What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်တိုင်း Stay Home ကာလ အလုပ်ပိတ်ရက်များအား အနည်းဆုံးလုပ်ခလစာအပြည့်ပေးရန်အလုပ်သမားဖွဲ့အစည်း ၁၃ ဖွဲ့တောင်းဆို

ပြည်ထောင်စုအစိုးရအဖွဲ့မှအမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး (ကိုကိုးကျွန်းမပါ)အား Stay at home(မိမိအိမ်တွင်သာ နေရန် ) ထုတ်ပြန်ခဲ့ပြီး CMPလုပ်ငန်းများလည်း နှစ်ပတ်ခန့်ရပ်နားမည်ဖြစ်၍ ထိုရပ်နားထားသည့်ကာလအတွင်း အလုပ်ပိတ်ရက်များအား အနည်းဆုံးလုပ်ခလစာအပြည့်ပေးချေရန် အလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့မှ ယနေ့စက်တင်ဘာ ၂၂ ရက်တွင် တောင်းဆိုလိုက်ပါတယ်။

 

အမိန့်အမှတ် ၁၀၇/၂၀၂၀ တွင် အလုပ်ပိတ်ရက်များအတွက် လုပ်ခလစာပေးချေရန်နှင့်ပါတ်သက်၍ မပါရှိသေးတာ ကြောင့် အလုပ်ရှင်နှင့်အလုပ်သမားများကြား များစွာသော အငြင်းပွားမှုများကိုဖြစ်ပါ်စေပြီး လုပ်ငန်းခွင်တည်ငြိမ်မှုပျက်ယွင်းကာ လုပ်ငန်းခွင်ဆက်ဆံရေးထိခိုက်မည်ကို အလုပ်သမားအဖွဲ့အစည်းများမှစိုးရိမ်လျက်ရှိကြောင်းသိရပါတယ်။

 

"အလုပ်သမားအရေး ဆောင်ရွက်ကြတဲ့ အစုအဖွဲ့ ၁၃ ဖွဲ့ကနေစုပေါင်းပြီး ဒီထုတ်ပြန်ကြေညာချက်ကိုထုတ်တာဖြစ်ပါတယ်။အစိုးရကနေထုတ်ပြန်လိုက်တဲ့အမိန့်တွေညွှန်ကြားချက်တွေက အလုပ်ရှင်နဲ့အလုပ်သမားကြားနားလည်ရခက်တဲ့အချက်တွေပါလာတဲ့အတွက်ရှင်းလင်းပေးဖို့ဖြစ်ပါတယ်။အစိုးရကနေ လူမှုဖူလုံရေးရန်ပုံငွေ ၆၀ ရာခိုင်နှုန်း အလုပ်ရှင်က ၄၀ရာခိုင်နှုန်းနဲ့ အနည်းဆုံးလုပ်ခလစာငွေအပြည့်နဲ့ အလုပ်သမားတွေလုပ်ခလစာအပြည့်ပေးဖို့တောင်းဆိုတာဖြစ်ပါတယ်။အလုပ်ရှင်က လူမှုဖူလုံရေးကြေးမထည့်ဝင်ခဲ့ဘူးဆိုရင် ဒီအလုပ်သမားတွေအတွက်ကို အလုပ်ရှင်က နေလူမှုဖူလုံရေးဥပဒေနဲ့အညီတာဝန်ယူပေးဖို့ဖြစ်ပါတယ်။လူမှုဖူလုံရေးဥပဒေအကျိုးခံစားခွင့်စနစ်နဲ့ အကျုံးဝင်ခြင်းမရှိတဲ့အလုပ်သမားတွေအတွက် အစိုးရရဲ့သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရံပုံငွေ၆၀ရာခိုင်နှုန်းနဲ့ အလုပ်ရှင်တွေက၄၀ရာခိုင်နှုန်းပေးဖို့ဖြစ်ပါတယ်"ဟုမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။

 

လုပ်ငန်းခွင်သို့သွားရောက်ရန် ကန့်သတ်ထားသည့်ကာလအတွက် လူမှုဖူလုံရေးမှအလုပ်သမားများကို ပေးအပ်သည့် အကျိုးခံစားခွင့်ငွေကြေးအား အောက်တိုဘာလတွင် ပေးချေသည့်လုပ်ခလစာတွင်တစ်ပါးတည်းထည့်သွင်းပေးရန်တောင်းဆိုထားပါတယ်။

 

"ကျွန်မတို့ဒီစာထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ အရှေ့မှာလည်း အစိုးရရဲ့စီမံခန့်ခွဲမှုတွေ အမိန့်ညွှန်ကြားချက်တွေ မရှင်းလင်းတာတွေ နောက်ကျတာတွေကြောင့် အခက်အခဲတွေအများကြီးရင်ဆိုင်ရတယ်။အခက်အခဲရင်ဆိုင်ရတာတွေထဲမှာအခြေခံလူတန်းစားတွေနဲ့ အလုပ်သမားတွေက လှိမ့်နေအောင်ခံရတာပေါ့။အလုပ်သမားတွေအနေနဲ့အများကြီးနစ်နာဆုံးရှုံးတယ်။လုပ်ငန်းရှင်ထွက်ပြေးတယ်။လုပ်ခလစာတွေမရဘူး။ဥပဒေနဲ့မညီစက်ရုံပိတ်လုပ်သားတွေလျှော့တယ်။ဒီလိုမျိုးမရှင်းလင်းတဲ့ဥပဒေတွေအမိန့်ညွှန်ကြားချက်တွေကြောင့်လည်း အလုပ်သမားတွေမှာရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်ရတယ်။ကျွန်မတို့က အစိုးရကနေ အလုပ်သမားတွေကိုထောက်ပံ့ပေးဖို့ပြောနေတာမဟုတ်ဘူး။အလုပ်သမားတွေရဲ့လစဉ် လတိုင်းထည့်ဝင်ထားတဲ့ချွေးနဲစာ ဖူလုံရေးကြေးကနေဘြဲပန်လည် ပြည့်ပြည့်ဝဝနဲ့ထောက်ပံပေးဖို့ပြောခဲ့တာပါ။အလုပ်သမားတွေကရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့အတွက် လစာငွေနည်းသွားပြီဆို သူတို့တွေအခက်အခဲတွေအများကြီးဖြစ်ပါတယ် "ဟုအလုပ်သမားအချင်းချင်းရိုင်းပင်း ကူညီရေးအဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခက ပြောပါတယ် ။

 

လုပ်ငန်းခွင်သို့မသွားရောက်ရန် ကန့်သတ်ထားသည့်ကာလသည် အလုပ်သမားများ၏ လုပ်ခလစာထုတ်ယူရန် ရက်စွာကျော်လွန်နေသည့်အတွက် အလုပ်သမားများ စားဝတ်နေရေးအခက်အခဲမဖြစ်ပေါ်စေရေးအတွက် ဝန်ကြီးဌာနအနေဖြင့်စီမံဆောင်ရွက်ပေးရန်ထုတ်ပြန်ချက်တွင်ထည့်သွင်းတောင်းဆိုထားသည်ကိုတွေ့ရပါတယ်။

 

#MyanmarLabourNews

Read 728 times
Rate this item
(0 votes)