What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန္ကုန္အထည္ခ်ဳပ္လုပ္သားတု႔ိ အေၾကာင္း

ရန္ကုန္ၿမိဳ႕တြင္ အထည္ခ်ဳပ္စက္႐ုံ ႏွစ္ရာေက်ာ္ ရွိသည့္အနက္ ၉၅% ၀န္းက်င္မွာ ျပည္ပလုပ္ငန္းပုိင္မ်ားျဖစ္ၾကသည္။

အထည္ခ်ဳပ္စက္႐ုံအမ်ားစုသည္ ေရႊျပည္သာၿမိဳ႕နယ္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္တုိ႔တြင္ တည္ရွိၾကသည္။ ထုိၿမိဳ႕နယ္ႏွစ္ခုတြင္ စစ္တမ္းေကာက္ယူခဲ့ရာ၌ အထည္ခ်ဳပ္လုပ္သားမ်ားတြင္ အမ်ားစုမွာ အမ်ဳိးသမီးမ်ား ျဖစ္ၾကသည္။ အလုပ္သဘာ၀အရ စက္ခ်ဳပ္၊ အေထြေထြ၊ အကူ၊ အရည္အေသြး က်ဴစီ၊ စာေရး အလုပ္မ်ားတြင္ အားလုံးနီးပါးသည္ အမ်ဳိးသမီးမ်ား ျဖစ္ၾကၿပီး လုံၿခဳံေရး၊ အထည္သားျဖတ္ေတာက္ျခင္း၊ စက္ျပင္ အလုပ္မ်ားတြင္ အမ်ဳိးသားမ်ားသည္ အမ်ားစု ျဖစ္သည္။ စက္႐ုံတြင္ အမ်ဳိးသမီးမ်ားသည္ လူမ်ားစုျဖစ္သည္။ လုပ္ငန္းသဘာ၀အရ အမ်ဳိးသမီးမ်ားကုိ ဦးစားေပး ခန္႔ထားၾကသည္။ ေနာက္တစ္ခ်က္မွာ အမ်ဳိးသားလုပ္သားတုိ႔သည္ သမဂၢလႈပ္ရွားမႈမ်ားတြင္ ပါ၀င္ၿပီး အလုပ္သမားေခါင္းေဆာင္ အျဖစ္သုိ႔ ေရာက္ရွိသြားေလ့ရွိသည္။ ထုိအခါ ဆႏၵျပရန္ လုပ္ေဆာင္သူျဖစ္လာေလ့ရွိသျဖင့္ စက္႐ုံ၏ စီမံခန္႔ခြဲမႈသည္ အမ်ဳိးသမီးမ်ား လုပ္ကုိင္၍ရသည့္ ေနရာမ်ားတြင္ အမ်ဳိးသားမ်ားကုိ အလုပ္ခန္႔ရန္ ေနာက္တြန္႔ေလ့ ရွိသည္။
ရန္ကုန္ၿမိဳ႕သုိ႔ တစ္နယ္တစ္ေက်းမွ လာေရာက္လုပ္ကုိင္ၾကရာ၌ အမ်ားစုမွာ ေက်းလက္မ်ားမွ ျဖစ္ၾကသည္။ ရန္ကုန္ၿမိဳ႕ အထည္ခ်ဳပ္ေလာကမွ အဆက္အသြယ္ျဖင့္ ေရာက္လာၾကၿပီး အလုပ္ရရွိၾကသူမ်ားသည္ အမ်ားစု ျဖစ္သည္။ သူတုိ႔သည္ ပညာေရး အဆင့္ႏွင့္ပတ္သက္၍ အေထာက္အထား စာရြက္စာတမ္း ျပသဖုိ႔ မလုိအပ္ေခ်။ ထုိသုိ႔သာ စာရြက္စာတမ္း အေထာက္အထားျပသရမည္ဆုိပါက အလုပ္ရၾကမည္ မဟုတ္ေခ်။ သူတုိ႔အဖုိ႔ ပညာအရည္အခ်င္းအတြက္ ခုိင္လုံသည့္ အေထာက္အထား စာရြက္စာတမ္း မရွိၾကေခ်။ ထုိအခ်က္ေၾကာင့္ အထည္ခ်ဳပ္က႑သုိ႔ ၀င္ေရာက္လုပ္ကုိင္ ျဖစ္ၾကသည္။ ရြာတြင္ အလုပ္အကုိင္ရဖုိ႔ ခဲယဥ္းေနၿပီး အမ်ားစုသည္ တစ္ကုိယ္ေရ အေၾကြး တင္ေနျခင္းေၾကာင့္ျဖစ္ေစ၊ မိသားစုတြင္ အေၾကြး ရွိေနျခင္းေၾကာင့္ျဖစ္ေစ၊ မိသားစု စီးပြားေရး မေျပလည္ျခင္းေၾကာင့္ျဖစ္ေစ ရြာကုိ စြန္႔ခြာၿပီး ၿမိဳ႕သုိ႔တက္၍ အလုပ္လုပ္ၾကသည္။ ပညာအရည္အခ်င္း နိမ့္က်သျဖင့္ အထည္ခ်ဳပ္အလုပ္ထက္ ပုိေကာင္းေသာ အလုပ္ကုို ရရွိဖုိ႔ မလြယ္ကူေခ်။
အလယ္တန္းေက်ာင္း ပညာေရးအထိ သင္ယူခဲ့သူဦးေရသည္ စစ္တမ္းအရ ၄၆% ရွိသည္။ မူလတန္းေက်ာင္းပညာေရးကုိသာ သင္ယူခဲ့ရသူဦးေရသည္ ၂၇% ရွိသည္။ အထက္တန္းေက်ာင္းပညာေရး ၿပီးဆုံးသည္အထိ သင္ယူခဲ့ရသူ ဦးေရသည္ ၇ % ရွိသည္။ လႈိင္သာယာၿမိဳ႕နယ္တြင္ လုပ္ကုိင္ေနသူမ်ားႏွင့္ ေရႊျပည္သာၿမိဳ႕နယ္မ်ားတြင္ လုပ္ကုိင္ေနသူမ်ားတုိ႔ကုိ ပညာရည္အဆင့္ျဖင့္ ႏိႈင္းယွဥ္ၾကည့္ေသာအခါ ၿမိဳ႕နယ္အလုိက္ ကြဲျပားေနေသာ အေျခအေနကုိ ေတြ႕ရသည္။ မူလတန္းေက်ာင္းပညာ သင္ယူခဲ့ၾကသူဦးေရတြင္ လႈိင္သာယာက အခ်ဳိးအစားအရ ပုိမ်ားသည္။ အလယ္တန္း ေက်ာင္းပညာ သင္ယူခဲ့ၾကသူဦးေရတြင္ ေရႊျပည္သာက အခ်ဳိးအစားအရ ပုိမ်ားသည္။ အထက္တန္း သင္ယူခဲ့ၾကသူဦးေရတြင္ ၿမိဳ႕နယ္ႏွစ္ခုတုိ႔၏ အခ်ဳိးအစားမ်ား ကြာျခားမႈ မသိသာလွသည္ကုိ ေတြ႕ရသည္။

garment education level


အားလုံးနီးပါးသည္ ရြာရွိ မိသားစုထံ ေငြျပန္ပုိ႔ကာ မိသားစုကုိ ေထာက္ပံ့ၾကရသည္။
အလုပ္ခြင္တြင္ တစ္ပတ္ ေျခာက္ရက္ လုပ္ကုိင္ၾကၿပီး ေန႔စဥ္ ၈ နာရီမွ ၁၀ နာရီအထိ လုပ္ကုိင္ၾကသူမွာ အမ်ားစုျဖစ္သည္။ အခ်ဳိ႕က တစ္ေန႔ ၁၂ နာရီအထိ လုပ္ကုိင္ၾကသည္မွာ ပုံမွန္လုိလုိ ျဖစ္သည္။

အေျခခံလစာအျပင္ အခ်ိန္ပုိလုပ္ခ အေရးပါသည္ကုိ ဖတ္႐ႈရန္လင့္ခ္

လစာနဲ႔ အခ်ိန္ပုိလုပ္ခအေၾကာင္း

အထည္ခ်ဳပ္စက္႐ုံတြင္ လုပ္ကုိင္ၾကသူတုိ႔သည္ စက္႐ုံမွ ထုတ္ျပန္ထားေသာ စည္းကမ္းမ်ားကုိ လုိက္နာၾကရသည္။ ေစခုိင္းသည့္ အလုပ္၀န္ထုပ္၀န္ပုိးကုိ ၿပီးစီးေအာင္ လုပ္ကုိင္ၾကရသည္။ ထုိ႔အတြက္ မေက်မနပ္ျဖစ္မိရသည္မ်ား ရွိေနသည္။
စက္႐ုံစည္းကမ္းမ်ားသည္ တစ္ဖက္သတ္ဆန္ၿပီး ဖိႏွိပ္ခ်ဳပ္ခ်ယ္ရာ ေရာက္သည္။ အနားယူခ်ိန္ကုိ ခ်ဳပ္ခ်ယ္ထားသည္။ အိမ္သာသြားမွအစ ေန႔လည္စာစားခ်ိန္အဆုံး သတ္မွတ္ကန္႔သတ္ထားသည္။ သနပ္ခါးလိမ္းပါက အထည္စကုိ ေပက်ံမည္။ သုိ႔ျဖစ္ရာ သနပ္ခါးလိမ္းခြင့္ ပိတ္ပင္ထားသည္။ ကြမ္းစားျခင္းကုိ တားျမစ္သည္။ သြားရည္စာလည္း မစားရေခ်။ ေရေသာက္ဖုိ႔ကုိပင္လွ်င္ ဆင္ျခင္ရသည္။ ေရအေသာက္မ်ားက ဆီးသြားတာ မ်ားမည္။ ထုိအခါ လုပ္လက္စအလုပ္ တန္းလန္း ရပ္ထားရသည့္ အခ်ိန္မ်ားမည္။ စူပါက ၿငိဳျငင္မည္။

ခြင့္ရက္ ရယူဖုိ႔လည္း မလြယ္ေခ်။ နာမက်န္ခြင့္အပါအ၀င္ ခြင့္ယူပါက ရက္ပ်က္ျဖစ္မည္။ ထုိအခါ တစ္လတစ္ခါေပးသည့္ ရက္မွန္ဆုေၾကးကုိ မရေတာ့ေခ်။ ထုိ႔အျပင္ ပ်က္ရက္အတြက္ လစာအျဖတ္ခံရမည္။

 

uni

ရန်ကုန်အထည်ချုပ်လုပ်သားတို့ အကြောင်း

ရန်ကုန်မြို့တွင် အထည်ချုပ်စက်ရုံ နှစ်ရာကျော် ရှိသည့်အနက် ၉၅% ဝန်းကျင်မှာ ပြည်ပလုပ်ငန်းပိုင်များဖြစ်ကြသည်။ အထည်ချုပ်စက်ရုံအများစုသည် ရွှပြေည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တည်ရှိကြသည်။ ထိုမြို့နယ်နှစ်ခုတွင် စစ်တမ်းကောက်ယူခဲ့ရာ၌ အထည်ချုပ်လုပ်သားများတွင် အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ အလုပ်သဘာဝအရ စက်ချုပ်၊ အထွေထွေ၊ အကူ၊ အရည်အသွေး ကျူစီ၊ စာရေး အလုပ်များတွင် အားလုံးနီးပါးသည် အမျိုးသမီးများ ဖြစ်ကြပြီး လုံခြုံရေး၊ အထည်သားဖြတ်တောက်ခြင်း၊ စက်ပြင် အလုပ်များတွင် အမျိုးသားများသည် အများစု ဖြစ်သည်။ စက်ရုံတွင် အမျိုးသမီးများသည် လူများစုဖြစ်သည်။ လုပ်ငန်းသဘာဝအရ အမျိုးသမီးများကို ဦးစားပေး ခန့်ထားကြသည်။ နောက်တစ်ချက်မှာ အမျိုးသားလုပ်သားတို့သည် သမဂ္ဂလှုပ်ရှားမှုများတွင် ပါဝင်ပြီး အလုပ်သမားခေါင်းဆောင် အဖြစ်သို့ ရောက်ရှိသွားလေ့ရှိသည်။ ထိုအခါ ဆန္ဒပြရန် လုပ်ဆောင်သူဖြစ်လာလေ့ရှိသဖြင့် စက်ရုံ၏ စီမံခန့်ခွဲမှုသည် အမျိုးသမီးများ လုပ်ကိုင်၍ရသည့် နေရာများတွင် အမျိုးသားများကို အလုပ်ခန့်ရန် နောက်တွန့်လေ့ ရှိသည်။
ရန်ကုန်မြို့သို့ တစ်နယ်တစ်ကျေးမှ လာရောက်လုပ်ကိုင်ကြရာ၌ အများစုမှာ ကျေးလက်များမှ ဖြစ်ကြသည်။ ရန်ကုန်မြို့ အထည်ချုပ်လောကမှ အဆက်အသွယ်ဖြင့် ရောက်လာကြပြီး အလုပ်ရရှိကြသူများသည် အများစု ဖြစ်သည်။ သူတို့သည် ပညာရေး အဆင့်နှင့်ပတ်သက်၍ အထောက်အထား စာရွက်စာတမ်း ပြသဖို့ မလိုအပ်ချေ။ ထိုသို့သာ စာရွက်စာတမ်း အထောက်အထားပြသရမည်ဆိုပါက အလုပ်ရကြမည် မဟုတ်ချေ။ သူတို့အဖို့ ပညာအရည်အချင်းအတွက် ခိုင်လုံသည့် အထောက်အထား စာရွက်စာတမ်း မရှိကြချေ။ ထိုအချက်ကြောင့် အထည်ချုပ်ကဏ္ဍသို့ ဝင်ရောက်လုပ်ကိုင် ဖြစ်ကြသည်။ ရွာတွင် အလုပ်အကိုင်ရဖို့ ခဲယဉ်းနပြေီး အများစုသည် တစ်ကိုယ်ရေ အကြွေး တင်နခြေင်းကြောင့်ဖြစ်စေ၊ မိသားစုတွင် အကြွေး ရှိနခြေင်းကြောင့်ဖြစ်စေ၊ မိသားစု စီးပွားရေး မပြေလည်ခြင်းကြောင့်ဖြစ်စေ ရွာကို စွန့်ခွာပြီး မြို့သို့တက်၍ အလုပ်လုပ်ကြသည်။ ပညာအရည်အချင်း နိမ့်ကျသဖြင့် အထည်ချုပ်အလုပ်ထက် ပိုကောင်းသော အလုပ်ကို ရရှိဖို့ မလွယ်ကူချေ။
အလယ်တန်းကျောင်း ပညာရေးအထိ သင်ယူခဲ့သူဦးရေသည် စစ်တမ်းအရ ၄၆% ရှိသည်။ မူလတန်းကျောင်းပညာရေးကိုသာ သင်ယူခဲ့ရသူဦးရေသည် ၂၇% ရှိသည်။ အထက်တန်းကျောင်းပညာရေး ပြီးဆုံးသည်အထိ သင်ယူခဲ့ရသူ ဦးရေသည် ၇ % ရှိသည်။ လှိုင်သာယာမြို့နယ်တွင် လုပ်ကိုင်နေသူများနှင့် ရွှပြေည်သာမြို့နယ်များတွင် လုပ်ကိုင်နေသူများတို့ကို ပညာရည်အဆင့်ဖြင့် နှိုင်းယှဉ်ကြည့်သောအခါ မြို့နယ်အလိုက် ကွဲပြားနေသော အခြေအနေကို တွေ့ရသည်။ မူလတန်းကျောင်းပညာ သင်ယူခဲ့ကြသူဦးရေတွင် လှိုင်သာယာက အချိုးအစားအရ ပိုများသည်။ အလယ်တန်း ကျောင်းပညာ သင်ယူခဲ့ကြသူဦးရေတွင် ရွှပြေည်သာက အချိုးအစားအရ ပိုများသည်။ အထက်တန်း သင်ယူခဲ့ကြသူဦးရေတွင် မြို့နယ်နှစ်ခုတို့၏ အချိုးအစားများ ကွာခြားမှု မသိသာလှသည်ကို တွေ့ရသည်။

garment education level


အားလုံးနီးပါးသည် ရွာရှိ မိသားစုထံ ငွပြေန်ပို့ကာ မိသားစုကို ထောက်ပံ့ကြရသည်။
အလုပ်ခွင်တွင် တစ်ပတ် ခြောက်ရက် လုပ်ကိုင်ကြပြီး နေ့စဉ် ၈ နာရီမှ ၁၀ နာရီအထိ လုပ်ကိုင်ကြသူမှာ အများစုဖြစ်သည်။ အချို့က တစ်နေ့ ၁၂ နာရီအထိ လုပ်ကိုင်ကြသည်မှာ ပုံမှန်လိုလို ဖြစ်သည်။

အခြေခံလစာအပြင် အချိန်ပိုလုပ်ခ အရေးပါသည်ကို ဖတ်ရှုရန်လင့်ခ်

လစာနဲ့ အချိန်ပိုလုပ်ခအကြောင်း


အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ကြသူတို့သည် စက်ရုံမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာကြရသည်။ စေခိုင်းသည့် အလုပ်ဝန်ထုပ်ဝန်ပိုးကို ပြီးစီးအောင် လုပ်ကိုင်ကြရသည်။ ထို့အတွက် မကျေမနပ်ဖြစ်မိရသည်များ ရှိနေသည်။
စက်ရုံစည်းကမ်းများသည် တစ်ဖက်သတ်ဆန်ပြီး ဖိနှိပ်ချုပ်ချယ်ရာ ရောက်သည်။ အနားယူချိန်ကို ချုပ်ချယ်ထားသည်။ အိမ်သာသွားမှအစ နေ့လည်စာစားချိန်အဆုံး သတ်မှတ်ကန့်သတ်ထားသည်။ သနပ်ခါးလိမ်းပါက အထည်စကို ပေကျံမည်။ သို့ဖြစ်ရာ သနပ်ခါးလိမ်းခွင့် ပိတ်ပင်ထားသည်။ ကွမ်းစားခြင်းကို တားမြစ်သည်။ သွားရည်စာလည်း မစားရချေ။ ရေသောက်ဖို့ကိုပင်လျှင် ဆင်ခြင်ရသည်။ ရေအသောက်များက ဆီးသွားတာ များမည်။ ထိုအခါ လုပ်လက်စအလုပ် တန်းလန်း ရပ်ထားရသည့် အချိန်များမည်။ စူပါက ငြိုငြင်မည်။
ခွင့်ရက် ရယူဖို့လည်း မလွယ်ချေ။ နာမကျန်ခွင့်အပါအဝင် ခွင့်ယူပါက ရက်ပျက်ဖြစ်မည်။ ထိုအခါ တစ်လတစ်ခါပေးသည့် ရက်မှန်ဆုကြေးကို မရတော့ချေ။ ထို့အပြင် ပျက်ရက်အတွက် လစာအဖြတ်ခံရမည်။

 

Read 948 times
Rate this item
(0 votes)