What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကေမၻာဒီးယား အနည္းဆုံးလုပ္ခလစာ ၁၁% တုိး

Zaw+Uni ကေမၻာဒီးယားႏုိင္ငံမွ အထည္ခ်ဳပ္လုပ္သားေတြ ဒီႏွစ္မွာ လုပ္ခလစာ ၁၁ ရာခုိင္ႏႈန္းတုိးမယ္။

အဲဒီအတြက္ေၾကာင့္ လုပ္သားအတြက္ ကုန္က်စရိတ္ေတြ တက္ကုန္မွာျဖစ္လုိ႔ အထည္ခ်ဳပ္က႑ရဲ႕ ျပည္ပတင္ပုိ႔မႈအေပၚ ဖိအားက်ေရာက္မွာလား။
ကေမၻာဒီးယားႏုိင္ငံရဲ႕ အနည္းဆုံးလုပ္ခလစာဟာ ၅ ႏွစ္တာအတြင္း ၁၅ဝ ရာခုိင္ႏႈန္း တုိးခဲ့တယ္။ အခု ထပ္တုိးတဲ့အတြက္ တစ္လစာလုပ္ခလစာဟာ ကန္ေဒၚလာ ၁၅၃ ကေန ကန္ေဒၚလာ ၁၇ဝ ျဖစ္သြားမယ္။ အထည္ခ်ဳပ္က႑မွ လုပ္သားအင္အား ခုနစ္သိန္းလည္း လစာတုိးမွာ ျဖစ္ပါတယ္။

ခ်ဳပ္ထည္နဲ႔ ဖိနပ္ ျပည္ပတင္ပုိ႔မႈဟာ တုိင္းျပည္ရဲ႕ ျပည္ပတင္ပုိ႔မႈစုစုေပါင္း တန္ဖုိးရဲ႕ ၇၈% ရွိပါတယ္။ ၂ဝ၁၆ ခုႏွစ္မွာ ၇% တုိးခဲ့ၿပီး ကန္ေဒၚလာ ၇.၃ ဘီလ်ံဖုိး ျဖစ္လာခဲ့ပါတယ္။ ဥေရာပနဲ႔ အေမရိကသုိ႔ အမ်ားစုကုိ တင္ပု႔ိၿပီး ဥေရာပသုိ႔ ၄၅ ရာခုိင္ႏႈန္းနဲ႔ အေမရိကကုိ ၂၅ ရာခုိင္ႏႈန္း တင္ပုိ႔တယ္။
၂ဝ၁၇ ခုႏွစ္ ဘ႑ာေရးႏွစ္မွာေတာ့ ေႏွးသြားတာမုိ႔ ၅ ရာခုိင္ႏႈန္းဝန္းက်င္ပဲ ျဖစ္လိမ့္မယ္လုိ႔ Garment Manufacturers Association in Cambodia (GMAC) ခန္႔မွန္းထားပါတယ္။ အဲဒီအသင္းက အခုလုိ လုပ္ခလစာေတြ တုိးတဲ့အတြက္ ေဒသတြင္းမွာ ယွဥ္ၿပိဳင္ႏုိင္စြမ္း ေလ်ာ့က်သြားမယ္။ လုပ္သားခ သက္သာတဲ့ဆီမွာ ေရႊ႕ ေျပာင္းလုပ္ကုိင္ၾကလိမ့္မယ္လုိ႔ သတိေပးပါတယ္။
GMAC မွာ အထည္ခ်ဳပ္လုပ္ငန္းရွင္ ၅၂ဝ နဲ႔ ဖိနပ္ခ်ဳပ္ လုပ္ငန္းရွင္ ၅၂ ဦး အဖြဲ႕ဝင္ထား ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ အထည္ခ်ဳပ္နဲ႔ ဖိနပ္ခ်ဳပ္ စက္႐ုံ အသစ္ ၂၅ ခု ဖြင့္ခဲ့ေပမဲ့ ၅၃ ခု ပိတ္သိမ္းခဲ့တယ္လုိ႔ ဆုိပါတယ္။ အခုလုိ လစာတုိးတာတာေၾကာင့္ GMAC အဖြဲ႕ဝင္ အမ်ားစုဟာ အျမတ္ဆက္လက္ရရွိေနဖုိ႔အတြက္ ႐ုန္းကန္ႀကိဳးစားၾကရလိမ့္မယ္လုိ႔ GMAC ရဲ႕ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ခုိင္မုိနီကာ Kaing Monika က ေျပာၾကားပါတယ္။
အခုလုိ လစာတုိးတာကုိ ေထမိေစလုိ႔ ေထာက္ပံ့ပုိ႔ေဆာင္ေရးအပုိင္းမွာ ကုန္က်စရိတ္ေတြ သက္သာေအာင္ လုပ္ေပးဖုိ႔ အစုိးရကုိ သူက တုိက္တြန္းေျပာၾကားပါတယ္။
အသင္းရဲ႕ အဆုိျပဳခ်က္ေတြမွာ ပုိ႔ကုန္စီမံမႈအခေၾကးကုိ ထက္ဝက္ေလွ်ာ့ခ်ေပးဖုိ႔၊ Camcontrol လုိ႔ အတုိေကာက္အားျဖင့္ လူသိမ်ားတဲ့ Cambodia Import-Export Inspection and Fraud Repression Directorate-General မွ စည္းၾကပ္တဲ့ အခေၾကးကုိ ေလွ်ာ့ခ်ေပးဖုိ႔ ပါဝင္ပါတယ္။ လက္ရွိေပးေဆာင္ေနၾကတာ Camcontrol အတြက္ အခေၾကးေငြက ကြန္တိန္နာ တစ္လုံးကုိ ကန္ေဒၚလာ ၅ဝ ျဖစ္ၿပီး ကန္ေဒၚလာ ၁၅ သုိ႔ ေလွ်ာ့ခ်ေပးဖုိ႔ ေတာင္းဆုိထားပါတယ္။ အေကာက္ခြန္ကလည္း အလားတူႏႈန္းျဖင့္ ေကာက္ခံပါတယ္။

Scan Global Logistics Cambodia ရဲ႕ MD ျဖစ္သူ Pich Ngun က သုံးသပ္တာကေတာ့ အခုလုိ လစာတုိးျပန္တာေၾကာင့္ ခ်ဳပ္ထည္ ထုတ္လုပ္မႈဟာ မၾကာခင္မွာ ကေမၻာဒီးယားမွ ထြက္ခြာမယ္လုိ႔ သူ မထင္ေၾကာင္း ေျပာၾကားပါတယ္။
‘‘ေဒသတြင္းမွာ ရွိေနတဲ့ တျခားႏုိင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ အဲဒီလစာေတြဟာ တကယ္ေတာ့ ႀကီးႀကီးမားမား စုိးရိမ္စရာ မဟုတ္ပါဘူး’’ လုိ႔ သူက ေျပာပါတယ္။
တ႐ုတ္ႏုိင္ငံ၊ ထုိင္းႏုိင္ငံနဲ႔ ဗီယက္နမ္တုိ႔မွာ လစာေတြက ကေမၻာဒီးယားထက္ ပုိေကာင္းၾကေပမဲ့ ႀကီးထြားတဲ့ႏႈန္းေတြက မတိမ္းမယိမ္းပဲလုိ႔ သူက ေျပာပါတယ္။
‘‘ျမန္မာႏုိင္ငံက ကေမၻာဒီးယားႏုိင္ငံထက္ နည္းတယ္။ ဒါေပမဲ့ တျခားကိစၥေတြ ရွိေနတယ္။ လူနည္းစု အေရးကိစၥ ရိွေနတယ္။ သီရိလကၤာႏုိင္ငံနဲ႔ ဘဂၤလားေဒ့ရွ္တုိ႔က ယွဥ္ၿပိဳင္ႏုိင္စြမ္း ျမင့္မားၾကတယ္။ ဒါေပမဲ့ ကေမၻာဒီးယားက အဆင္ေျပေနဆဲပါ။ ဒီမွာ လာၿပီး ထုတ္လုပ္ၾကတဲ့သူေတြက အခုလုိ လစာတုိးတာအတြက္ေၾကာင့္ တျခားကုိ ေရႊ႕ေျပာင္းမွာ မဟုတ္ပါဘူး’’

ကမၻာဘဏ္မွ ကေမၻာဒီးယားႏုိင္ငံအတြက္ မန္ေနဂ်ာျဖစ္သူ Inguna Dobraja က ‘‘ကေမၻာဒီးယားႏုိင္ငံက ကုန္ထုတ္လုပ္မႈ တန္ဖုိးကြင္းဆက္ေတြမွာ အဆင့္တက္မယ့္ လမ္းပခုံးေပၚ ေရာက္ေနၿပီ။ အထည္ခ်ဳပ္ကေန အီလက္ထရြန္းနစ္နဲ႔ ယာဥ္အစိ္တ္အပိ္ုင္းေတြ ယာဥ္အပိုပစၥည္းေတြ ထုတ္လုပ္တဲ့ဆီကုိ ေရြ႕ေနတယ္။ အဲဒါ အားတက္စရာ ဖြံ႕ၿဖိဳးတုိးတက္မႈပဲ’’ လုိ႔ ေျပာပါတယ္။ အထည္ခ်ဳပ္က႑ ျပည္ပတင္ပုိ႔မႈ ေႏွးသြားခဲ့ရင္ အျခားအမ်ဳိးအမည္ေတြ အမ်ဳိးမ်ဳိး ထုတ္လုပ္တင္ပုိ႔ျခင္းျဖင့္ ေထမိေအာင္ လုပ္ရမယ္လုိ႔ သုံးသပ္ပါတယ္။

Pich Ngun ကလည္း အလားတူ သုံးသပ္ပါတယ္။ ‘‘ကေမၻာဒီးယားမွာ လုပ္သားခတုိးဖုိ႔ ေတာင္းဆုိတာေတြက ဘယ္ေတာ့မွ အဆုံးသတ္မွာ မဟုတ္ဘူး။ ဒီေတာ့ တျခားဟာေတြ ခက္ျဖာၿပီး လုပ္ဖုိ႔ လုိအပ္တယ္။ ပုိတန္ဖုိးႀကီးတဲ့ လုပ္ငန္းေတြကုိ ေခၚသြင္းၿပီး လုပ္ကုိင္ရမယ္။ ဂ်ပန္နဲ႔ တျခားႏုိင္ငံေတြက ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဒီမွာ ဝင္ထားၿပီးၿပီ။ ဒါေပမဲ့ မ်ားမ်ားစားစားေတာ့ မဟုတ္ေသးဘူး’’

ကေမၻာဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္စန္က ႏုိင္ငံေရး တည္ၿငိမ္မႈ ရဖုိ႔ လုပ္ေဆာင္ေနရတာမွာ အတုိက္အခံပါတီ၊ အစုိးရၾသဇာေအာက္မွာ မရွိတဲ့မီဒီယာေတြနဲ႔ NGO ေတြကုိ အေရးယူေဆာင္ရြက္ခဲ့တာ သိပ္မၾကာေသးပါဘူး။

Pich Ngun က ‘‘ႏုိင္ငံေရး တည္ၿငိ္မ္မႈဟာ ျပည္ပမွ ရင္းႏွီးျမႇဳပ္ႏွံသူေတြအဖု႔ိ ေနာက္ထပ္ ႀကီးမားတဲ့ ပူပန္စရာျဖစ္ေနတယ္။ ၿပီးေတာ့ ေနာက္ႏွစ္မွာ အေထြေထြ ေရြးေကာက္ပြဲ က်င္းပဖုိ႔ ရွိေနတယ္။ အတုိက္အခံပါတီႀကီးတစ္ခုကုိ တရား႐ုံးခ်ဳပ္က ၿပီးခဲ့တဲ့လတုန္းက ဖ်က္သိမ္းေစခဲ့တဲ့အတြက္ ဥေရာပနဲ႔ အေမရိကန္တုိ႔က အႀကီးအက်ယ္ စုိးရိမ္ေၾကာင္း အသံထြက္ေနတယ္။ အေျခအေန အေကာင္းဘက္ကုိ ေရာက္မလာရင္ အေမရိကန္နဲ႔ ဥေရာပတုိ႔က ကေမၻာဒီးယား ထုတ္ကုန္ေတြကုိ အေကာက္ခြန္မဲ့ တင္သြင္းခြင့္ ျပဳေနတာကုိ ျပန္စဥ္းစားဆုံးျဖတ္လိမ့္မယ္။ အဲဒီလုိသာ ျဖစ္လာခဲ့ရင္ ကၽြန္ေတာ္တုိ႔ရဲ႕ ေထာက္ပံ့ပုိ႔ေဆာင္ေရးက႑အဖုိ႔ေတာ့ ႀကီးမားတဲ့ ထိခုိက္မႈေတြ ျဖစ္ေပၚကုန္လိမ့္မယ္’’ လုိ႔ ေျပာၾကားပါတယ္။

uni

ကမ္ဘောဒီးယား အနည်းဆုံးလုပ်ခလစာ ၁၁% တိုး

Zaw+Uni ကမ္ဘောဒီးယားနိုင်ငံမှ အထည်ချုပ်လုပ်သားတွေ ဒီနှစ်မှာ လုပ်ခလစာ ၁၁ ရာခိုင်နှုန်းတိုးမယ်။ အဲဒီအတွက်ကြောင့် လုပ်သားအတွက် ကုန်ကျစရိတ်တွေ တက်ကုန်မှာဖြစ်လို့ အထည်ချုပ်ကဏ္ဍရဲ့ ပြည်ပတင်ပို့မှုအပေါ် ဖိအားကျရောက်မှာလား။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အနည်းဆုံးလုပ်ခလစာဟာ ၅ နှစ်တာအတွင်း ၁၅ဝ ရာခိုင်နှုန်း တိုးခဲ့တယ်။ အခု ထပ်တိုးတဲ့အတွက် တစ်လစာလုပ်ခလစာဟာ ကန်ဒေါ်လာ ၁၅၃ ကနေ ကန်ဒေါ်လာ ၁၇ဝ ဖြစ်သွားမယ်။ အထည်ချုပ်ကဏ္ဍမှ လုပ်သားအင်အား ခုနစ်သိန်းလည်း လစာတိုးမှာ ဖြစ်ပါတယ်။

ချုပ်ထည်နဲ့ ဖိနပ် ပြည်ပတင်ပို့မှုဟာ တိုင်းပြည်ရဲ့ ပြည်ပတင်ပို့မှုစုစုပေါင်း တန်ဖိုးရဲ့ ၇၈% ရှိပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ ၇% တိုးခဲ့ပြီး ကန်ဒေါ်လာ ၇.၃ ဘီလျံဖိုး ဖြစ်လာခဲ့ပါတယ်။ ဥရောပနဲ့ အမေရိကသို့ အများစုကို တင်ပို့ပြီး ဥရောပသို့ ၄၅ ရာခိုင်နှုန်းနဲ့ အမေရိကကို ၂၅ ရာခိုင်နှုန်း တင်ပို့တယ်။
၂ဝ၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာတော့ နှေးသွားတာမို့ ၅ ရာခိုင်နှုန်းဝန်းကျင်ပဲ ဖြစ်လိမ့်မယ်လို့ Garment Manufacturers Association in Cambodia (GMAC) ခန့်မှန်းထားပါတယ်။ အဲဒီအသင်းက အခုလို လုပ်ခလစာတွေ တိုးတဲ့အတွက် ဒေသတွင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျသွားမယ်။ လုပ်သားခ သက်သာတဲ့ဆီမှာ ရွှေ့ ပြောင်းလုပ်ကိုင်ကြလိမ့်မယ်လို့ သတိပေးပါတယ်။
GMAC မှာ အထည်ချုပ်လုပ်ငန်းရှင် ၅၂ဝ နဲ့ ဖိနပ်ချုပ် လုပ်ငန်းရှင် ၅၂ ဦး အဖွဲ့ဝင်ထား ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အထည်ချုပ်နဲ့ ဖိနပ်ချုပ် စက်ရုံ အသစ် ၂၅ ခု ဖွင့်ခဲ့ပေမဲ့ ၅၃ ခု ပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ အခုလို လစာတိုးတာတာကြောင့် GMAC အဖွဲ့ဝင် အများစုဟာ အမြတ်ဆက်လက်ရရှိနေဖို့အတွက် ရုန်းကန်ကြိုးစားကြရလိမ့်မယ်လို့ GMAC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ခိုင်မိုနီကာ Kaing Monika က ပြောကြားပါတယ်။
အခုလို လစာတိုးတာကို ထေမိစေလို့ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းမှာ ကုန်ကျစရိတ်တွေ သက်သာအောင် လုပ်ပေးဖို့ အစိုးရကို သူက တိုက်တွန်းပြောကြားပါတယ်။
အသင်းရဲ့ အဆိုပြုချက်တွေမှာ ပို့ကုန်စီမံမှုအခကြေးကို ထက်ဝက်လျှော့ချပေးဖို့၊ Camcontrol လို့ အတိုကောက်အားဖြင့် လူသိများတဲ့ Cambodia Import-Export Inspection and Fraud Repression Directorate-General မှ စည်းကြပ်တဲ့ အခကြေးကို လျှော့ချပေးဖို့ ပါဝင်ပါတယ်။ လက်ရှိပေးဆောင်နကြေတာ Camcontrol အတွက် အခကြေးငွေက ကွန်တိန်နာ တစ်လုံးကို ကန်ဒေါ်လာ ၅ဝ ဖြစ်ပြီး ကန်ဒေါ်လာ ၁၅ သို့ လျှော့ချပေးဖို့ တောင်းဆိုထားပါတယ်။ အကောက်ခွန်ကလည်း အလားတူနှုန်းဖြင့် ကောက်ခံပါတယ်။

Scan Global Logistics Cambodia ရဲ့ MD ဖြစ်သူ Pich Ngun က သုံးသပ်တာကတော့ အခုလို လစာတိုးပြန်တာကြောင့် ချုပ်ထည် ထုတ်လုပ်မှုဟာ မကြာခင်မှာ ကမ္ဘောဒီးယားမှ ထွက်ခွာမယ်လို့ သူ မထင်ကြောင်း ပြောကြားပါတယ်။
‘‘ဒေသတွင်းမှာ ရှိနေတဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အဲဒီလစာတွေဟာ တကယ်တော့ ကြီးကြီးမားမား စိုးရိမ်စရာ မဟုတ်ပါဘူး’’ လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်တို့မှာ လစာတွေက ကမ္ဘောဒီးယားထက် ပိုကောင်းကြပေမဲ့ ကြီးထွားတဲ့နှုန်းတွေက မတိမ်းမယိမ်းပဲလို့ သူက ပြောပါတယ်။
‘‘မြန်မာနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံထက် နည်းတယ်။ ဒါပေမဲ့ တခြားကိစ္စတွေ ရှိနေတယ်။ လူနည်းစု အရေးကိစ္စ ရှိနေတယ်။ သီရိလင်္ကာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားကြတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားက အဆင်ပြေနေဆဲပါ။ ဒီမှာ လာပြီး ထုတ်လုပ်ကြတဲ့သူတွေက အခုလို လစာတိုးတာအတွက်ကြောင့် တခြားကို ရွှေ့ပြောင်းမှာ မဟုတ်ပါဘူး’’

ကမ္ဘာဘဏ်မှ ကမ္ဘောဒီးယားနိုင်ငံအတွက် မန်နေဂျာဖြစ်သူ Inguna Dobraja က ‘‘ကမ္ဘောဒီးယားနိုင်ငံက ကုန်ထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တွေမှာ အဆင့်တက်မယ့် လမ်းပခုံးပေါ် ရောက်နပြေီ။ အထည်ချုပ်ကနေ အီလက်ထရွန်းနစ်နဲ့ ယာဉ်အစိ်တ်အပို်င်းတွေ ယာဉ်အပိုပစ္စည်းတွေ ထုတ်လုပ်တဲ့ဆီကို ရွေ့နေတယ်။ အဲဒါ အားတက်စရာ ဖွံ့ဖြိုးတိုးတက်မှုပဲ’’ လို့ ပြောပါတယ်။ အထည်ချုပ်ကဏ္ဍ ပြည်ပတင်ပို့မှု နှေးသွားခဲ့ရင် အခြားအမျိုးအမည်တွေ အမျိုးမျိုး ထုတ်လုပ်တင်ပို့ခြင်းဖြင့် ထေမိအောင် လုပ်ရမယ်လို့ သုံးသပ်ပါတယ်။

Pich Ngun ကလည်း အလားတူ သုံးသပ်ပါတယ်။ ‘‘ကမ္ဘောဒီးယားမှာ လုပ်သားခတိုးဖို့ တောင်းဆိုတာတွေက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။ ဒီတော့ တခြားဟာတွေ ခက်ဖြာပြီး လုပ်ဖို့ လိုအပ်တယ်။ ပိုတန်ဖိုးကြီးတဲ့ လုပ်ငန်းတွေကို ခေါ်သွင်းပြီး လုပ်ကိုင်ရမယ်။ ဂျပန်နဲ့ တခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ဒီမှာ ဝင်ထားပြီးပြီ။ ဒါပေမဲ့ များများစားစားတော့ မဟုတ်သေးဘူး’’

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်စန်က နိုင်ငံရေး တည်ငြိမ်မှု ရဖို့ လုပ်ဆောင်နေရတာမှာ အတိုက်အခံပါတီ၊ အစိုးရသြဇာအောက်မှာ မရှိတဲ့မီဒီယာတွေနဲ့ NGO တွေကို အရေးယူဆောင်ရွက်ခဲ့တာ သိပ်မကြာသေးပါဘူး။

Pich Ngun က ‘‘နိုင်ငံရေး တည်ငြိ်မ်မှုဟာ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူတွေအဖို့ နောက်ထပ် ကြီးမားတဲ့ ပူပန်စရာဖြစ်နေတယ်။ ပြီးတော့ နောက်နှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတယ်။ အတိုက်အခံပါတီကြီးတစ်ခုကို တရားရုံးချုပ်က ပြီးခဲ့တဲ့လတုန်းက ဖျက်သိမ်းစေခဲ့တဲ့အတွက် ဥရောပနဲ့ အမေရိကန်တို့က အကြီးအကျယ် စိုးရိမ်ကြောင်း အသံထွက်နေတယ်။ အခြေအနေ အကောင်းဘက်ကို ရောက်မလာရင် အမေရိကန်နဲ့ ဥရောပတို့က ကမ္ဘောဒီးယား ထုတ်ကုန်တွေကို အကောက်ခွန်မဲ့ တင်သွင်းခွင့် ပြုနေတာကို ပြန်စဉ်းစားဆုံးဖြတ်လိမ့်မယ်။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍအဖို့တော့ ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်ကုန်လိမ့်မယ်’’ လို့ ပြောကြားပါတယ်။

Read 1270 times
Rate this item
(0 votes)