What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CEO နဲ႔ စက္ခ်ဳပ္သမ

(Zaw+Uni) ၿပီးခဲ့တဲ့ႏွစ္ ၂ဝ၁၇ မွာ ရရွိခဲ့တဲ့ ၾကြယ္ဝမႈအဝဝရဲ႕ ၈၂%ဟာ ကမၻာ့လူဦးေရရဲ႕ ၁%

ျဖစ္တဲ့ အခ်မ္းသာဆုံးေတြဆီကုိ ေရာက္ရွိတယ္။ ကမၻာ့လူဦးေရရဲ႕ ထက္ဝက္ ၃.၇ ဘီလ်ံဟာ အဆင္းရဲဆုံးစာရင္းထဲ ေရာက္ေနၿပီး သူတုိ႔ရဲ႕ ၾကြယ္ဝမႈ တုိးတာကုိ မျမင္ခဲ့ရဘူးလုိ႔ Oxfam ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားတယ္။

၂ဝ၁ဝ ခုႏွစ္ကစလုိ႔ ဘီလ်ံနာေတြရဲ႕ ၾကြယ္ဝမႈေတြဟာ ပ်မ္းမွ်အားျဖင့္ ႏွစ္စဥ္ ၁၃% တုိးေနခဲ့တယ္။ သာမန္လုပ္သားေတြရဲ႕ လုပ္ခလစာ ဝင္ေငြတုိးတဲ့ႏႈန္းက ၂% ပဲ ရွိတာမုိ႔ ၆ ဆ ပုိမ်ားေနတယ္။ ဘီလ်ံနာဦးေရကလည္း တုိးေနတယ္။ ၂ဝ၁၆ ခုႏွစ္ မတ္လ ၂ဝ၁၆ ခုႏွစ္မွ ၂ဝ၁၇ မတ္လအၾကားမွာ ႏွစ္ရက္ကုိ တစ္ဦးက် ဘီလ်ံနာဦးေရ တုိးခဲ့တာ ေတြ႕ရတယ္။ အခုလုိ ၾကြယ္ဝမႈတုိးပုံ အခ်ဳိးမညီတာေၾကာင့္ အလြန္အမင္း ဆင္းရဲျခင္းေတြ ျဖစ္ေပၚကုန္လိမ့္မယ္။
ဝင္ေငြ ရရွိပုံကုိ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ကမၻာ့ထိပ္တန္းဖက္ရွင္ အမွတ္တံဆိပ္ငါးခုမွာ ပါဝင္တဲ့ ဖက္ရွင္လုပ္ငန္းႀကီးတစ္ခုရဲ႕ စီအီးအုိတစ္ဦး ၄ ရက္စာဝင္ေငြဟာ အထည္ခ်ဳပ္က႑ရဲ႕ လုပ္ခအနည္းဆုံးႏုိင္ငံမွာ လုပ္ကုိင္ေနတဲ့ အထည္ခ်ဳပ္ အလုပ္သမတစ္ဦး တစ္သက္တာ ရမယ့္ ဝင္ေငြနဲ႔ ညီမွ်တယ္။ အေမရိကန္ႏုိင္ငံမွာ ႏႈိင္းယွဥ္ၾကည့္ရင္ အဲဒီစီအီးအုိရဲ႕ ၅ ရက္စာ ဝင္ေငြဟာ သာမန္လုပ္သားတစ္ဦးရဲ႕ တစ္ႏွစ္တာဝင္ေငြနဲ႔ ညီမွ်တယ္။
အစုရွယ္ယာပုိင္ရွင္ေတြနဲ႔ စီးပြားရွာလုပ္ငန္းရဲ႕ ထိပ္ပုိင္းမွ ဦးေဆာင္သူေတြအတြက္ ဆုလာဘ္ေတြအတြက္ လုပ္သားေတြရဲ႕ ဝင္ေငြေတြနဲ႔ လုပ္ငန္းခြင္အေျခအေနေတြ အနစ္နာခံၾကရတယ္လုိ႔ အဲဒီအစီရင္ခံစာမွာ သုံးသပ္ထားတယ္။
အဲဒီလုိ နစ္နာေနၾကရတာဟာ လုပ္သားေတြရဲ႕ ရပုိင္ခြင့္ေတြကုိ ပြန္းပဲ့ကုန္ေအာင္ တုိက္စားပစ္တာေတြ၊ အစုိးရဲ႕ မူဝါဒေရးဆြဲခ်မွတ္မႈေတြအေပၚ ၾသဇာေညာင္းတာေတြဟာ အေၾကာင္းတရားေတြအျဖစ္ ပါဝင္ေနတယ္။ ကုန္က်စရိတ္ကုိ အနည္းပါးဆုံးျဖစ္ေအာင္ လုပ္ၾကတဲ့အခါ လုပ္ခလစာေတြ ေလ်ာ့နည္းေအာင္ လုပ္ထားၾကတယ္။ အစုရွယ္ယာဝင္ေတြအတြက္ အျမတ္ေငြ အမ်ားဆုံးရဖုိ႔ကုိပဲ ဦးတည္ လုပ္ေဆာင္ၾကတယ္။

ကၽြန္ေတာ္တုိ႔ရဲ႕ အဝတ္အစားေတြကုိ လုပ္ကုိင္ေပးၾကတဲ့ လူအမ်ား၊ ကၽြန္ေတာ္တုိ႔ရဲက ဖုန္းေတြကုိ တပ္ဆင္ထုတ္လုပ္ေပးတဲ့ လူအမ်ား၊ ကၽြန္ေတာ္တုိ႔အတြက္ စားနပ္ရိကၡာေတြ စုိက္ပ်ဳိးေပးတဲ့ လူအမ်ား အဲဒီလူအမ်ားအျပားတုိ႔ဟာ အျပည့္အဝ အသုံးခ်ခံၾကရတယ္။ ေဈးသက္သာတဲ့ ကုန္စည္ေတြ ပုံမွန္ရရွိေနတာ ေသခ်ာေစဖုိ႔အတြက္ အခုလုိ အသုံးခ်ခံၾကရတယ္။ အျခားတစ္ဖက္မွာေတာ့ ေကာ္ပုိေရးရွင္းႀကီးေတြနဲ႔ ဘီလ်ံနာ ရင္းႏွီးျမႇဳပ္ႏွွံသူေတြရဲ႕ အျမတ္ေတြ ေတာင္ပုံရာပုံ ျဖစ္ေနတယ္လုိ႔ Oxfam မွ ရွင္းျပခဲ့ပါတယ္။

Pew Research Center ရဲ႕ အဆုိအရ ကမၻာ့လူဦးေရရဲ႕ ၅ဝ% ဟာ ဆင္းရဲတြင္း နက္ေနၾကတယ္။ တစ္ေန႔တာဝင္ေငြ ကန္ေဒၚလာ ၂ မွ ၁ဝ ၾကားမွာ ရရွိၾကတာမွာ ကမၻာ့လုပ္သား အမ်ားစုနဲ႔ ထုတ္လုပ္သူအေသးစားေလးေတြလည္း အပါအဝင္ ျဖစ္တယ္။
Oxfam က ျမန္မာနုိင္ငံမွာ ေလ့လာခဲ့တာမွာ အမ်ဳိးသမီးငယ္ေတြ အထည္ခ်ဳပ္သမအျဖစ္ လုပ္ကုိင္ၾကတာမွာ ကမၻာ့အမွတ္တံဆိပ္ေတြအတြက္ အဝတ္အစားေတြ ခ်ဳပ္လုပ္ေပးၾကတယ္။ သူတုိ႔ တစ္ရက္ကုိ ကန္ေဒၚလာ ၄ ေဒၚလာ ရရိွၾကတယ္။ အဲဒါဟာ အလြန္အမင္းဆင္းရျခင္းမ်ဥ္းရဲ႕ အထက္ဘက္ ႏွစ္ဆေနရာမွာ ရွိပါတယ္။ ဒါေပမဲ့ အခုလုိဝင္ေငြကုိ ရရွိဖုိ႔ တစ္ပတ္ကုိ ၆ ရက္ ၇ ရက္ အလုပ္လုပ္ၾကရတယ္။ တစ္ေန႔ကုိ ၁၁ နာရီ လုပ္ကုိင္ၾကရတယ္။ အခုလုိ ဇာတ္လမ္းမ်ဳိးေတြ ကမၻာတစ္လႊားမွာ အႀကိမ္ႀကိမ္ ျဖစ္ပြားေနတယ္။

အိႏိၵယမွာ တစ္ရက္ ကန္ေဒၚလာ ၂ ေဒၚလာ ဝင္ေငြျဖင့္ ေနထုိင္ေနၾကရသူေတြ ဒုနဲ႔ေဒး ရွိေနတယ္။ အဲဓီ လူဦးေရအၾကားမွာ ဖြားေသႏႈန္း ျမင့္မားတာ ကမၻာ့ပ်မ္းမွ်ရဲ႕ ၃ ဆ အထိ ျမင့္တက္ေနတယ္။ အဲဒီလုိ ျဖစ္ပ်က္ေနတဲ့ လူဦးေရမ်ဳိးေတြ အျခားႏုိင္ငံအမ်ားအျပားတု႔ိမွာလည္း ရွိေနတယ္။
ဝင္ေငြ နည္းပါးတဲ့အခါ စားသုံးတဲ့ အာဟာရလည္း ခ်ဳိ႕တဲ့တယ္။ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ သုံးစြဲမႈကလည္း မသုံးသေလာက္ ျဖစ္ေနတယ္။ ဒီေတာ့ ကေလး ပထမတစ္ႏွစ္သားအတြင္း မေသဖုိ႔ဆုိတာ မေသခ်ာေတာ့ဘူး။

အေျခအေနေတြ ဆုိးေနတယ္။ အထူးသျဖင့္ အမ်ဳိးသမီး အလုပ္သမေတြအတြက္ ပုိဆုိးေနတယ္။ ကမၻာတစ္လႊားမွာ အမ်ဳိးသမီးေတြက အမ်ဳိးသားေတြနဲ႔ အလုပ္က်ေတာ့ တန္းတူလုပ္ရၿပီး ဝင္ေငြက်ေတာ့ အမ်ဳိးသားေတြထက္ အမ်ဳိးသမီးေတြက ပုိနည္းေနတယ္။ အဲဒါ ဘီလ်ံနာေတြၾကားမွာလည္း ေတြ႕ရတယ္။ ဘီလ်ံနာ ၁ဝ ဦးမွာ ၉ ဦးက အမ်ဳိးသားေတြ ျဖစ္ၿပီး အမ်ဳိးသမီးက ၁ ဦးသာ ပါဝင္တဲ့ အခ်ဳိးအစားကုိ ေတြ႕ၾကရတယ္။

Unicode

CEO နဲ့ စက်ချုပ်သမ

ပြီးခဲ့တဲ့နှစ် ၂ဝ၁၇ မှာ ရရှိခဲ့တဲ့ ကြွယ်ဝမှုအဝဝရဲ့ ၈၂%ဟာ ကမ္ဘာ့လူဦးရေရဲ့ ၁% ဖြစ်တဲ့ အချမ်းသာဆုံးတွေဆီကို ရောက်ရှိတယ်။ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက် ၃.၇ ဘီလျံဟာ အဆင်းရဲဆုံးစာရင်းထဲ ရောက်နပြေီး သူတို့ရဲ့ ကြွယ်ဝမှု တိုးတာကို မမြင်ခဲ့ရဘူးလို့ Oxfam ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

၂ဝ၁ဝ ခုနှစ်ကစလို့ ဘီလျံနာတွေရဲ့ ကြွယ်ဝမှုတွေဟာ ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၃% တိုးနေခဲ့တယ်။ သာမန်လုပ်သားတွေရဲ့ လုပ်ခလစာ ဝင်ငွေတိုးတဲ့နှုန်းက ၂% ပဲ ရှိတာမို့ ၆ ဆ ပိုများနေတယ်။ ဘီလျံနာဦးရေကလည်း တိုးနေတယ်။ ၂ဝ၁၆ ခုနှစ် မတ်လ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇ မတ်လအကြားမှာ နှစ်ရက်ကို တစ်ဦးကျ ဘီလျံနာဦးရေ တိုးခဲ့တာ တွေ့ရတယ်။ အခုလို ကြွယ်ဝမှုတိုးပုံ အချိုးမညီတာကြောင့် အလွန်အမင်း ဆင်းရဲခြင်းတွေ ဖြစ်ပေါ်ကုန်လိမ့်မယ်။
ဝင်ငွေ ရရှိပုံကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကမ္ဘာ့ထိပ်တန်းဖက်ရှင် အမှတ်တံဆိပ်ငါးခုမှာ ပါဝင်တဲ့ ဖက်ရှင်လုပ်ငန်းကြီးတစ်ခုရဲ့ စီအီးအိုတစ်ဦး ၄ ရက်စာဝင်ငွေဟာ အထည်ချုပ်ကဏ္ဍရဲ့ လုပ်ခအနည်းဆုံးနိုင်ငံမှာ လုပ်ကိုင်နေတဲ့ အထည်ချုပ် အလုပ်သမတစ်ဦး တစ်သက်တာ ရမယ့် ဝင်ငွေနဲ့ ညီမျှတယ်။ အမေရိကန်နိုင်ငံမှာ နှိုင်းယှဉ်ကြည့်ရင် အဲဒီစီအီးအိုရဲ့ ၅ ရက်စာ ဝင်ငွေဟာ သာမန်လုပ်သားတစ်ဦးရဲ့ တစ်နှစ်တာဝင်ငွေနဲ့ ညီမျှတယ်။
အစုရှယ်ယာပိုင်ရှင်တွေနဲ့ စီးပွားရှာလုပ်ငန်းရဲ့ ထိပ်ပိုင်းမှ ဦးဆောင်သူတွေအတွက် ဆုလာဘ်တွေအတွက် လုပ်သားတွေရဲ့ ဝင်ငွေတွေနဲ့ လုပ်ငန်းခွင်အခြေအနေတွေ အနစ်နာခံကြရတယ်လို့ အဲဒီအစီရင်ခံစာမှာ သုံးသပ်ထားတယ်။
အဲဒီလို နစ်နာနကြေရတာဟာ လုပ်သားတွေရဲ့ ရပိုင်ခွင့်တွေကို ပွန်းပဲ့ကုန်အောင် တိုက်စားပစ်တာတွေ၊ အစိုးရဲ့ မူဝါဒရေးဆွဲချမှတ်မှုတွေအပေါ် သြဇာညောင်းတာတွေဟာ အကြောင်းတရားတွေအဖြစ် ပါဝင်နေတယ်။ ကုန်ကျစရိတ်ကို အနည်းပါးဆုံးဖြစ်အောင် လုပ်ကြတဲ့အခါ လုပ်ခလစာတွေ လျော့နည်းအောင် လုပ်ထားကြတယ်။ အစုရှယ်ယာဝင်တွေအတွက် အမြတ်ငွေ အများဆုံးရဖို့ကိုပဲ ဦးတည် လုပ်ဆောင်ကြတယ်။

ကျွန်တော်တို့ရဲ့ အဝတ်အစားတွေကို လုပ်ကိုင်ပေးကြတဲ့ လူအများ၊ ကျွန်တော်တို့ရဲက ဖုန်းတွေကို တပ်ဆင်ထုတ်လုပ်ပေးတဲ့ လူအများ၊ ကျွန်တော်တို့အတွက် စားနပ်ရိက္ခါတွေ စိုက်ပျိုးပေးတဲ့ လူအများ အဲဒီလူအများအပြားတို့ဟာ အပြည့်အဝ အသုံးချခံကြရတယ်။ ဈေးသက်သာတဲ့ ကုန်စည်တွေ ပုံမှန်ရရှိနေတာ သေချာစေဖို့အတွက် အခုလို အသုံးချခံကြရတယ်။ အခြားတစ်ဖက်မှာတော့ ကော်ပိုရေးရှင်းကြီးတွေနဲ့ ဘီလျံနာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြတ်တွေ တောင်ပုံရာပုံ ဖြစ်နေတယ်လို့ Oxfam မှ ရှင်းပြခဲ့ပါတယ်။

Pew Research Center ရဲ့ အဆိုအရ ကမ္ဘာ့လူဦးရေရဲ့ ၅ဝ% ဟာ ဆင်းရဲတွင်း နက်နကြေတယ်။ တစ်နေ့တာဝင်ငွေ ကန်ဒေါ်လာ ၂ မှ ၁ဝ ကြားမှာ ရရှိကြတာမှာ ကမ္ဘာ့လုပ်သား အများစုနဲ့ ထုတ်လုပ်သူအသေးစားလေးတွေလည်း အပါအဝင် ဖြစ်တယ်။
Oxfam က မြန်မာနိုင်ငံမှာ လေ့လာခဲ့တာမှာ အမျိုးသမီးငယ်တွေ အထည်ချုပ်သမအဖြစ် လုပ်ကိုင်ကြတာမှာ ကမ္ဘာ့အမှတ်တံဆိပ်တွေအတွက် အဝတ်အစားတွေ ချုပ်လုပ်ပေးကြတယ်။ သူတို့ တစ်ရက်ကို ကန်ဒေါ်လာ ၄ ဒေါ်လာ ရရှိကြတယ်။ အဲဒါဟာ အလွန်အမင်းဆင်းရခြင်းမျဉ်းရဲ့ အထက်ဘက် နှစ်ဆနေရာမှာ ရှိပါတယ်။ ဒါပေမဲ့ အခုလိုဝင်ငွေကို ရရှိဖို့ တစ်ပတ်ကို ၆ ရက် ၇ ရက် အလုပ်လုပ်ကြရတယ်။ တစ်နေ့ကို ၁၁ နာရီ လုပ်ကိုင်ကြရတယ်။ အခုလို ဇာတ်လမ်းမျိုးတွေ ကမ္ဘာတစ်လွှားမှာ အကြိမ်ကြိမ် ဖြစ်ပွားနေတယ်။

အိနိဒယမှာ တစ်ရက် ကန်ဒေါ်လာ ၂ ဒေါ်လာ ဝင်ငွဖြေင့် နေထိုင်နကြေရသူတွေ ဒုနဲ့ဒေး ရှိနေတယ်။ အဲဓီ လူဦးရေအကြားမှာ ဖွားသေနှုန်း မြင့်မားတာ ကမ္ဘာ့ပျမ်းမျှရဲ့ ၃ ဆ အထိ မြင့်တက်နေတယ်။ အဲဒီလို ဖြစ်ပျက်နေတဲ့ လူဦးရေမျိုးတွေ အခြားနိုင်ငံအများအပြားတို့မှာလည်း ရှိနေတယ်။
ဝင်ငွေ နည်းပါးတဲ့အခါ စားသုံးတဲ့ အာဟာရလည်း ချို့တဲ့တယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးစွဲမှုကလည်း မသုံးသလောက် ဖြစ်နေတယ်။ ဒီတော့ ကလေး ပထမတစ်နှစ်သားအတွင်း မသေဖို့ဆိုတာ မသေချာတော့ဘူး။

အခြေအနေတွေ ဆိုးနေတယ်။ အထူးသဖြင့် အမျိုးသမီး အလုပ်သမတွေအတွက် ပိုဆိုးနေတယ်။ ကမ္ဘာတစ်လွှားမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ အလုပ်ကျတော့ တန်းတူလုပ်ရပြီး ဝင်ငွေကျတော့ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုနည်းနေတယ်။ အဲဒါ ဘီလျံနာတွကြေားမှာလည်း တွေ့ရတယ်။ ဘီလျံနာ ၁ဝ ဦးမှာ ၉ ဦးက အမျိုးသားတွေ ဖြစ်ပြီး အမျိုးသမီးက ၁ ဦးသာ ပါဝင်တဲ့ အချိုးအစားကို တွေ့ကြရတယ်။

 

Read 857 times
Rate this item
(0 votes)