What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Made in Ethiopia by China (Part Two)

လုပ်သားခ သက်သာတဲ့ ဖွံ့ဖြိုးဆဲကမ္ဘာမှာ အ၀တ်အစားတွေ ထုတ်လုပ်ပြီး အနောက်နိုင်ငံတွေကို တင်ပို့တဲ့အခါ ထုတ်လုပ်မှုစရိတ်သက်သာတာကြောင့်

ဈေးသိပ်မကြီးတဲ့ အ၀တ်အစားတွေ ပေါပေါများများ ရကြလို့ ၀ယ်ယူဝတ်ဆင်ကြသူတွေက သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ကိစ္စ၊ လုပ်ငန်းခွင် အခြေအနေ မကောင်းမွန်တဲ့ကိစ္စတွေကို လျစ်လျူပြုထားလိုက်ကြတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံ ရုတ်တရက် ပြိုကျလို့ လုပ်သား ၁,၁၀၀ သေဆုံးခဲ့တာ ပြောစမှတ်တွင်ပေမဲ့ ဘင်္ဂလားဒေ့ရှ်မှ ချုပ်လုပ်တဲ့ အ၀တ်အထည်တွေကို တရုတ်နိုင်ငံပြီးရင် ဒုတိယနေရာမှာ တင်သွင်းနေကြဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က Clean Clothes Campaign လှုံ့ဆော်မှု ပြုခဲ့တာမှာ ပွင့်လင်းမြင်သာရန် ကတိက၀တ်ကို ကော်ပိုရေးရှင်းကြီး ၇၂ ခုက လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီကတိက၀တ်တွေထဲမှာ တစ်ခုက သူတို့ ထုတ်လုပ်တဲ့ အ၀တ်အစားတွေ ချုပ်လုပ်တဲ့ကုမ္ပဏီ တည်နေရာလိပ်စာကို သူတို့ရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြပေးဖို့ ကတိလည်း ပါဝင်တယ်။ လက်မှတ်ထိုးခဲ့ကြသူတွေထဲမှာ Nike, Patagonia နဲ့ Levi Strauss အပါအ၀င် ၁၇ ခုက ကတိတွေကို အပြည့်အ၀ ဖြည့်ဆည်းထားပြီးပြီ ဖြစ်ပါတယ်။ ကျန်တဲ့ ကော်ပိုရေးရှင်းကြီးတွေကတော့ တစ်စိတ်တစ်ဒေသကို ဖြည့်ဆည်းပြီးပြီ ဖြစ်ပါတယ်။
Made in Ethiopia by China အပိုင်း(၁)ကို အောက်ပါပုံကို တို့ထိပြီး သွားရောက်ဖတ်ရှုနိုင်ပါကြောင်း

http://www.textiledirectory.com.mm/articles/item/756-hawassa-industrial-park.html

ETHI link

Hawassa Industrial Park မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက နာမည်ကြီး အမှတ်တံဆိပ်တွေထံမှ အမှာစာ အော်ဒါတွေ ရရှိကြတယ်။
တရုတ်ကုမ္ပဏီ KGG Garment Plc က Children’s Place Inc အတွက် အ၀တ်အစားတွေ ချုပ်ပေးနေတယ်။
အခုတင်ပြနေတဲ့ အထည်ချုပ်စက်ရုံ Indochine က Levi Strauss & Co. နဲ့ Guess တို့ရဲ့ အော်ဒါတွေကို အဓိက ထားပြီး ချုပ်ပေးနေတယ်။ ပြီးတော့ စူပါမားကက်လုပ်ငန်းစုကြီး Walmart ရဲ့ စူပါမားကက်တွေမှာ တင်ရောင်းမယ့် အ၀တ်အစားတွေကိုလည်း ချုပ်လုပ်ပေးနေတယ်။ ခုနက ပြောတဲ့ ကတိက၀တ် သဘောတူလက်မှတ်ကို Walmart က အခုထိ လက်မှတ်ရေးထိုးခြင်း မပြုသေးဘူး။
နာမည်ကြီး brand တွေဖြစ်တဲ့ Tommy Hilfiger နဲ့ Calvin Klein တို့ရဲ့ မိခင်ကုမ္ပဏီ PVH ဟာ ဟာဝါဆာစက်မှုဥယျာဉ်မှ အထည်ချုပ်စက်ရုံမှာ ချုပ်ထည်တွေ အော်ဒါအပ်နှံထားတယ်။ PVH က ပွင့်လင်းမြင်သာမှု ကတိက၀တ်ကို လက်မှတ်ထိုးထားပေမဲ့ တစ်စိတ်တစ်ဒေသပဲ ဆောင်ရွက်ပေးတယ်။ ဘယ်နေရာတွေကနေ ပစ္စည်းတွေ ရယူသလဲဆိုတာကို အသိပေးထားပေမဲ့ ဘယ်နေရာမှာ အထည်ချုပ်လုပ်တယ်ဆိုတာ အတိအကျကိုတော့ ထုတ်ဖော်အသိပေးခြင်း မပြုဘူး။
PVH ရဲ့ ဖြည့်သွင်းကွင်းဆက် supply chain တာဝန်ခံ ဘီလ် မက်ရိုင်က အထည်ချုပ်စက်ရုံအတွင်းမှာ ကုမ္ပဏီရဲ့ စံသတ်မှတ်ချက်တွေ ချမှတ်ဆောင်ရွက်ထားတယ်။ အစိုးရကလည်း အခုလို စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် လုပ်ကိုင်တာကို အားတက်သရော ကူညီပေးတယ်လို့ ပြောပြပါတယ်။ အဲဒါကြောင့်လည်း အီသီယိုးပီးယားမှာ အ၀တ်အစားတွေ ထုတ်လုပ်ဖို့ ဆုံးဖြတ်ဖြစ်စေခဲ့တယ်။ တရုတ်နိုင်ငံမှာ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်သွားလို့ အာဖရိကကို ရွှေ့ပြောင်းလုပ်ကိုင်ခဲ့တာမှာ အီသီယိုးပီးယားအပြင် ကင်ညာနဲ့ ယူဂမ်ဒါတို့မှာလည်း အော်ဒါတွေ ပေးထားတယ်လို့ သူက ပြောပြပါတယ်။
‘‘စက်မှုထွန်းကားရေးဟာ ကောင်းတဲ့အရာဖြစ်ပြီး လူတွေကို မြှင့်တင်ပေးတယ်။ မျိုးဆက်တိုင်းဟာ ပြီးခဲ့တဲ့ မျိုးဆက်ထက် ပိုကောင်းအောင် လုပ်ပေးဖို့ အခွင့်သာစေတယ်ဆိုတာကို ခင်ဗျား ယုံကြည်တယ်ဆိုရင် အဲဒီလို ဖြစ်လာဖို့ မောင်းခလုတ်ဖြုတ်ပေးဖို့ အ၀တ်အစား ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍက ဖွံ့ဖြိုးဆဲနိုင်ငံ အားလုံးနီးပါးမှာ လုပ်ပေးနိုင်စွမ်း ရှိနေတယ်’’ လို့ သူက ပြောပြတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ စက်မှုထွန်းကားဖို့ လုပ်ဆောင်ကြတာမှာ အထည်ချုပ်လုပ်ငန်းတွေနဲ့ စတင်ထွန်းကားဖွံ့ဖြိုးစေရမယ်။
‘‘တရုတ်နိုင်ငံမှာလည်း ၁၉၈၀ ပြည့်နှစ်ကနေ ၁၉၉၀ ပြည့်နှစ်လွန်ကာလအထိ ဒီလိုပဲ သွားခဲ့တယ်။ အတူတူပါပဲ’’ လို့ ဘီလ် မက်ရိုင်က သုံးသပ်ပြတယ်။

Made in Ethiopia by China အပိုင်း(၃)ကို အောက်ပါပုံကို တို့ထိပြီး သွားရောက်ဖတ်ရှုနိုင်ပါကြောင်း

http://www.textiledirectory.com.mm/articles/item/759-made-in-ethiopia-by-china-part-three.html

ETHI MAP

Read 886 times
Rate this item
(0 votes)