What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ၀တ်အထည်ဆိုင်ရာ အထူးဇုန်များ တည်ထောင်နိုင်ရန် ကြိုးပမ်း

အထည်အလိပ်ကုန်ချောများ တစ်နေရာတည်းတွင် စုပေါင်း၍ ထုတ်လုပ်နိုင်သည့် အထည်အလိပ်နှင့်

အဝတ်အထည်ဆိုင်ရာ အထူးဇုန်များ တည်ထောင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။

ထုတ်ကုန်များ သုံးစွဲရာတွင် နိုင်ငံတကာစံညွှန်း သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်နိုင်စေရန်အတွက် အစီအစဉ်များ ချမှတ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ် ပေးခြင်းဖြင့် နိုင်ငံတ ကာ ဈေးကွက်ဝင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ စက်မှုကဏ္ဍတွင် စိတ်ဝင်စားလာမှုရှိစေရန် ဖိတ်ခေါ်၍ လိုအပ်သော ကုန်ကြမ်းများ၊ စက်နှင့် စက်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းများ၊ ထုတ်ကုန်များ၏ အရည်အသွေး စစ်ဆေးနိုင်မည့် International Textile Laboratory တည်ထောင်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် လုပ်ငန်းကုမ္ပဏီပေါင်း ၃၈ဝ ရှိနေပြီး ၃ဝဝ နီးပါးမှာ ပြည်ပဈေးကွက် အသီးသီးသို့ အထည်များ ချုပ်လုပ်တင်ပို့ ပေးလျက်ရှိကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် စက်မှုဇုန်ပေါင်း ၂၉ ခုနှင့် စက်ရုံ၊ အလုပ်ရုံပေါင်း ၄ဝဝဝ ကျော်ရှိနေပြီး အလုပ်သမား ဦးရေ သုံးသိန်းကျော် ရှိရာ အထည်ချုပ် ဝန်ထမ်း အလုပ်သမား ဦးရေမှာ ပိုမိုများပြား နေကြောင်း သိရပါတယ်။

၎င်းပြင် မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်လုပ်ငန်းများမှ ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ပြည်ပတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း သိရပါတယ်။

ယခု မျှော်မှန်းထားသည့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံကလည်း ယခင်နှစ် ၂ဝ ကျော် ကာလအတွင်း ဝင်ငွေနှင့် နှိုင်းယှဉ်ပါက နည်းပါး နေသေးကြောင်း သိရပါတယ်။

Source: Myawaddy

Read 1281 times
Rate this item
(0 votes)