What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂ နှစ်ကျော်အတွင်း အထည်ချုပ်စက်ရုံ ၆၀၀ အထိတိုး

လက်ရှိအစိုးရတာဝန်ယူ သည့် ၂ နှစ်ကျော်အတွင်းအထည်ချုပ်စက်ရုံ ၆၀၀ အထိ တိုးတက်လာကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောသည်။


အစိုးရ တာဝန်မယူမီကာ လက အထည်ချုပ်စက်ရုံ ၂၀၀ ရှိ ပြီး လက်ရှိ ၂ နှစ်ကျော်အတွင်း အရေအတွက် တိုးလာခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် မြန်မာအတွက် ဥရောပနိုင်ငံများ က အထူးအခွင့်အရေးပေးခြင်း ကြောင့် ဖြစ်သည်ဟု ဇူလိုင် ၆ ရက်က ရန်ကုန်မြို့ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်သည့် ဒုသမ္မတနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ထို့ကြောင့် လက်ရှိအစိုးရ လက်ထက်တွင် ယခင်ကထက် အထည်ချုပ် စက်ရုံအရေအတွက် သုံးဆခန့်ရှိလာသည်။

သို့သော် သွေးထိုးလှုံဆော် မှုများရှိသော အလုပ်သမား ပြဿ နာများကြောင့် အထည်ချုပ်စက် ရုံများ ပိတ်သိမ်းမှုများ ရှိလာ ကြောင်း ကုန်သည်များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

‘‘Labour Issue(အလုပ်သ မားရေးရာကိစ္စ) တွေက နည်း နည်းလေး အခက်အခဲရှိပါတယ်။ ဒါကြောင့် တချို့အထည်ချုပ်လုပ် ငန်းတွေ ပိတ်တာရှိပါတယ်’’ ဟု ဦးဇော်မင်းဝင်းက ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ နိုင်ငံ ခြားသားပိုင် Seduno (Myanm -ar) Fashion အထည်ချုပ်စက် ရုံက စက်ရုံငှားရမ်းခမြင့်လာခြင်း နှင့် အနည်းဆုံးလုပ်ခလစာတိုး မြှင့်ခြင်းကြောင့် ဆက်လက်လည် ပတ်ရန် မဖြစ်နိုင်၍ ဇူလိုင် ၁ ရက်ကစတင် ပိတ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ယင်းစက်ရုံအနေဖြင့် ကုန် ထုတ်လုပ်မှု အထွက်နည်းခြင်း၊ အချိန်မီ Export မပြုလုပ်နိုင်ခြင်း၊ စက်ရုံငှားရမ်းခ ကြီးမြင့်လာခြင်း နှင့် အနည်းဆုံးလုပ်ခတိုးမြှင့်ခြင်း တို့ကြောင့် စက်ရုံဆက်လက်ရပ် တည်ရန် ခက်ခဲသဖြင့် ပိတ်သိမ်း ရကြောင်း ဆိုသည်။

အဆိုပါ စက်ရုံတွင် အလုပ် သမား ၅၀၀ မှ ၁,၀၀၀ ကြားရှိပြီး ၂၀၁၄ ကတည်းက ကုမ္ပဏီမှတ် ပုံတင်၍ ရင်းနှီးမြှုပ်နှံမှုဆောင် ရွက်နေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထား သည်။

အထည်ချုပ်စက်ရုံ ကဏ္ဍ တွင် ယခင်က အဆင်မပြေမှု ကြောင့် ပိတ်သိမ်းခဲ့သည့် စက်ရုံ အချို့ရှိသော်လည်း အသစ်ဝင် ရောက်လုပ်ကိုင်မှုအရေအတွက် က ပိုမိုများပြားကြောင်း အလုပ် သမားညွှန်ကြားမှုဦးစီးဌာနမှတ် တမ်းများက ဆိုသည်။

၂၀၁၇ တွင် တစ်နိုင်ငံလုံး၌ အကြောင်းအမျိုးမျိုးကြောင့် ပိတ် သိမ်းခဲ့သည့် အထည်ချုပ်စက်ရုံ ၁၁ ခုရှိပြီး အသစ်ဖွင့်လှစ်လုပ် ကိုင်သည့် စက်ရုံ ၂၂ ခုရှိသည်။

Read 920 times
Rate this item
(0 votes)