What's new

×

Warning

JUser: :_load: Unable to load user with ID: 845


(A)အဆင့်စက်ရုံတွေကို ပြန်မစစ်ဆေးဘဲလုပ်ကိုင်ခွင့်ပေးတဲ့အပေါ် CTUM ကန့်ကွက်

(A)အဆင့်စက်ရုံတွေကို ပြန်မစစ်ဆေးဘဲလုပ်ကိုင်ခွင့်ပေးတဲ့အပေါ် CTUM ကန့်ကွက် O Media

ကိုဗစ်ပထမလှိုင်းမှာ(A)အဆင့်ရထားတဲ့ စက်ရုံတွေကို ဒုတိယလှိုင်းမှာ ပြန်ကြီးကြပ်စစ်ဆေးမှုမလုပ်ဘဲလုပ်ကိုင်ခွင့်ပေးတာကို ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမ္မဂများအဖွဲ့ချုပ်(CTUM) ကအောက်တိုဘာ(၁၁)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ဒါ့အပြင် စက်ရုံအလုပ်ရုံတွေကို အဆင့်သတ်မှတ်ချက်တွေပြည့်မီမှုရှိမရှိစစ်ဆေးတာနဲ့ ဖွင့်လှစ်ခွင့်ပေးမပေး ဆုံးဖြတ်တဲ့အခါမှာလည်း အလုပ်သမားသမဂ္ဂတွေကို ပါဝင်ခွင့်ပြုဖို့လည်းတောင်းဆိုထားပါတယ်။

 

အဲဒီကိစ္စတွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းအစိုးရနဲ့အလုပ်ရှင်အလုပ်သမားတွေကို ပန်ကြားထားတာဖြစ်ပါတယ်။

 

အဲဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီ ဒေါ်မိုးမိုးစုကြည်ကို O Media က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

 

ရန်ကုန်မှာ ကိုဗစ်ထိန်းချုပ်ရေးအတွက် အဆင့်(A)ရအောင်ပြင်ဆင်ထားတဲ့ ကုန်ကြမ်းယူကုန်ချောပေး လက်ခစား လုပ်ငန်း(CMP)စက်ရုံအလုပ်ရုံတွေနဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို အောက်တိုဘာလ(၁၂)ရက်နေ့ကစပြီး

 

ပြန်လုပ်ကိုင်ခွင့်ပြုမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

O Media

(A)အဆင့်စက်ရုံတွေကို ပြန်မစစ်ဆေးဘဲလုပ်ကိုင်ခွင့်ပေးတဲ့အပေါ် CTUM ကန့်ကွက်
Read 670 times
Rate this item
(0 votes)