What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Young Clothing Limited အထည်ချုပ်စက်ရုံ ဆန္ဒပြအလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်ပြီး ဆက်လက်ညှိနှိုင်းမည်

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ဗန်းမော်အတွင်းဝန်လမ်း အမှတ် ၁၈၂ရှိ Young Clothing Limited အထည်ချုပ် စက်ရုံမှ အလုပ်သမား ၁၀၀ဝ ကျော် သည်

ဩဂုတ် ၃၀ ရက် တနင်္လာနေ့မှစတင်ကာ ကျွမ်းကျင်ကြေး တိုးပေးရန် အပါအဝင် စုစုပေါင်း တောင်းဆိုချက် ကိုးချက်ကို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တင်ပြ ကာ စက်ရုံရှေ့တွင် တဲထိုးပြီး လုပ်ငန်းခွင်ရပ် ဆန္ဒပြတောင်းဆိုနေ ကြသည်မှာ လေးရက်တာကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဇူလိုင် ၂၈ ရက်က စတင်ခြင်းဖြစ်ပြီး လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများ၏ တောင်းဆိုချက်များမှာ ● အလုပ်ထုတ်ခံရသည့် အလုပ်သမား ခေါင်းဆောင် မအိမွန်ကျော်ကို အလုပ်ပြန်ခန့်ပေးရန်၊
● လုပ်ငန်း ကျွမ်းကျ င်မှုအလိုက် ပေးသော ကျွမ်းကျင်ကြေးများအား
အေအဆင့် လုပ်သားများကို ကျပ် ၅၀၀၀၀၊
ဘီအဆင့် ကျပ် ၄၀၀၀၀ နှင့်
စီအဆင့် ကျပ် ၃၀၀၀၀
စသည်ဖြင့် တိုးမြှင့် သတ်မှတ်ပေးရန်၊
● ရက်မှန်ကြေးအား တစ်လ ကျပ် ၃၀၀၀၀ ပေးရန်၊
● အလုပ်ချိန်ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲ ပုံမှန် ပြန်လွှတ်ပေးရန်၊
● လုပ်သက်ခွင့် ၁၀ ရက် မယူထားသော အလုပ်သမားများကို အလုပ်ဝင်သည့်
နေ့မှစ၍ တစ်နှစ်ပြည့်လျှင် လုပ်သက်ခွင့်ကြေးငွေ ထုတ်ယူခွင့်ပြုရန်၊
● ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့်တို့ဖြင့် ခွင့်ယူလျှင် ရက်မှန်ကြေး မဖြုတ်ရန်၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး သဘောတူစာချုပ်အား အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ နှင့် ပြန်လည်ညှိနှိုင်း ချုပ်ဆိုပေးရန်၊
● အချိန်ပို လုပ်ရလျှင် ဥပဒေပါ အချိန်ပို တွက်ချက်နည်းအတိုင်း တွက်ချက်၍ ခံစားခွင့်ပေးရန်
● မန်နေဂျာကို ထုတ်ပယ်ပေးရန်
အပါအ၀င် အချက် ကိုးချက်ဖြင့် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခုအခါ Young Clothing Limited အထည်ချုပ် စက်ရုံ ဆန္ဒပြအလုပ်သမားများ တောင်းဆိုမှုအချို့ရ၍ လုပ်ငန်းခွင် ပြန်ဝင်မည်ဖြစ်ကြောင်း အလုပ် သမားများထံမှ သိရသည်။

”အလုပ်ချိန် မနက် ၈ နာရီ စပြီး ညနေ ၆နာရီခွဲအချိန် ပြန် လွှတ်ပေးရန်၊ လုပ်သက်ခွင့် ၁၀ ရက် မယူထားသူများကို အလုပ်ဝင် သည့်နေ့မှစ၍ တစ်နှစ်ပြည့်လျှင် လုပ်သက်ခွင့်ကြေးငွေအဖြစ် ပြန် လည်ထုတ်ပေးရန်၊ နောက်ပြီး မအိမွန်ကျော်ကို အလုပ်ပြန်လည်ခန့် အပ်ရန်၊ အလုပ်ခန့်ထားရေးဆိုင်ရာစာချုပ် ပြန်လည်ချုပ်ဆိုရေး ကိစ္စ ဒီ လေးချက်ကို အလုပ်ရှင်ဘက်က ဩဂုတ် ၁ ရက်က လိုက် လျော သဘောတူထားတယ်။ ကျန် တာတွေကို ဒီနေ့ ဩဂုတ် ၂ ရက် မနက်ပိုင်း စက်ရုံမှာ နေ့လည် ၁၂ နာရီလောက်က အလုပ်ရှင်ကိုယ် စားလှယ်တွေနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းကြ တာမှာ နံပါတ်နှစ်အချက်ဖြစ်တဲ့ ရက်မှန်ကြေး သုံးသောင်း တောင်း တာကို နှစ်သောင်းနဲ့ သဘောတူ တယ်။ ကျွမ်းကျင်ကြေး တိုးတောင်း တာကတော့ လုပ်ငန်းခွင်ပြန်ဝင် ပြီးမှ ဆက်ညှိမယ်လို့ သဘောတူ ထားတယ်၊ မနက်ဖြန် ၃ ရက်နေ့ မှာ အားလုံး အလုပ်ပြန်ဝင်ကြ မယ်။ ခုညနေ ဒါတွေကို စာရုံးမှာ စာချုပ်ချုပ်မှာပါ””ဟု ဆန္ဒပြ အလုပ်သမား ကိုတေဇာအောင် ကပြောသည်။

ဆန္ဒပြတောင်းဆိုနေမှုများ နှင့်ပတ်သက်၍ မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့မှ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်များ ကို မြို့နယ်ရုံးသို့ ဩဂုတ် ၁ ရက် ညနေပိုင်းက ခေါ်ယူပြီး ပထမ အကြိမ်အဖြစ် ညှိနှိုင်းပေးခဲ့ရာတွင် တောင်းဆိုချက် ကိုးချက်အ
နက် လေးချက်သာ ပြေလည်မှုရရှိခဲ့ပြီး ကျန် ငါးချက်အား ဩဂုတ် ၂ ရက် ညနေ ၃ နာရီအချိန်တွင် ထပ်မံ ညှိနှိုင်းရန် ပြန်လည်ချိန်းဆိုထားခဲ့ သဖြင့် ဩဂုတ် ၂ ရက် မွန်းလွဲ ပိုင်းက စက်ရုံတွင် ကနဦး ညှိနှိုင်း ကြပြီး သဘာတူခဲ့သည့်အချက် များကို မြို့နယ်ရုံးသို့သွားရောက် ကာ စာချုပ်ချုပ်ဆို ပြေငြိမ်းခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ဖြုတ်ခံထားရပြီး အလုပ် ပြန်ခန့်မည်ဟု သဘောတူထား ခဲ့သည် ဆန္ဒပြအလုပ်သမားများ ထဲမှ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ မအိမွန်ကျော်က”အဓိကကတော့ လုပ်ငန်းခွင် ညှိ နှိုင်းရေးကော်မတီဝင်ဖြစ်တဲ့ ကျွန်မ အိမွန်ကျော်ကို မတရားအလုပ်မှ ထုတ်ပယ်ခံခဲ့ရတာ ပြန်ခန့်ဖို့ရယ်၊ ဆက်ဆံရေး အဆင်မပြေတဲ့ မန် နေဂျာကို အလုပ်မှ ထုတ်ပယ်ပေး ဖို့ရယ် အားလုံးကိုးချက်ရှိပါတယ်။ အခု တစ်ရုံးလုံး ဆန္ဒပြနေတာပါ တစ်ထောင်ကျော် အင်အားရှိတယ်။ အထဲမှာ ရုံးပိုင်းနဲ့ စူပါတွေပဲ ကျန်တော့တယ်။ စက်ရုံက ဂျာကင် ချုပ်တဲ့ စက်ရုံပါ။ ငါးနှစ်သက်တမ်း လောက်တော့ရှိပါပြီ။ အချို့သော တောင်းဆိုချက်တွေ သဘောတူ ညီမှုရလို့ ၃ ရက်နေ့လုပ်ငန်းခွင်ပြန် ဝင်ပြီး ကျန်တာတွေကို ရုံးထဲမှာပဲ ဆက်ညှိနှိုင်းသွားမှာပါ”ဟု ပြော သည်။

ညှိနှိုင်းရန် ကျန်ရှိနေသော် အချက်ငါးချက်တွင် စက်ရုံရှိ ဝန် ထမ်းများအား ပေးသော ကျွမ်း ကျင်ကြေးများတွင် (A)အုပ်စု ဝန် ထမ်းများအား ငါးသောင်းကျပ်၊ (B)အုပ်စု ဝန်ထမ်းများအား လေး သောင်းကျပ်၊ (C) အုပ်စုဝန်ထမ်း များအား သုံးသောင်းကျပ်စီဟု ပြောင်းလဲသတ်မှတ်ပေးရန်နှင့် ဆက်ဆံရေးအဆင်မပြေသည့် မန်နေဂျာ ဖြိုးမောင်ယဉ်အား အလုပ် မှ ဖြုတ်ပေးရန်၊ ခွင့်များတိုင်ကြား လျှင် ရက်မှန်ကြေးမဖြုတ်ရန်၊ OT ကို ဥပဒေပါ အချိန်ပိုတွက်နည်း အတိုင်း တွက်ချက်ခံစားခွင့်ပေးရန်တို့ ပါဝင်ကြောင်းသိရသည်။

Source Democracytoday

Read 1119 times
Rate this item
(0 votes)