What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန္ကုန္ အထည္ခ်ဳပ္ေလာက စစ္တမ္းထြက္ေပၚ

zaw+uni
ျမန္မာႏုိင္ငံ အခ်ည္ခ်ဳပ္က႑မွ ရန္ကုန္ၿမိဳ႕မွာ လုပ္ကုိင္ေနၾကတဲ့ လုပ္သားေတြကုိ စစ္တမ္း ေကာက္ယူတာမွာ အိမ္ေထာင္မရွိသူ အမ်ဳိးသမီး အသက္ ၁၆ မွ ၂၃ ႏွစ္အတြင္း ရွိသူေတြရဲ႕ တစ္လတာ ၀င္ငငြဟာ အခ်ိန္ပုိဆင္းတာေတြ အပါအ၀င္ က်ပ္ ၁၂,၀၀၀ ပ်မ္းမွ်အားျဖင့္ ရရွိေၾကာင္း ေတြ႕ရပါတယ္။

 C&A Foundation မွ ကမကထျပဳၿပီး Enlightened Myanmar Research Foundation နဲ႔ Andaman Research & Advisory တုိ႔မွ စစ္တမ္းကုိ ေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။ စစ္တမ္းရဲ႕အမည္ကုိ Baseline Survey of Yangon’s Garment Sector Workers လုိ႔ အမည္ေပးထားပါတယ္။

လတ္တေလာႏွစ္ေတြမွာ အထည္ခ်ဳပ္က႑ လ်င္ျမန္စြာ ႀကီးထြားေနေၾကာင္း မွတ္ခ်က္ျပဳထားပါတယ္။
၂၀၁၂ မွ ၂၁၀၆ ခုႏွစ္အတြင္း အထည္ခ်ဳပ္က႑မွာ လုပ္သားအင္အားက ၁၁၀,၀၀၀ ကေန ၂၅၀,၀၀၀ ဦးေရ ျဖစ္လာခဲ့ပါတယ္။ အဲဒီကာလမွာ ျပည္ပတင္ပုိ႔တဲ့ တန္ဖုိးပမာဏဟာ ကန္ေဒၚလာ ၉၁၂ ကေန ကန္ေဒၚလာ ၁.၄၆ ဘီလ်ံ ျဖစ္လာခဲ့ပါတယ္။
အဓိကေဈးကြက္ အေနအထားကုိ ၾကည့္ရင္ ယခင္တုန္းကဆုိရင္ ဂ်ပန္ဟာ အဓိက ေဈးကြက္ ျဖစ္ေနခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွ စတင္ကာ အီးယူေဈးကြက္က လ်င္ျမန္စြာ ႀကီးထြားခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာ အဓိကေဈးကြက္အျဖစ္သုိ႔ ေရာက္ရွိသြားခဲ့တယ္။ ၂၁၀၆ ခုႏွစ္မွာ ျမန္မာႏုိင္ငံမွ တင္ပုိ႔တဲ့ ခ်ဳပ္ထည္ေတြအားလုံးရဲ႕ တန္ဖုိးအားျဖင့္ ၄၅%ကုိ အီးယူသုိ႔ တင္ပုိ႔ခဲ့တယ္။ ခန္႔မွန္းတန္ဖုိး ကန္ေဒၚလာ သန္း ၉၅၀ ရွိတယ္။ ဂ်ပန္က ပထမေနရာမွ ဒုတိယေနရာသုိ႔ ေရာက္သြားၿပီး ခန္႔မွန္းတန္ဖုိး ကန္ေဒၚလာ ၆၄၇ သန္း၊ ၃၁ ရာခုိင္ႏႈန္း ရွိပါတယ္။ တတိယေနရာမွာေတာ့ ၁၆% ျဖင့္ ကုိရီးယား ရွိေနတယ္။
စစ္တမ္းက ရန္ကုန္ကုိ အဓိကထားၿပီး ေကာက္ယူထားတယ္။ ရန္ကုန္မွာ အထည္ခ်ဳပ္ စက္႐ုံေပါင္း ၂၀၀ ေက်ာ္ ရွိတယ္။ ျမင့္မားအရည္အေသြး ျမင့္မာပမာဏျဖင့္ လုပ္ကုိင္ၿပီး ျပည္ပတင္ပုိ႔ရန္ စူးစုိက္လုပ္ကုိင္တဲ့ လုပ္ငန္းေတြနဲ႔ နည္းပါးပမာဏျဖင့္ လုပ္ကုိင္ၿပီး ျပည္တြင္းေဈးကြက္ကုိ ဦးတည္ထားတဲ့ လုပ္ငန္းေတြ ေရာေႏွာပါ၀င္ေနတယ္။
ျပည္ပပုိ႔ကုန္လုပ္ငန္းအမ်ားစုဟာ စက္မႈဇုန္ေတြမွာ တည္ရွိတယ္။ သီလ၀ါ အထူးစီးပြားေရးဇုန္ကုိလည္း မ်က္စိက်ေနၾကတယ္။ ဆိပ္ကမ္းနဲ႔ ပံ့ပုိးမႈအဂၤါရပ္ ျပည့္စုံၿပီး စနစ္က်တာေၾကာင့္ သီလ၀ါမွာ အထည္ခ်ဳပ္စက္႐ုံ ေထာင္လုိၾကတယ္။
စစ္တမ္းက အထည္ခ်ဳပ္လုပ္သား ၇၇၈ ေယာက္ကုိ ေမးျမန္းခဲ့ၿပီး ၉၄% ဟာ အမ်ဳိးသမီးေတြ ျဖစ္ပါတယ္။ လႈိင္သာယာနဲ႔ ေရႊျပည္သာ စက္မႈဇုန္ေတြမွာ ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။
အထည္ခ်ဳပ္စက္႐ုံေတြအတြက္ အမ်ဳိးသမီးငယ္ လုပ္သားေတြဟာ ေက်းလက္ေဒသမွ လာေရာက္လုပ္ကုိင္ၾကသူေတြ မ်ားပါတယ္။ အမ်ားစုက ဧရာ၀တီ၊ ပဲခူးနဲ႔ မေကြး တုိင္းေဒသႀကီးမ်ားမွ လာေရာက္လုပ္ကုိင္ေနၾကသူေတြ ျဖစ္ပါတယ္။
ရခုိင္လူမ်ဳိး လုပ္သားဦးေရက လုပ္သားအင္အားစုရဲ႕ ၁၉% ရွိၿပီး လူနည္းစုလူမ်ဳိးေတြထဲမွာ အမ်ားဆုံးျဖစ္ပါတယ္။ လုပ္သားအင္အားစုရဲ႕ ၇၅% ၀န္းက်င္ဟာ ဗမာေတြ ျဖစ္ပါတယ္။
အထည္ခ်ဳပ္လုပ္သားအင္အားစုရဲ႕ ၈၃% မွာ စမတ္ဖုန္းေတြ ရွိၿပီး ကီးပက္ဖုန္း သုံးစြဲသူ နည္းပါးပါတယ္။ ဖုန္းေဘလ္ကုိေတာ့ က်ပ္ ၁၀,၀၀၀ မေက်ာ္ေအာင္ သုံးစြဲၾကတယ္။
ရတဲ့လစာနဲ႔ ခ်ိန္ဆၾကည့္ရင္ ဖုန္းဖုိးသုံးစြဲမႈ ျမင့္မားပါတယ္။
အထည္ခ်ဳပ္ အမ်ဳိးသမီးေတြမွာ ၂၄ မွ ၂၇ သက္လတ္ပုိင္းဟာ ေခၽြတာသုံးစြဲၿပီး အိမ္ကုိ ေငြျပန္ပုိ႔ၾကတယ္။
 
 

ရန်ကုန် အထည်ချုပ်လောက စစ်တမ်းထွက်ပေါ်
မြန်မာနိုင်ငံ အချည်ချုပ်ကဏ္ဍမှ ရန်ကုန်မြို့မှာ လုပ်ကိုင်နကြေတဲ့ လုပ်သားတွေကို စစ်တမ်း ကောက်ယူတာမှာ အိမ်ထောင်မရှိသူ အမျိုးသမီး အသက် ၁၆ မှ ၂၃ နှစ်အတွင်း ရှိသူတွေရဲ့ တစ်လတာ ဝင်ငငွဟာ အချိန်ပိုဆင်းတာတွေ အပါအဝင် ကျပ် ၁၂,ဝဝဝ ပျမ်းမျှအားဖြင့် ရရှိကြောင်း တွေ့ရပါတယ်။
C&A Foundation မှ ကမကထပြုပြီး Enlightened Myanmar Research Foundation နဲ့ Andaman Research & Advisory တို့မှ စစ်တမ်းကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စစ်တမ်းရဲ့အမည်ကို Baseline Survey of Yangon’s Garment Sector Workers လို့ အမည်ပေးထားပါတယ်။
လတ်တလောနှစ်တွေမှာ အထည်ချုပ်ကဏ္ဍ လျင်မြန်စွာ ကြီးထွားနေကြောင်း မှတ်ချက်ပြုထားပါတယ်။
၂၀၁၂ မှ ၂၁၀၆ ခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှာ လုပ်သားအင်အားက ၁၁၀,ဝဝဝ ကနေ ၂၅၀,ဝဝဝ ဦးရေ ဖြစ်လာခဲ့ပါတယ်။ အဲဒီကာလမှာ ပြည်ပတင်ပို့တဲ့ တန်ဖိုးပမာဏဟာ ကန်ဒေါ်လာ ၉၁၂ ကနေ ကန်ဒေါ်လာ ၁.၄၆ ဘီလျံ ဖြစ်လာခဲ့ပါတယ်။
အဓိကဈေးကွက် အနေအထားကို ကြည့်ရင် ယခင်တုန်းကဆိုရင် ဂျပန်ဟာ အဓိက ဈေးကွက် ဖြစ်နေခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ အီးယူဈေးကွက်က လျင်မြန်စွာ ကြီးထွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အဓိကဈေးကွက်အဖြစ်သို့ ရောက်ရှိသွားခဲ့တယ်။ ၂၁၀၆ ခုနှစ်မှာ မြန်မာနိုင်ငံမှ တင်ပို့တဲ့ ချုပ်ထည်တွေအားလုံးရဲ့ တန်ဖိုးအားဖြင့် ၄၅%ကို အီးယူသို့ တင်ပို့ခဲ့တယ်။ ခန့်မှန်းတန်ဖိုး ကန်ဒေါ်လာ သန်း ၉၅၀ ရှိတယ်။ ဂျပန်က ပထမနေရာမှ ဒုတိယနေရာသို့ ရောက်သွားပြီး ခန့်မှန်းတန်ဖိုး ကန်ဒေါ်လာ ၆၄၇ သန်း၊ ၃၁ ရာခိုင်နှုန်း ရှိပါတယ်။ တတိယနေရာမှာတော့ ၁၆% ဖြင့် ကိုရီးယား ရှိနေတယ်။

စစ်တမ်းက ရန်ကုန်ကို အဓိကထားပြီး ကောက်ယူထားတယ်။ ရန်ကုန်မှာ အထည်ချုပ် စက်ရုံပေါင်း ၂၀၀ ကျော် ရှိတယ်။ မြင့်မားအရည်အသွေး မြင့်မာပမာဏဖြင့် လုပ်ကိုင်ပြီး ပြည်ပတင်ပို့ရန် စူးစိုက်လုပ်ကိုင်တဲ့ လုပ်ငန်းတွေနဲ့ နည်းပါးပမာဏဖြင့် လုပ်ကိုင်ပြီး ပြည်တွင်းဈေးကွက်ကို ဦးတည်ထားတဲ့ လုပ်ငန်းတွေ ရောနှောပါဝင်နေတယ်။

ပြည်ပပို့ကုန်လုပ်ငန်းအများစုဟာ စက်မှုဇုန်တွေမှာ တည်ရှိတယ်။ သီလဝါ အထူးစီးပွားရေးဇုန်ကိုလည်း မျက်စိကျနကြေတယ်။ ဆိပ်ကမ်းနဲ့ ပံ့ပိုးမှုအင်္ဂါရပ် ပြည့်စုံပြီး စနစ်ကျတာကြောင့် သီလဝါမှာ အထည်ချုပ်စက်ရုံ ထောင်လိုကြတယ်။

စစ်တမ်းက အထည်ချုပ်လုပ်သား ၇၇၈ ယောက်ကို မေးမြန်းခဲ့ပြီး ၉၄% ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ လှိုင်သာယာနဲ့ ရွှပြေည်သာ စက်မှုဇုန်တွေမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အထည်ချုပ်စက်ရုံတွေအတွက် အမျိုးသမီးငယ် လုပ်သားတွေဟာ ကျေးလက်ဒေသမှ လာရောက်လုပ်ကိုင်ကြသူတွေ များပါတယ်။ အများစုက ဧရာဝတီ၊ ပဲခူးနဲ့ မကွေး တိုင်းဒေသကြီးများမှ လာရောက်လုပ်ကိုင်နကြေသူတွေ ဖြစ်ပါတယ်။
ရခိုင်လူမျိုး လုပ်သားဦးရေက လုပ်သားအင်အားစုရဲ့ ၁၉% ရှိပြီး လူနည်းစုလူမျိုးတွေထဲမှာ အများဆုံးဖြစ်ပါတယ်။ လုပ်သားအင်အားစုရဲ့ ၇၅% ဝန်းကျင်ဟာ ဗမာတွေ ဖြစ်ပါတယ်။
အထည်ချုပ်လုပ်သားအင်အားစုရဲ့ ၈၃% မှာ စမတ်ဖုန်းတွေ ရှိပြီး ကီးပက်ဖုန်း သုံးစွဲသူ နည်းပါးပါတယ်။ ဖုန်းဘေလ်ကိုတော့ ကျပ် ၁၀,ဝဝဝ မကျော်အောင် သုံးစွဲကြတယ်။
ရတဲ့လစာနဲ့ ချိန်ဆကြည့်ရင် ဖုန်းဖိုးသုံးစွဲမှု မြင့်မားပါတယ်။
အထည်ချုပ် အမျိုးသမီးတွေမှာ ၂၄ မှ ၂၇ သက်လတ်ပိုင်းဟာ ချွေတာသုံးစွဲပြီး အိမ်ကို ငွပြေန်ပို့ကြတယ်။

Read 1073 times
Rate this item
(0 votes)