What's new

×

Warning

JUser: :_load: Unable to load user with ID: 845


YCDC ၏ဆင်ခြေဖုံးဒေသ မြေများကို တစ်စတုရန်းလျှင် ၅ မှ ၁၃ ဒေါ်လာကြား သတ်မှတ်၍ ငှားရမ်းမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီက စီမံခန့်ခွဲနိုင်သည့် ဆင်ခြေဖုံးဒေသ (Sub-Urban) ရှိ မြေများကို တစ်စတုရန်းမီတာလျှင် ငါးဒေါ်လာမှ ၁၃ ဒေါ်လာကြား သတ်မှတ်၍

 

ရင်းနှီးမြှုပ်နှံသူများကို ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

“မြေရဲ့တည်နေရာအပေါ် မူတည်ပြီးတော့ မှ ဆင်ခြေဖုံးဒေသတွေ တစ်စတုရန်းမီတာကို ၅ ဒေါ်လာကနေ ၁၃ ဒေါ်လာက လက်ရှိပြင်ပပေါက်ဈေးနှုန်းကို နည်းနည်းအခြေခံပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့  ပုဂ္ဂိုလ်တွေလည်းပဲ ရင်းနှီးမြှုပ်နှံမှု အခြေအနေရှိအောင် မြေဈေးနှုန်းကို အနိမ့်ဆုံးနဲ့ အမြင့်ဆုံး သတ်မှတ်တာပါ။ အဲဒီနေရာတွေကတော့ များသောအားဖြင့် စက်မှုလက်မှုလုပ်ငန်းတွေ လာပြီးလုပ်တဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ငါးဒေါ်လာထားတာ။ ပုဂ္ဂလိကပိုင်တဲ့ မြေကို အထည်ချုပ်လုပ်ငန်းတွေ၊ အခြားစက်မှုလက်မှုလုပ်ငန်းတွေ လာရောက်ငှားရမ်းနေတဲ့  ဈေးနှုန်းတွေကလည်းပဲ မြေပိုင်ရှင်ကိုယ်တိုင် ရင်းနှီးမြှုပ်နှံသူအနေနဲ့ ပါတာတောင်မှ အနည်းဆုံး တစ်စတုရန်းမီတာကို သုံးဒေါ်လာ ပေးရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီက စီမံခန့်ခွဲနိုင်တဲ့  မြေတွေပေါ်မှာ ရင်းနှီးမြှုပ်နှံချင်တယ်။ အကျိုးတူလုပ်ချင်တယ်။ မြေငှားချင်တယ်ဆိုရင် စောစောက သတ်မှတ်ထားတဲ့  Sub-Urban မှာ ငါးဒေါ်လာကနေ ၁၃ ဒေါ်လာအထိ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်” ဟု ဦးသန်းက ပြောကြားသည်။

ရန်ကုန်မြို့အတွင်း ဆင်ခြေဖုံးဒေသ (Sub-Urban) အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များမှာ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ဒဂုံတောင်ပိုင်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့ကို သတ်မှတ်ထားကြောင်း ဦး
သန်းက ရှင်းလင်းပြောကြားသည်။
“တော်တော်များများ ရင်းနှီးမြှုပ်နှံနိုင်တာက ဆင်ခြေဖုံးဒေသ မြို့သစ်တွေ ရွှေပြည်သာတို့ လှိုင်သာယာတို့ ဒဂုံမြို့သစ်လေးမြို့နယ်တို့ အဲဒီနေရာတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံနိုင်တဲ့ မြေတွေ ရှိပါတယ်”
ဟု ဦးသန်းက ပြောကြားသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း အထည်ချုပ်လုပ်ငန်းများကို လက်ရှိထက်တိုးချဲ့ပြီး ကြီးကြီးမားမား ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီသို့လာရောက်ဆွေးနွေးထားကြောင်း သိရသည်။
“ရှိပြီးသားစက်မှုဇုန်တွေမှာလည်း ဥပမာ အထည်ချုပ်၊ အထည်ချုပ်လိုလုပ်ငန်းမှာ ကြီးကြီးမားမား လုပ်ဆောင်ချင်တယ်ဆိုပြီး လာစုံစမ်းတာတွေလည်း ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ဒေါ်လာ ငါးသန်း သို့မဟုတ် ကျ ပ်ငွေ သန်းခြောက်ထောင်အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက ခွင့်ပြုပေးနိုင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ဒေါ်လာ ငါးသန်းရင်းနှီးမြှုပ်နှံမှု ပမာဏရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီက တစ်လမှ တစ်လခွဲအတွင်း ပါမစ်ရရှိအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
“ရင်းနှီးမြှုပ်နှံမှု ဒေါ်လာငါးသန်းနဲ့ အထက်ဆို ပြည်ထောင်စုအစိုးရကို နောက်ထပ်တစ်ဆင့် တင်ရပါတယ်။ ကျ ပ်ငွေနဲ့ဆို သန်းခြောက်ထောင်နဲ့ အထက်ဆို ပြည်ထောင်စုကို တစ်ဆင့်တင်ရပါတယ်။ ဒီကျ ပ်သန်းခြောက်ထောင်အောက် ဒေါ်လာငါးသန်းအောက်ဆိုလို့ရှိရင် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု ကော် မတီနဲ့ပဲ အကုန်လုံး အစစအရာရာ တစ်လအတွင်းလောက်မှာ ဒီ Proposal တွေကို ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီမှာ ကြားနာပြီး ခေါ်ယူစစ်ဆေးပြီးတော့ ရင်းနှီးမြှုပ်နှံမှုပါမစ်ကို အမြန်ဆုံးရအောင် ချပေးပါတယ်။
တစ်လနှင့် တစ်လခွဲ အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုပါမစ်ကို ချပေးပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုးက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

source eleven media group

Read 933 times
Rate this item
(0 votes)