖြင့် ချိန်ဆကြည့်ပြီးတဲ့အခါ ၂ဝ၁၄ ခုနှစ် မေလမှာ ရင်းနှီးမြှုပ်နှံမှု အသစ်ပြုဖို့အတွက် မြန်မာနိုင်ငံဟာ အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
Bart Vervaecke က ယှဉ်ပြိုင်နိုင်စွမ်းတွေကို လေ့လာစူးစမ်းခဲ့တယ်။ Sub-Sahara Africa (အာဖရိကတိုက် ဆာဟာရသဲကန္တရ တောင်ဖက်ရှိနိုင်ငံများ) ဒေသမှာ ကုန်ကြမ်းနဲ့ ကျွမ်းကျင်လုပ်သား ရရှိမှု မလွယ်ကူတာကို တွေ့ရတယ်။ အထည်ချုပ် လုပ်ကို်င်ဖို့ အာရုံစိုက်ကြတဲ့ အရှေ့တောင်အာရှ ငါးနိုင်ငံ(ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်) တို့ကိုလည်း သူ လေ့လာဆန်းစစ်ခဲ့တယ်။

ဖတ်ရှုရန်လင့်ခ်
အအထည်ချုပ်ကဏ္ဍ ၂၀၂၀ သုံးသပ်ချက်

 

အကောင်အထည်ဖော်ပြီ
Sioen Apparel က မြန်မာနိုင်ငံ၏ အနာဂတ်ဟာ CMP (cut, make, pack) ချုပ်ထည်များ ထုတ်လုပ်သူ ဖြစ်မယ်လို့ ယုံကြည်တယ်။ လုပ်ခလစာအဆင့်အတန်းကလည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်။ ပြီးတော့ အီးယူက မြန်မာနိုင်ငံကို အထူးအခွင့်အရေး ပေးထားတာ ရှိနေတယ်။ လက်နက်မှတစ်ပါး ကျန်တာအားလုံး မြန်မာနိုင်ငံမှ အီးယူကို တင်ပို့ရင် ခွဲတမ်းသတ်မှတ်ချက် မရှိ၊ အကောက်ခွန်လည်း ကင်းလွတ်ခွင့် ပေးထားတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အခုလို အခွင့်အရေး ထူးထူးခြားခြား မရတဲ့အတွက် အင်ဒိုနီးရှားမှ အီးယူသို့ ချုပ်ထည်တွေ တင်ပို့တဲ့အခါ အကောက်ခွန် ၁၂ ရာခိုင်နှုန်း စည်းကြပ်ခံရပါတယ်။
လုပ်သားရရှိနိုင်မှုကိုကြည့်ရင် မြန်မာနိုင်ငံမှ ရှိတဲ့ လူဦးရေထံမှ လုပ်သားတွေ ရရှိနိုင်ပါတယ်။ ပြီးတော့ မြန်မာလုပ်သားတွေရဲ့ သဘောထားအမြင်မှာ ဘာသာရေးရဲ့ အဆုံးအမတွေက ကောင်းမှုပြုဖို့ စိတ်စေတနာ ရှိနကြေတာဟာလည်း နှစ်သက်လေးစားစရာ ဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ် မေလမှာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုပြုရန်နေရာအဖြစ် ရွေးချယ်ဆုံးဖြတ်ခဲ့ပြီး Sioen မှ Manoj Bhardwajနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့ဟာ၎င်းနှစ် နိုဝင်ဘာလမှာ ရန်ကုန်ကို လေကြောင်းခရီးဖြင့် လာရောက်ခဲ့ကြတယ်။ ကွင်းဆင်းလေ့လာကြပြီးတဲ့အခါ စီအီးအိုရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သူတို့ သဘောတူကြတယ်။ ပြီးတဲ့အခါမှာတော့ Bhardwaj ကို ပရိုဂျက်မန်နေဂျာအဖြစ် တာဝန်ပေးတယ်။ နောက်တစ်ချိန်မှာ အထွေထွေ မန်နေဂျာ ဖြစ်ဖို့ လျာထားတယ်။ လုပ်စရာကိုင်စရာရှိတာတွေကို အရှိန်တင်ပြီး လုပ်ကိုင်ကြတယ်။

မြေနဲ့ အဆောက်အဦ ငှါးရမ်းခတွေ ကြီးလေးတဲ့ ရန်ကုန်မြို့မှာ အဆောက်အဦကို ရှာဖွေရရှိခဲ့ကြတယ်။ ကုမ္ပဏီ ထူထောင်တယ်။ MIC (Myanmar Investment Commission) ရဲ့ ခွင့်ပြုချက် ရယူတယ်။ လုပ်သားတွေ စုဆောင်းတယ်။ ပြည်တွင်းမှာ အချိတ်အဆက် ကွန်ရက် ထူထောင်တယ်။ တိုးချဲ့တယ်။ အထည်ချုပ်စက်ရုံကို ထူထောင်တယ်။ လိုင်းတွေ တစ်လိုင်းပြီးတစ်လိုင်း နေရာချတယ်။ Juki နဲ့ Brother ချုပ်စက်တွေ နေရာချတယ်။ စက်ချုပ်သမတွေကို သင်တန်းပေးတယ်။

Sioen ရဲ့ အထည်ချုပ်စက်ရုံမှာ ပထမအသုတ် လုပ်သား ၁ဝဝ ကို စုဆောင်းရတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့တယ်။ အဲဒီ ပထမအသုတ်လုပ်သား ၁ဝဝ ဟာ ကုမ္ပဏီရဲ့ စိတ်ဓာတ်ဖြစ်တဲ့ “Sioen Spirit” ကို အတွေ့အကြုံ ရရှိခဲ့ပြီးချိန်မှာတော့ မိသားစုဝင်တွေနဲ့ အပေါင်းအသင်းတွေဟာ သူတို့ရဲ့ ခြေရာကို နင်းဖို့ လွယ်ကူသွားခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် ဇွန်လမှာတော့ Sioen Apparel ရဲ့ ညွှန်မှူးတစ်ဦး ဖြစ်ပြီး Sioen မျိုးနွယ်ဝင် Jacqueline Sioen ဟာ အတည်ချုပ်စက်ရုံကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ Sioen အထည်ချုပ်စက်ရုံက လည်ပတ်နေပါပြီ။ ချုပ်ထည်တွေကို ထုတ်လုပ်နေပါပြီ။ တစ်နည်းပြောရရင် ခြောက်လဝန်းကျင်အတွင်းမှာ ယခုလို ကုန်ထုတ်လုပ်တဲ့အခြေအနေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Bhardwaj ဟာ အိနိယနိုင်ငံ နယူးဒေလီမြို့ရှိ National Institute of Fashion Technology (NIFT) မှာ ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။

အဲဒီ အင်တစီကျုက ဖက်ရှင်ဒီဇိုင်း၊ စီမံခန့်ခွဲမှုနဲ့ နည်းပညာတို့ကို ကျွမ်းကျင်အောင် ပေါင်းစပ်သင်ကြားပေးပါတယ်။

အလုပ်ထဲရောက်တော့ Juki India မှာ လုပ်ကိုင်ခဲ့တယ်။ နောက်တော့ Maya Export Corporation မှာ လုပ်ကိုင်တယ်။

နောက်တော့ အင်ဒိုနီးရှားနိုင်ငံမှာ Bhardwaj အလုပ်လုပ်ခဲ့တယ်။ အင်ဒိုနီးရှားရဲ့ အကြီးမားဆုံး အဝတ်အစား ပြည်ပတင်ပို့တဲ့ လုပ်ငန်းကြီး Busana Apparel Group မှာ ၁၁ နှစ်တိုင်တိုင် လုပ်ကိုင်ခဲ့တယ်။

နောက်တော့ အခု သူလုပ်ကိုင်နေတဲ့ Sioen ရဲ့ အင်ဒိုနီးရှားမှာ ရှိတဲ့ စက်ရုံတွေထဲမှာ Belgian Group Sioen ရဲ့ စက်ရုံတစ်ခုမှာ ၂ဝ၁၂ ခုနှစ်မှာ လုပ်ကိုင်ခဲ့တယ်။
၂ဝ၁၅ ခုနှစ်မှာ မလွယ်ကူတဲ့ တာဝန်ကို သူထမ်းဆောင်ခဲ့ရတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မိသားစုနဲ့ အခြေတကျ နေထိုင်နေရာမှ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို လာရောက်ပြီး Sioen ရဲ့ စက်ရုံသစ်တစ်ခု ထူထောင်ပေးခဲ့ရတယ်။

သူက အင်ဒိုနီးရှားနိုင်ငံရဲ့ ချုပ်ထည်ထုတ်လုပ်မှုရဲ့ အနာဂတ်ဟာ ကြီးမားမှာ မဟုတ်ဘူးလို့ ယူဆထားသူ ဖြစ်ပါတယ်။

‘‘ကြည့်လိုက်ပါဦး။ အဲဒီမှာ အထည်ချုပ်လုပ်သားတစ်ဦးရဲ့ အနည်းဆုံး လစာက အမေရိကန်ဒေါ်လာ ၁၇၅ ကနေ ဂျာကာတာလို နေရာမျိုးတွေမှာ အမေရိကန်ဒေါ်လာ ၂၇၅ အထိ ရှိတယ်။

မြန်မာနိုင်ငံမှာ အနည်းဆုံးလစာက အမေရိကန်ဒေါ်လာ ၈ဝ။ အင်ဒိုနီးရှားမှာ စုစုပေါင်းလုပ်သားစရိတ်က အမေရိကန်ဒေါ်လာ ၃၅ဝ ရှိတယ်။ ဂျာကာတာမှာဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၄၅ဝ ထအိ မြင့်တက်တယ်။

အဲဒါကို မြန်မာနိုင်ငံနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဒီမှာ ထမင်းကျွေးတာတွေ၊ လုပ်သားတွေကို ဖယ်ရီကြိုပို့ပေးတာတွေ၊ ကျန်းမာရေး စောင့်ရှောက်ပေးတာ စတာတွေ အားလုံးပါတဲ့ စုစုပေါင်းလုပ်သားစရိတ်က တစ်ဦးကို တစ်လအတွက်

အမေရိကန်ဒေါ်လာ ၁၅ဝ၊ ၁၆ဝ မကျော်ပါဘူး’’ လို့ Bhardwaj က ရှင်းပြခဲ့ပါတယ်။


အတော့ကို တစ်မူထူး
မြန်မာနိုင်ငံမှာ ချုပ်ထည်တွေ ထုတ်လုပ်တင်ပို့မှု စန်းထနေတာ မှန်ပေမဲ့ အားနည်းချက်တွေ ရှိနေတာကို Sioen Myanmar ရဲ့ စီမံခန့်ခွဲမှုက သိတယ်။
ပထမတစ်ချက်က ဒီမိုကရေစီနဲ့ ပတ်သက်လို့ အတွေ့အကြုံ နုနယ်နေတယ်။
နောက်တစ်ချက်က ဘဏ်လုပ်ငန်း၊ အကောက်ခွန်၊ အိုင်တီ၊ လျှပ်စစ်ဓာတ်အား ရရှိမှု၊ အခြေခံအဆောက်အအုံ၊ ကွန်တိန်နာ လမ်းအသုံးပြုချိန် စတာတွေမှာ အားနည်းချက်တွေ ရှိနေတယ်။ တိုင်းပြည်ရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍဟာ ရန်ကုန်မှာပဲ စုပြုံလွန်းနေတယ်။ အဲဒီနယ်မြေထဲမှာ Sioen က အခြေချပြီး လုပ်ကိုင်ရတယ်။ ဒီတော့ အိုင်ငယ်လေးတစ်ခုတည်းသာ ရှိတာကို ဝိုင်းအုံခဲပြီး ငါးမျှားနကြေတဲ့ အဖြစ်မျိုးဖြင့် ကိုယ့်စက်ရုံအတွက် လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေ ရအောင် ရှာဖွေစုဆောင်းရတယ်။ ဒီစက်ရုံကနေ ဟိုစက်ရုံ ပြောင်းလုပ်တာတွေလည်း ကြုံရတယ်။
အဲဒီစိန်ခေါ်မှုတွေကို Sioen Myanmar ရင်ဆိုင်ရပေမဲ့ ထိခိုက်မှုတော့ သိပ်မများခဲ့ဘူး။ အခုဆိုရင် စက်ရုံမှာ တစ်လကို ချုပ်ထည်ခုရေ ငါးသောင်း ထုတ်လုပ်နိုင်စွမ်း ရှိနပြေီ ဖြစ်ပါတယ်။ လုပ်သားအင်အား ၇ဝဝ ဦးဖြင့် တစ်လကို ချုပ်ထည်စုစုပေါင်း သုံးသောင်းခွဲ ထုတ်လုပ်လျက် ရှိပါတယ်။ လုပ်သားတွေကို သင်တန်းပေးတာမှာ တစ်သုတ်ပြီး တစ်သုတ် အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းဖြင့် ပို့ဆောင်ပြီး သင်တန်းတက်စေပါတယ်။ Sioen Myanmar က MGMA မှ စုဆောင်းပေးတဲ့ အထည်ချုပ်လုပ်သားတွေကိုလည်း ယခုလို သင်တန်းစီစဉ်ပေးလျက် ရှိပါတယ်။

ရန်ကုန် အထည်ချုပ်လောကမှာတော့ Sioen Myanmar ဟာ တစ်မူထူးခြားနေပါတယ်။ လစာတွေပေးတာမှာ သမားရိုးကျ နည်းဖြစ်တဲ့ ငွေသားဖြင့် ပေးတာထက် အီလက်ထရွန်နစ် နည်းလမ်းဖြင့် ငွေစာရင်းထဲ ထည့်ပေးပြီး အေတီအမ်စက်တွေမှာ လိုသလောက် အလီလီ ထုတ်ယူတာ ပိုကောင်းကြောင်း စက်ရုံမှ လုပ်သားတွေ သဘောပေါက်လက်ခံအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအတွက် စက်ရုံအဝင်ဝမှာ အေတီအမ်စက် ထားရှိပေးထားပါတယ်။ နောက်ထပ် ထူးခြားချက် တစ်ခုကတော့ SAP Enterprise Resource Planning (ERP) system ဖြင့် supply chain ကို စီမံလုပ်ဆောင်တာဆိုလို့ မြန်မာမှာ Sioen Myanmar ပဲ ရှိပါတယ်။
ကုန်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အထည်အလိပ်တွေကို် Sioen ကုမ္ပဏီရဲ့ မိခင်နိုင်ငံ ဘယ်လဂျီယံနိုင်ငံမှ မြန်မာနိုင်ငံရှိှ Sioen Myanmar ထံသို့ ပို့ပေးပါတယ်။ တချို့ကိုတော့ တရုတ်၊ ကိုရီးယားနဲ့ တိုင်ဝမ်တို့ထံမှ မှာယူပါတယ်။
တစ်နှစ်တာကာလအတွင်းမှာ ISO-certificate နှစ်ခု ရရှိခဲ့ပြီး တစ်ခုက အရည်အသွေး အတွက် ဖြစ်ပြီး ကျန်တစ်ခုကတော့ ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက် ဖြစ်ပါတယ်။
နောက်ထပ် ထူးခြားချက်တစ်မျိုးကတော့ Sioen Myanmar ဟာ နောင်တစ်ချိန်မှာ ဘေးကင်းအောင် အကာအကွယ်ပေးတဲ့ အဝတ်အစားတွေ ထုတ်လုပ်မှာမို့ ယခုကတည်းက လုပ်သားတွေကို သင်တန်းပေးတာအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံပါတယ်။ စက်ပစ္စည်းကိရိယာ အကောင်းစားတွေနဲ့ လုပ်တတ်ကိုင်တတ်အောင် သင်ပြပေးပါတယ်။
စက်ရုံတွင်း အပူချိန်ကို ၈ဝ ဒီဂရီ စဲလ်စီးယပ်စ်အောက်မှာပဲ ရှိနေအောင် လေသွင်းလေထုတ်စနစ်ဖြင် ထိန်းပေးထားပါတယ်။ ဒီတော့ အပြင်မှာထဲ အမြဲ ပိုအေးမြတဲ့နေရာမှာ လုပ်သားတွေ လုပ်ကိုင်ကြရတဲ့ သာသာအဆင်ပြေမှုကို ရရှိနေစေပါတယ်။ အအေးပေးစနစ်အသစ်တွေကိုလည်း အခါအားလျော်စွာ တပ်ဆင်ပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။
အထည်ချုပ်စက်ရုံထဲမှာ အော်ဟစ်တာ၊ ငေါက်ငန်းတာ၊ တွန်းတာတိုက်တာ စတဲ့ အကျင့်ဆိုးတွေကို Sioen Myanmar က လုံးဝသည်းမခံဘဲ တင်းကျပ်စွာ တားမြစ်ထားပါတယ်။

ကိုးကား Belgian apparel group remains unique in Myanmar

Read 2174 times
Rate this item
(1 Vote)
Tagged under