What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်တွင် အထည်ချုပ် လုပ်ငန်း ၁၅ ခုနီးပါး လစဉ် ဝင်ရောက်

ရန်ကုန်တွင် အထည်ချုပ် လုပ်ငန်း ၁၅ ခုနီးပါး လစဉ် ဝင်ရောက် Google

          ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ် လုပ်ငန်းကဏ္ဍ၌ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၅ ခုနီးပါး လစဉ် ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်က ပြောကြားသည်။

          အထည်ချုပ်ကဏ္ဍတွင် အီးယူ (ဥရောပသမဂ္ဂ) က စီးပွားရေးပိတ်ဆို့မှုကိစ္စကို ပြန်လည်သုံးသပ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်သော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုအပေါ် တစ်စုံတစ်ရာထိခိုက်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

          "အထည်ချုပ်က အမေရိကန်ဒေါ်လာ ငါးသန်းအောက်တန်ဖိုးရှိတဲ့ လုပ်ငန်းတွေဆိုရင် တိုင်းဒေသကြီးက အဓိက ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ လောလောဆယ် အထည်ချုပ်လုပ်ငန်းတွေက ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ အများဆုံးဝင်ရောက်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အထည်ချုပ်လုပ်ငန်းတစ်ခုကိုခွင့်ပြုပြီးပါက တည်ဆောက်ရေးကာလကို တစ်နှစ်အချိန်ပေးရပြီး စက်ရုံငှား၍လုပ်ကိုင်သည့် အထည်ချုပ်လုပ်ငန်းများကိုမူ ပြင်ဆင်ချိန်ခြောက်လ အနည်းဆုံးပေးရမည်ဖြစ်သည်။

          တရုတ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းများသည် အီးယူဈေးကွက်ထက် ဂျပန်ဈေးကွက်သို့ အားထား၍ မြန်မာနိုင်ငံတွင် စက်ရုံလာထောင်ကြခြင်းဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက ပြောကြားသည်။

          "ဘာပဲဖြစ်ဖြစ် နိုင်ငံခြားစက်ရုံတွေက အချိန်တန်ရင် ဈေးကွက်ရှာလို့ရတယ်။ အီးယူပိတ်ရင် နိုင်ငံသားတွေ အဓိကခံရမှာမို့ မပိတ်ဖို့ မျှော်လင့်တယ်။ ဒါမှလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်" ဟု ၎င်းကဆိုသည်။

Read 1178 times
Rate this item
(2 votes)
Tagged under