What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မွန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတို့မှ CMP များ စစ်ဆေးပြီးမှ ဖွင့်ရန် သင့်မသင့် ဆုံးဖြတ်မည်

မွန်ပြည်နယ် ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ မြို့နယ် (၁၁) မြို့နယ်ရှိ

ကုန်ကြမ်းယူ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ၊ လုပ်ငန်းဆောင်ရွက်ခွင့်နှင့်စပ်လျဉ်း ၍ မည်သို့ဆောင်ရွက်သင့်သည်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိမရှိအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်၍ ဆက်လက်ဖွင့်လှစ်ခွင့်ပြု/မပြု ဆုံးဖြတ်ဆောင်ရွက်သွားမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
အမိန့်အမှတ် ( ၁၉၈ / ၂၀၂၀ )
၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၅-၉-၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁၁၀/၂၀၂၀ စာတွင် မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ မြို့နယ် (၁၁) မြို့နယ်ရှိ ကုန်ကြမ်းယူ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ၊ လုပ်ငန်းဆောင်ရွက်ခွင့်နှင့်စပ်လျဉ်း ၍ မည်သို့ဆောင်ရွက်သင့်သည်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့နှင့် ညှိနှိုင်း၍ နောက်ဆက်တွဲအမိန့်စာ ထုတ်ပြန်ပေးရန်ဖော်ပြပါရှိပါသည်။

၂။ နိုင်ငံတော်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိရောက်စွာ ထိန်းသိမ်း နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုများပြားနေသော မြို့နယ်များအား Stay at Home ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ် အကိုင် အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင် နိုင်ရေးအတွက်လည်း ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို မထိခိုက်စေဘဲ ထိန်းညှိ လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။

၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များတွင် လိုက်နာဆောင်ရွက်မည့် အချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာပေးထားခဲ့ပြီးဖြစ်ပါသည်။
(က) Coronavirus Disease 2019 (COVID-19) ကာကွယ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများသို့ လမ်းညွှန်ချက် (၁၉-၃-၂၀၂၀)၊ (ခ) Coronavirus Disease 2019 (COVID=19) ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် (၃ဝ-၃-၂၀၂၀)၊
(ဂ) Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့်အချက်များ(၁၉-၄၂၀၂၀)၊
(ဃ) Coronavírus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်(၁၉-၄-၂၀၂၀)၊
(င) Coronavirus Disease 2019 (COVID-19)ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍
စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်(၂၆-၆-၂၀၂၀)၊ (စ) coVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များ (၂၆-၈-၂၀၂၀)။

၄။ ထိုသို့ကြေညာချက်များထုတ်ပြန်ခဲ့သည့်အပြင် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူ ဖြစ်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေဖြင့် စာပိုဒ် ၃ ပါညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ကြီးကြပ်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့များမှ သွားရောက်စစ်ဆေးပြီး ညွှန်ကြားချက်နှင့်ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုလက်မှတ်များထုတ်ပေး၍ ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့သည့်အပြင် ၁၃-၆-၂၀၂၀ ရက်စွဲဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ဆက်လက်ကြီးကြပ်ဆောင်ရွက်ရမည့် အစီအစဉ်ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။

၅။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် စာပိုဒ် ၃ ပါ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှလည်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိကို စာပိုဒ် ၄ ပါအတိုင်း စနစ်တကျ ကြပ်မတ်စိစစ်ဆောင်ရွက်ပါက COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် မည်ဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း ဆက်လက်ဖွင့်လှစ် လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုနိုင်မည်ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၅-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၀/၂၀၂၀ စာပါ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ မြို့နယ် (၁၁) မြို့နယ်ရှိ ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP)များနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စာပိုဒ် ၃ ပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်များဖြင့် စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက် အပေါ်မူတည်၍ ဆက်လက်ဖွင့်လှစ်ခွင့် ပြု/မပြု တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ဆုံးဖြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

 

 CMP_1.jpg

CMP2.jpg

CMp_3.jpg

 

 

Read 608 times
Rate this item
(0 votes)