What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်သား ဒစ်ဂျစ်တယ်လစာ

အသွက်ဖက်ရှင် Fast-fashion လက်လီအရောင်းလုပ်ငန်းကြီး H&M က အထည်ချုပ်လုပ်သားတွေကို များမကြာခင်မှာ ဒစ်ဂျစ်တယ်လစာ ပေးဖို့ စီစဉ်နေပြီ။


အခုလို အပြောင်းအလဲကြောင့် စက်ရုံတွေမှာ ၀န်ထမ်း လုပ်ကိုင်ပေးရတဲ့အချိန် တစ်လကို နာရီ ၇၅၀ သက်သာစေမယ်။ အဲဒါအပြင် နှစ်နှစ်မှာ ငွေကုန်ကျမှု ၈၅% သက်သာမယ်လို့ ငွေသားထက် ပိုကောင်းတယ် မဟာမိတ် Better Than Cash Alliance က ဆိုထားပါတယ်။
Better Than Cash Alliance ဟာ ကုလသမဂ္ဂမှ ဖွဲ့တည်ပေးထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ငွေသားလစာကနေ ဒစ်ဂျစ်တယ်လစာသို့ ပြောင်းလဲသုံးစွဲကြတာ မြန်ဆန်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
H&M ဟာ Better Than Cash Alliance မှာ အဦးဆုံး ပါဝင်တဲ့ ဖက်ရှင်လုပ်ငန်းကြီး ဖြစ်ပါတယ်။ ယခုအချိန်မှာ H&M ရဲ့ supply chain မှာ ပါဝင်လုပ်ကိုင်နေသူဦးရေ ၁.၆ သန်း ရှိပါတယ်။ ၆၅%ဟာ အမျိုးသမီးများ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်လစာ ပေးတဲ့စနစ်ကြောင့် ခိုးခံရမယ့်အရေး လျော့နည်းသွားတယ်။ သူတို့ရမယ့် လုပ်ခတွေ ဆုံးရှုံးရတာလည်း လျော့နည်းပပျောက်သွားပါလိမ့်မယ်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ ရန်ကုန်မြို့မှာ H&M အတွက် အ၀တ်အစားတွေ ချုပ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုမှ စိတ်ဆိုးနေတဲ့ လုပ်သားတွေက ကုန်ထုတ်လုပ်တဲ့ လိုင်းကို ဖျက်ဆီးကြတယ်။ မန်နေဂျာကို ကိုယ်ထိလက်ရောက် ကျူးလွန်ကြတယ်။ အလုပ်သမားခေါင်းဆောင်ကို အလုပ်ဖြုတ်တဲ့အတွက် မကျေနပ်တာ၊ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ မဖြည့်ဆည်းတာတွေ ပါဝင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ အချိန်ပိုလုပ်ခတွေ မပေးဘူးလို့ အလုပ်သမားတွေက လျော်ကြေးတောင်းတယ်။ H&M က အခိုင်အမာ ပေးခိုင်းထားပါလျက်နဲ့ ယခုလို ဖြစ်ရတယ်။ ပြဿနာ ဖြစ်တဲ့ စက်ရုံက Hangzhou Hundred-Tex Garment (Myanmar) Company ရဲ့ စက်ရုံဖြစ်ပြီး ရန်ကုန်မြို့မှာ H&M ရဲ့ အ၀တ်အစားတွေ ချုပ်ပေးနေတဲ့ စက်ရုံ ၄၀ ၀န်းကျင်ထဲမှ တစ်ရုံဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီဖြစ်လို့ တရုတ်သံရုံးက ယခုဖြစ်ရပ်ဟာ တိုက်ခိုက်မှုတစ်ခု ဖြစ်နေကြောင်း အရေးယူပေးဖို့ အပြင်းအထန်တောင်းဆိုကြောင်း မြန်မာအစိုးရထံ တင်ပြခဲ့ပါတယ်။
ကုမ္ပဏီက အချိန်ပိုလုပ်ခတွေကို ဆန္ဒပြ တောင်းဆိုတော့မှ ထုတ်ပေးခဲ့တာဖြစ်ပြီး လုပ်ခ ကျပ်သန်း ၇၀ ကို ပေးချေဖို့ နှောင့်နှေးခဲ့ကြောင်း ကုမ္ပဏီမှ အတည်ပြုပြောကြားခဲ့တယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။
ဖျက်ဆီးခံရတာကြောင့် ကန်ဒေါ်လာ ခုနစ်သိန်းခွဲဖိုးဝန်းကျင် ပျက်စီးသွားခဲ့တယ်လို့ ကုမ္ပဏီက ဆိုတဲ့အကြောင်းလည်း သတင်းမှာ ဖတ်ရှုရပါတယ်။

အခုလို ပြဿနာ ဖြစ်ပွားတာ ဟိုးလေတကျော် သတင်းဖြစ်သွားခဲ့ပေမယ့် အလုပ်သမားတွေရဲ့ လုပ်အားခကို ဘယ်သူက ဖြတ်စားထားသလဲ အသေအချာ အထောက်အထားနဲ့တကွ မသိကြရဘူး။ တကယ်လို့် လုပ်ခတွေကို ငွေသားဖြင့် မပေးဘဲ ဒစ်ဂျစ်တယ် ငွေပေးစနစ် ဖြစ်တဲ့ ATM မှတစ်ဆင့် ထုတ်ယူစေတာမျိုးကို ကျင့်သုံးထားမယ်ဆိုရင် အဲဒီ လုပ်အားခတွေ ဘယ်လိုဖြစ်သွားသလဲဆိုတာ ချက်ချင်းတန်းသိနိုင်မယ်။ အတိအကျ သိနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒစ်ဂျစ်တယ်လစာကို ကျင့်သုံးရင် ယခုလို ပဋိပက္ခတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတစ်ခု ပပျောက်သွားမှာ ဖြစ်ပါတယ်။ တရားဝင်အထောက်အထားတွေနဲ့ ပြောဆိုနိုင်ကြမှာ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်လစာဖြင့် ပေးတဲ့အခါ ငွေစာရင်းကို ကြိုတင်ပေးထားရတာမို့ လက်ခံရရှိကြောင်း အထောက်အထား ရှိနေပြီးသား ဖြစ်နေမှာ ဖြစ်ပါတယ်။ မြန်မာလုပ်သားတွေကို လုပ်ခတွေ ပေးတာမှာ ထိုက်သင့်သလို ပေးရဲ့လားဆိုတာကိုလည်း စာရင်းစစ်တွေက သိနိုင်မှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်လစာရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုက အထည်ချုပ်လုပ်သားတွေ ဘဏ်လုပ်ငန်းနဲ့ နီးစပ်မှု ရရှိသွားခြင်း ဖြစ်ပါတယ်။ ငွေကို ဘဏ်ထဲ တိုက်ရိုက်လွှဲထည့်ပေးလိုက်တာဖြစ်လို့ အထည်ချုပ်အလုပ်သမတစ်ဦးဟာ ဘဏ်မှာ ငွေစာရင်းဖွင့်လှစ်ရမှာ ဖြစ်သလို အဲဒီငွေစာရင်းထဲသို့ အချိန်တန်တိုင်း ငွေဝင်နေမယ်။ ထုတ်မသုံးဖြစ်သေးရင် ဘဏ်မှာ ငွေစုဆောင်းထားပြီးသား ဖြစ်နေမယ်။ လုပ်ခလစာကို တစ်လုံးတစ်ခဲတည်း ယူစရာမလိုတော့ဘဲ ATM မှ လိုသလောက်သာ ထုတ်ယူရုံပဲ ဖြစ်ပါတယ်။ ဘဏ်နဲ့ လုပ်ကိုင်တာမှာ မိုဘိုင်းဖုန်းနဲ့လည်း လုပ်ကိုင်လို့ ရမှာ ဖြစ်ပါတယ်။

Read 835 times
Rate this item
(0 votes)