What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သီလ၀ါ အထူးစီးပွားရေးဇုန်မှာ အထည်ချုပ်ကဏ္ဍ အလုပ်အကိုင်အများဆုံး

သီလ၀ါ အထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့ အရှေ့တောင်ပိုင်း ကီလိုမီတာ ၂၀ အကွာ၌ တည်ရှိပြီး ၂၅၀၀ ဟက်တာ ကျယ်ဝန်းပါသည်။

ဇုန်ဖွံ့ဖြိုးတိုးတက်မှုကို မြန်မာနိုင်ငံအစိုးရနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ပူးပေါင်းကာ မြန်မာ၊ ဂျပန် ပုဂ္ဂလိကအစုအဖွဲ့များနှင့်အတူ အကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ၎င်းဇုန်ကို စတင်လုပ်ကိုင်ခဲ့ပြီး 

၂၀၁၅ခုနှစ် စက်တင်ဘာတွင် လုပ်ငန်း စတင်လည်ပတ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်
ပထမဆုံး အကောင်အထည်ပေါ်လာသည့် အထူးစီးပွားရေးဇုန် ဖြစ်သည်။


● အလုပ်အကိုင် ဖန်တီးနိုင်မှု

သီလ၀ါ အထူးစီးပွားရေးဇုန်၌ ၂၀၁၈ ဖေဖော်ဝါရီ၁ ရက်နေ့တွင် လည်ပတ်နေသော လုပ်ငန်း ၃၈ ခု မှ အလုပ်အကိုင် ၅၀၀၀ ၀န်းကျင် ဖန်တီးပေးထားသည်။

● ကင်းလွတ်ဇုန်နှင့် လုပ်ငန်း မြှင့်တင်ရေးဇုန်

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော လုပ်ငန်းများသည် ကင်းလွတ်ဇုန်နှင့်
လုပ်ငန်း မြှင့်တင်ရေးဇုန်များတွင် လုပ်ကိုင်ဆောင်ရွက်နေပါသည်။
ကင်းလွတ်ဇုန်သည် ထုတ်လုပ်မှု၏ ၇၅ ရာခိုင်နှုန်းကို ပို့ကုန်အဖြစ် လုပ်ကိုင် ဆောင်ရွက်ရသည်။
လုပ်ငန်းမြှင့်တင်ရေးဇုန်သည် ပြည်တွင်းဈေးကွက်အတွက် အဓိက ၀န်ဆောင်မှုပေးရပါသည်။
၂၀၁၄ ခုနှစ် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေတွင်ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များသည် လုပ်ငန်းခွန်ကင်းလွတ်ခွင့်ကို ပထမ ၇ နှစ်
သို့မဟုတ် ၅ နှစ် အသီးသီးခံစားရမည် ဖြစ်ပါသည်။
ထို့ပြင် ရင်းနှီးမြှပ်နှံသူများ သည် ပြည်ပမှ တင်သွင်းလာသော အခြေခံအဆောက်အအုံများနှင့် ကိုယ်ပိုင်ရုံးခန်းများ တည်ဆောက်ရန်လိုအပ်သည့် လုပ်ငန်းသုံး ပစ္စည်းများအတွက် အကောက်ခွန် နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့် ရရှိသည်။
ကင်းလွတ်ဇုန်တွင် အကောက်ခွန်များ၊ ပြည်ပမှ တင်းသွင်းသော ကုန်ကြမ်း အပါအ၀င်ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း ကင်းလွတ်ခွင့်ရရှိသည်။

● အလုပ်အကိုင် အခွင့်အလမ်း

ကင်းလွတ်ဇုန်တွင် အကြီးစား လျှပ်စစ်ပစ္စည်း နှင့် အထည်ချုပ် လုပ်ငန်းများသည်
အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးနိုင်သည်ကို တွေ့ရသည်။
ပျမ်းမျှ အလုပ်သမား အရေအတွက်သည်ကင်းလွတ်ဇုန်တွင်၂၅၀ လုပ်သားရှိပြီး လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် ၅၀ လုပ်သား ၀န်းကျင်ရှိပါသည်။
ကွာဟချက်မှာ ဇုန်များတွင် အထူးပြုလုပ်ငန်းများ မတူညီခြင်းကြောင့် ဖြစ်ပါသည်။
အလုပ်သမား အရေအတွက်များစွာဖြင့် လုပ်ကိုင်နေသော အထည်ချုပ်လုပ်ငန်း ကဲ့သို့သော အကြီးစားလုပ်ငန်းများကို ကင်းလွတ်ဇုန်တွင် အများအပြား တွေ့ရှိရပါသည်။

● အဓိက အကျိုးကျေးဇူး

လုပ်သားများအတွက် အဓိက အကျိုးကျေးဇူးမှာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအသစ်များ သင်ယူနိုင်ခြင်း ဖြစ်သည်။
ဒုတိယ အရေးအပါဆုံး အကျိုးကျေးဇူးမှာ အိမ်နှင့် အလုပ်နှင့်နီးခြင်း ဖြစ်သည်။ လုပ်သားအများစုသည်ဇုန်အနီးတ၀ိုက် ဒေသများတွင် နေထိုင်သူများ ဖြစ်သည်။

● ပြည်တွင်းထုတ်ကုန်ကြမ်း အသုံးချနိုင်မှု

စားသောက်ကုန်လုပ်ငန်းများတွင် ပျမ်းမျှ ၅၀ ရာခိုင်နှုန်းသည် ပြည်တွင်းထုတ် ကုန်ကြမ်းကို အသုံးပြုခဲ့သည်။
ပြည်တွင်းထုတ် ကုန်ကြမ်း ကုန်ကျစရိတ် ရာခိုင်နှုန်းမှာ
လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် ၂၀ ရာခိုင်နှုန်းအောက်၊
ကင်းလွတ်ဇုန်တွင် ၁၀ ရာခိုင်နှုန်းအောက် ရှိသည်။
သို့ဖြစ်ရာ ပြည်တွင်းထုတ် ကုန်ကြမ်းရင်းမြစ် အသုံးချမှုမှာ အလွန်တရာ နည်းပါးနေသည်။
ပြည်တွင်းလုပ်ငန်းများ၏ စွမ်းဆောင်ရည်သည် အထူးပြုဇုန်ရှိ စက်ရုံများသို့ ကုန်ကြမ်းများ ဖြည့်ဆည်း ပေးခြင်းဖြင့် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။

● ပြည်တွင်းမှ ၀န်ဆောင်မှု သုံးစွဲခြင်း

ပြည်တွင်းကုမ္ပဏီများ၏ ၀န်ဆောင်မှုကို အသုံးပြုခြင်းသည်လည်း နည်းပါးသည်။ အဓိက ၀န်ဆောင်မှုခုနှစ်ခု ဖြစ်သည့် အိုင်တီ၊ လျှပ်စစ်ဆိုင်ရာ ထိန်းသိမ်းရေး ၊
လုံခြုံရေး၊ သန့်ရှင်းရေး၊ ကိရိယာ တန်ဆာပလာ ပြုပြင်ထိန်းသိမ်းရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပိုးမွှား ထိန်းချုပ်ရေး စသည့် ၀န်ဆောင်မှုများအတွက် သီလ၀ါ အထူးပြုဇုန်ရှိ လုပ်ငန်းများ၏ ၁၀ မှ ၃၀ ရာခိုင်နှုန်းကသာ ပြည်တွင်းလုပ်ငန်းများကို အသုံးပြုပါသည်။

● တစ်ကိုယ်ရေဆိုင်ရာ အခက်များ
အလုပ်သွား အလုပ်ပြန် ကြာမြင့်ခြင်းသည် ရန်ကုန်မြို့ဘက်ခြမ်းရှိ စက်မှုဇုန်များ နည်းတူပင် ဖြစ်သည်။ နေ့စဉ် အသွား ၂ နာရီ အပြန် ၂ နာရီ တစ်နေ့ ၄ နာရီ အချိန်ကုန်လျက် ရှိသည်။ အချိန်ကြာမြင့်စွာ သွားလာရခြင်း သည်
မန်နေဂျာများအတွက် အဓိက အခက်အခဲ ဖြစ်နေပါသည်။
စားသောက်ဆိုင်များ၊ စတိုးဆိုင်များ မရှိခြင်းသည်လည်း စားရေးသောက်ရေးအတွက် အခက်တစ်ခု ဖြစ်နေသည်။

ကိုးကား သီလ၀ါ အထူးစီးပွားရေးဇုန် လေ့လာဆန်းစစ်မှု မူဝါဒ အနှစ်ချုပ် အစီရင်ခံစာ IGC International Growth Centre

Read 1020 times
Rate this item
(0 votes)