What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လုပ်ခပေးမည့်အပြင် နေ့လယ်စာပါကျွေးမည့် အထည်ချုပ် အခမဲ့သင်တန်း မကြာမီ ဖွင့်တော့မည်

လုပ်ခပေးမည့်အပြင် နေ့လယ်စာပါကျွေးမည့် အထည်ချုပ် အခမဲ့သင်တန်း မကြာမီ ဖွင့်တော့မည် facebook

လုပ်ခပေးမည့်အပြင် နေ့လယ်စာပါကျွေးမည့် အထည်ချုပ်သင်တန်းကိုဝန်ကြီးဌာန နှင့်ပျိုးပင်တို့ပူးပေါင်း၍ ပထမဆုံးအကြိမ်အခမဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနပိုင် မြောက်ဒဂုံပင်လုံသင်တန်းကျောင်းတွင် ဖွင့် လှစ်မည်ဖြစ်ပြီး သင်တန်းစီမံကိန်း ၂၈ လတာကာလအတွင်း အထည်ချုပ်ကျွမ်းကျင်သင်တန်းသား ၅၅ဝဝ ကျော်မွေးထုတ်ပေးရန် ရွည်ရွယ်ထား ကြောင်း သြဂုတ် ၁၈ ရက်တွင်အထည်ချုပ်အလုပ်အကိုင်သင်တန်းများဖွင့်လှစ်ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့်ပျိုးပင် program မှ တာဝန်ရှိသူတို့ MoU လက်မှတ်ရေးထိုးခဲ့ကာ အဆိုပါသင်တန်းကို စက်တင်ဘာ ၁၈ ရက်တွင်စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။


''အလုပ်လုပ်ချင်တယ်၊ အတွေ့အကြုံမရှိသေးဘူးဆိုရင် ကျွန်မတို့ဆီမှာသင်တန်းလာတက်ပါ၊ သင်တန်းနှစ်လအရင်တက်ရမယ်။ တက်ပြီးရင် သူတို့သည်အနည်းဆုံးအထည်ချုပ်စက်ရုံထဲမှာ လေးလအလုပ်လုပ်ပြီးတာနဲ့ NSSA ကလုပ်တဲ့စာမေးပွဲကို ဝင်ဖြေရမယ်။ အောင်တာနဲ့သူတို့သည် အာဆီယံအသိအမှတ်ပြုအောင်လက်မှတ်ကိုလည်းရမယ်။ သင်တန်းပြီးတာနဲ့ အထည်ချုပ်စက်ရုံတွေနဲ့ချိတ်ပြီးတော့ အလုပ်ပါတန်းပြီးရ အောင်လုပ်ပေးမှာပါ''ဟုပျိုးပင်၏ Project Coordinator  ဒေါ်ကြွယ်ကြွယ် အေးကပြောသည်။ ယင်းသင်တန်းသည် သင်တန်း ကြေးအခမဲ့ဖြစ်သည့်အပြင် သင်တန်းတက်ရောက်သူများကို သင်တန်းသားလုပ်သားအဖြစ် တစ်ရက်လျှင်ကျပ် ၁၈ဝဝ နှင့်နေ့လယ်စာပါကျွေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းအတွေ့ အကြုံမရှိသည့် အသက် ၁၈ နှစ်မှ ၄ဝ နှစ်အတွင်းရှိ အမျိုးသား၊ အမျိုးသမီး မည်သူမဆို တက်ရောက်နိုင်ကြောင်း ဒေါ်ကြွယ်ကြွယ်အေးက ပြောသည်။


''လက်ရှိအခြေအနေမှာ ဆရာတို့နိုင်ငံကို FDI တွေအရမ်းဝင်လာတယ်။ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းအ စရှိတဲ့လုပ်ငန်းတွေမှာရှိတဲ့လုပ်သား တွေကလုပ်ငန်းကျွမ်းကျင်တာနဲ့ လုပ်ခတွေတိုးလာမယ်။ အဲ့ဒီတော့ကျွမ်း ကျင်လုပ်သားတွေ မဖြစ်မနေမွေးထုတ် ပေးဖို့လိုလာတယ်။ အာဆီယံဒေသ တွင်းယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ကျွမ်းကျင် လုပ်သားများလွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်နိုင်ဖို့နဲ့အရည်အချင်းပြည့်ဝတဲ့ လုပ်သားထုတစ်ရပ် မွေးထုတ်ပေး နိုင်ဖို့ရည်ရွယ်လုပ်ကိုင်နေတာဖြစ်ပါတယ်''ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်က ပြောသည်။ သင်တန်းတစ်သုတ်လျှင် လူဦး ရေ ၁ဝဝ ကျော်မှန်းထားကြောင်း၊ လက်ရှိတွင်လည်း သင်တန်းသားများ စတင်ခေါ်ယူနေပြီဖြစ်ကာ ယင်းအစီအစဉ်ကို လူမှုဖူလုံရေးနှင့်စားနပ်ရိက္ခာ ထောက်ပံ့ရေးရန်ပုံငွေအဖွဲ့၏ငွေကြေး ထောက်ပံ့မှုဖြင့် ပျိုးပင်အဖွဲ့အစည်းမှ ဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

source:democracy today

Read 1069 times
Rate this item
(0 votes)