What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လ ကုန်အထိ အခွန်အရပ်ရပ်ကောက်ခံမှုမှ စုစုပေါင်းငွေကျပ် ၆၂၀၀ ဘီလီယံကျော်ရရှိ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လ ကုန်အထိ အခွန်အရပ်ရပ်ကောက်ခံမှုမှ စုစုပေါင်းငွေကျပ် ၆၂၀၀ ဘီလီယံကျော်ရရှိ ပြည်တွင်းအခွန်များဦးစီးဌာန

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လ ကုန်အထိ အခွန်အရပ်ရပ်ကောက်ခံမှုမှ စုစုပေါင်းငွေကျပ် ၆၂၀၆ ဒဿမ ၃၆၁ ဘီလီယံရရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က ဆင်ဟွာသို့ စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

 

“ဒါတွေက အခွန်အရပ်ရပ်ကနေ ကောက်ခံရရှိတဲ့စာရင်းဖြစ်ပါတယ်။ အခုဘဏ္ဍာနှစ်အတွက် ငွေကျပ် ဘီလီယံ ၇၂၀၀ ရရှိဖို့ လျာထားပါတယ်။ အခုက လျာထားချက်ရဲ့ ၈၆ ဒဿမ ၅၈ ရာခိုင်နှုန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရာခိုင်နှုန်းပြည့်မီဖို့ကြိုးစားဆောင်ရွက်နေပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

 

အခွန်ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍ မှ ငွေကျပ် ၁၂၃၅ ဒဿမ ၉၁၁ ဘီလီယံ၊ သမဝါယမကဏ္ဍ မှ ငွေကျပ် သုည ဒဿမ ၈၈၄ ဘီလီယံ နှင့် ပုဂ္ဂလိကကဏ္ဍ မှ ငွေကျပ် ၄၉၆၉ ဒဿမ ၅၆၆ ဘီလီယံ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခွန်တစ်မျိုးချင်း ကောက်ခံရရှိမှု အနေဖြင့် ဝင်ငွေခွန် ငွေကျပ် ၂၉၅၃ ဒဿမ ၈၆ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ငွေကျပ် ၁၈၉၅ ဒဿမ ၅၉၆ ဘီလီယံ၊ အထူးကုန်စည်ခွန် ငွေကျပ် ၁၁၀၀ ဒဿမ ၃၄၅ ဘီလီယံ၊ ရတနာခွန် ငွေကျပ် ၁၁ ဒဿမ ၆၄၄ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ငွေကျပ် ၉၉ ဒဿမ ၁၉၆ ဘီလီယံ နှင့် အောင်ဘာလေ သိန်းဆုခွန် ငွေကျပ် ၁၄၅ ဒဿမ ၇၂ ဘီလီယံတို့ဖြစ်ကြောင်း သိရသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လကုန် အထိ ကောက်ခံရရှိသည့် အခွန် ငွေစုစုပေါင်း ၅၈၄၁ ဘီလီယံရှိသည့် အတွက် ယခု ဘဏ္ဍာ နှစ်တွင်အခွန် ပိုမိုရရှိခဲ့ကြောင်းဆိုသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သြဂုတ်လကုန် အထိ အခွန်တစ်မျိုးချင်း ကောက်ခံရရှိမှု အနေဖြင့် ဝင်ငွေခွန် ငွေကျပ် ၂၄၂၂ ဒဿမ ၅၉၀ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ငွေကျပ် ၁၉၃၀ ဒဿမ ၆၄၀ ဘီလီယံ၊ အထူးကုန်စည်ခွန် ငွေကျပ် ၁၃၀၃ ဒဿမ ၄၀၀ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ငွေကျပ် ၅၃ ဒဿမ ၈၈၅ ဘီလီယံ နှင့် အောင်ဘာလေ သိန်းဆုခွန် ငွေကျပ် ၁၃၀ ဒဿမ ၆၁၃ ဘီလီယံတို့ဖြစ်ကြောင်း သိရသည်။

 

(Xinhua)

Read 671 times
Rate this item
(0 votes)