What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ၿဗိတိန္ အထည္ခ်ဳပ္လုပ္ငန္းက႑မွ ခ်ိန္ကုိက္ဗုံးမ်ား

Zawgyi version

ၿဗိတိန္ အထည္ခ်ဳပ္လုပ္ငန္းက႑မွာ ေဘးကင္းတဲ့ လုပ္ငန္းခြင္ အေျခအေနေတြက တေခ်ာက္ေခ်ာက္ ျမည္ေနတဲ့ ခ်ိန္ကုိက္ဗုံး ျဖစ္ေနတာမုိ႔ ပင္လယ္ရပ္ျခား ထုတ္လုပ္မႈေတြကို ျပည္ေတာ္ျပန္ေခၚဖုိ႔ အဟန္႔အတား ျဖစ္ေနတယ္လု္ိ႔  ထိပ္တန္းဖက္ရွင္လုပ္ငန္းမွ အလုပ္အမႈေဆာင္ႏွစ္ဦးက ေျပာၾကားခဲ့ၾကပါတယ္။

C57b TsWMAAfkv4

ထိပ္တန္းဖက္ရွင္ကုမၸဏီတစ္ခုျဖစ္တဲ့ Asos မွ အလုပ္အမႈေဆာင္ခ်ဳပ္ နစ္ဘင္တြန္နဲ႔ New Look ဖက္ရွင္ကုမၸဏီရဲ႕ ဦးစီးျဖစ္သူ္ အင္ဒရီ ခရစ္တီယံစင္ တုိ႔က ျပည္တြင္းထုတ္လုပ္မႈက႑ရဲ႕ အခ်က္အခ်ာေနရာတစ္ခု ျဖစ္တဲ့ လီစက္စတာမွာ တည္ရွိတဲ့ စက္႐ုံေတြမွာ လုပ္ပုံကုိင္ပုံေတြအေပၚ ယခုလုိ ေျပာၾကားခဲ့ၾကတာ ျဖစ္ပါတယ္။

ဖက္ရွင္လုပ္ငန္းေတြက လုပ္သားေတြကုိ အကာအကြယ္ေပးတဲ့ လုပ္ ေဆာင္ခ်က္ေတြကုိ အရင္လုပ္ေပးမွ ယူေကမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပုိလုပ္ေပးလုိ႔ ရမယ္လုိ႔  ေတာင္းဆုိထားၾကပါတယ္။

Asos နဲ႔ New Look ၂ ခုစလုံးက ၿဗိတိန္မွာ ထုတ္လုပ္မႈေတြ ပုိတုိးၿပီး လုပ္ကုိင္လုိၾကတယ္။ ဒါေပမဲ့ လုပ္ငန္းခြင္ အေျခအေနေတြက လုံၿခဳံစိတ္ခ်ရမႈ မရွိတဲ့အျပင္ ဥပေဒခ်ဳိးေဖာက္တာေတြ မ်ားေနလုိ႔ ၿဗိတိန္မွာ ထုတ္လုပ္မႈေတြ တိုးျမႇင့္လုပ္ကိုင္ဖုိ႔ ၀န္ေလးေနၾကတယ္။

 Asos က ၿဗိတိန္မွာ ၎ရဲ႕ ထုတ္လုပ္မႈကုိ သုံးဆအထိ တုိးလုိတယ္။ ‘‘ကၽြန္ေတာ္တုိ႔ရဲ႕ ရည္မွန္းခ်က္က အေကာင္းဆုံးဖက္ရွင္ေတြကုိ ျမန္ႏုိင္သမွ် ျမန္ျမန္ ၀ယ္ယူ၀တ္ဆင္သူေတြထံ ေဆာင္က်ဥ္းေပးဖုိ႔ ျဖစ္ပါတယ္။ ဒီေတာ့ ယူေကမွ ထုတ္ၿပီး ဆုိင္တင္တာထက္ ပုိျမန္ဆန္တာ မရွိႏုိင္ဘူး။ ယူေကမွာ ထုတ္လုပ္မႈေတြ သုံးဆတုိးတာကုိ လာမယ့္ ၅ ႏွစ္အတြင္းမွာ လုပ္ခ်င္တယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ အေတြ႕အႀကံဳအရ လီစက္စတာမွာ အင္မတန္ေကာင္းတဲ့ စက္႐ုံေတြ ရွိေနတာ ကၽြန္ေတာ္တုိ႔ သိတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ ရည္မွန္းခ်က္ ျပည့္၀ေအာင္ လုပ္ေပးႏုိင္တယ္’’

New Look ကလည္း လီစက္စတာမွ မွာယူတာကုိ ႏွစ္ဆတုိးခ်င္တယ္။ ဒါေပမဲ့ စက္႐ုံေတြရဲ႕ လက္ရွိ လုပ္ငန္းခြင္ အေျခအေနေၾကာင့္ အခက္ေတြ႕ေန တယ္လုိ႔ ဆုိပါတယ္။ ‘‘တေခ်ာက္ေခ်ာက္ျမည္ေနတဲ့ ခ်ိန္ကုိက္ဗုံးတစ္ခုပါပဲ။ အဲဒီမွာ စက္႐ုံအမ်ားအျပားတုိ႔မွာ မီးေရး အေရးေပၚ ေျပးလမ္းေတြကုိ ပိတ္ဆုိ႔ ထားၾကသည္။ လုပ္သားေတြ ေခါင္းပုံျဖတ္ခံေနရတယ္။ အနည္းဆုံးလုပ္ခထက္ ေလ်ာ့နည္းၿပီး ေပးေနတယ္။ မီးအႀကီးအက်ယ္ေလာင္ရင္ ဘာေတြ ျဖစ္ကုန္မလဲ’’လုိ႔ ခရစ္တီယံစင္က ေျပာၾကားပါတယ္။

ရဲဌာနနဲ႔ မီးသတ္ဌာနတုိ႔က တည္ဆဲဥပဒေတြ သက္ေရာက္မႈ ရွိေစဖုိ႔ တင္းတင္းက်ပ္က်ပ္ ၾကပ္မတ္ေပးဖုိ႔ လုိအပ္ေနတယ္။ အစုိးရမွ ထိထိေရာက္ေရာက္ အေရးယူေပးျခင္း မရွိေသးတာအတြက္လည္း မေက်မနပ္ ျဖစ္မိၾကတယ္။

‘‘လူတုိင္း ဘာေတြ ျဖစ္ေနသလဲဆုိတာ သိၾကတယ္။ ဒါေပမဲ့ တစ္ေယာက္မွ နားမေထာင္ၾကဘူး။ မ်က္စိပိတ္ နားပိတ္ ျဖစ္ေနၾကတယ္’’ လုိ႔ ခရစ္တီယံစင္က ေျပာၾကားပါတယ္။ ‘‘ကၽြန္ေတာ္တုိ႔ အာရွမွ ထုတ္လုပ္မႈ အဆင့္အတန္း တုိးတက္ေကာင္းမြန္ေအာင္ အေတာ္ႀကိဳးစားၾကရတယ္။ အဲဒီလုိ ျဖစ္ပ်က္ေနတာေတြ ဒီမွာ လာျဖစ္ေနတယ္။  အဲဒါကုိ ကာကြယ္ဖုိ႔ ဥပေဒေတြလည္း ရွိထားၿပီးသားပါ။ အာဏာသက္ေရာက္မႈ ရွိဖုိ႔ပဲ လုိေနတယ္။ အဲဒီလုိ အာဏာသက္ေရာက္ေပးမယ္ဆုိရင္ ကၽြန္ေတာ္တုိ႔က ရင္းႏွီးျမႇဳပ္ႏွံၾကမွာပဲ’’ လုိ႔ သူက ေျပာပါတယ္။

New Look ဟာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ မေကာင္းတာေၾကာင့္ လြန္ခဲ့တဲ့ သုံးႏွစ္က စက္႐ုံေပါင္း ၁၁၈ ႐ုံကုိ ယူေကမွာ သုံးစြဲခဲ့ေပမဲ့ စက္႐ုံေတြကုိ စစ္ေဆးၿပီးခ်ိန္မွာေတာ့ ၁၂ ႐ုံကုိသာ ဆက္လက္သုံးစြဲဖုိ႔ ေရြးခ်ယ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၂၀၁၇ ခုႏွစ္မွာ စစ္တမ္းေကာက္ယူမႈအရ ၿဗိတိသွ် အထည္အလိပ္လုပ္ငန္းက႑မွ လုပ္သားေတြဟာည တစ္နာရီကုိ ၃ ကန္ေဒၚလာသာသာပဲ ရရွိၾကတယ္လုိ႔ သိခဲ့ရတယ္။ အဲဒါဟာ ျပ႒ာန္းထားတဲ့ အနိမ့္ဆုံးလုပ္ခရဲ႕ ထက္၀က္ပဲ ရွိပါတယ္။ အဲဒီအထည္ခ်ဳပ္လုပ္သားေတြက New Look နဲ႔ River Island တုိ႔လုိ ထိပ္တန္း အ၀တ္အစားလုပ္ငန္းေတြအတြက္ အ၀တ္အစားေတြ ခ်ဳပ္လုပ္ေပးေနၾကသူေတြ ျဖစ္ပါတယ္။

New Look ရဲ႕ အဆုိအရ အပ္ႏွံထားတ့ဲ အပ္ထည္ေတြအတြက္အလုပ္ကုိ  မူရင္းလက္ခံသူ ကန္ထ႐ုိက္တာကေန လက္ခြဲကန္ထ႐ုိက္တာေတြဆီကုိ ေရာက္သြားတယ္။ လက္ခြဲကန္ထ႐ုိက္တာေတြက ဆုိးည့ံတဲ့ အထည့္ခ်ဳပ္စက္႐ုံေတြမွာ အလုပ္အပ္ႏွံၿပီး ခ်ဳပ္လုပ္ခုိင္းတယ္။ အခုလုိ လက္ခြဲ ကန္ထ႐ုိက္တာေတြကုိ ခြဲေ၀ေစခုိင္းတာေၾကာင့္ မူရင္းကန္ထ႐ုိက္တာအေနျဖင့္ ဘယ္စက္႐ံုမွာ ဘာေတြ ခ်ဳပ္လုပ္သလဲ အမွန္အတုိင္း မသိရေတာ့ဘူး။

ေကာင္းတဲ့စက္႐ုံေတြလည္း ရွိသလုိ ဆုိးညံ့တဲ့စက္႐ုံေတြလည္း ရွိတာေၾကာင့္ British Retail Consortium ၿဗိတိသွ် လက္လီအဖြဲ႕အစည္းက အေျပာင္း အလဲေတြ ပုိမုိျဖစ္ေပၚေစဖုိ႔အတြက္ အစုိးရမွ ဖိအားေပးၿပီး က်င့္သုံးဖုိ႔ တုိက္တြန္းထားပါတယ္။

Unicode version

ဗြိတိန် အထည်ချုပ်လုပ်ငန်းကဏ္ဍမှ ချိန်ကိုက်ဗုံးများ

==============================

ဗြိတိန် အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ ဘေးကင်းတဲ့ လုပ်ငန်းခွင် အခြေအနေတွေက တချောက်ချောက် မြည်နေတဲ့ ချိန်ကိုက်ဗုံး ဖြစ်နေတာမို့ ပင်လယ်ရပ်ခြား ထုတ်လုပ်မှုတွေကို ပြည်တော်ပြန်ခေါ်ဖို့ အဟန့်အတား ဖြစ်နေတယ်လို့် ထိပ်တန်းဖက်ရှင်လုပ်ငန်းမှ အလုပ်အမှုဆောင်နှစ်ဦးက ပြောကြားခဲ့ကြပါတယ်။

ထိပ်တန်းဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Asos မှ အလုပ်အမှုဆောင်ချုပ် နစ်ဘင်တွန်နဲ့ New Look ဖက်ရှင်ကုမ္ပဏီရဲ့ ဦးစီးဖြစ်သူ် အင်ဒရီ ခရစ်တီယံစင် တို့က ပြည်တွင်းထုတ်လုပ်မှုကဏ္ဍရဲ့ အချက်အချာနေရာတစ်ခု ဖြစ်တဲ့ လီစက်စတာမှာ တည်ရှိတဲ့ စက်ရုံတွေမှာ လုပ်ပုံကိုင်ပုံတွေအပေါ် ယခုလို ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

ဖက်ရှင်လုပ်ငန်းတွေက လုပ်သားတွေကို အကာအကွယ်ပေးတဲ့ လုပ် ဆောင်ချက်တွေကို အရင်လုပ်ပေးမှ ယူကေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ပေးလို့ ရမယ်လို့ တောင်းဆိုထားကြပါတယ်။

Asos နဲ့ New Look ၂ ခုစလုံးက ဗြိတိန်မှာ ထုတ်လုပ်မှုတွေ ပိုတိုးပြီး လုပ်ကိုင်လိုကြတယ်။ ဒါပေမဲ့ လုပ်ငန်းခွင် အခြေအနေတွေက လုံခြုံစိတ်ချရမှု မရှိတဲ့အပြင် ဥပဒေချိုးဖောက်တာတွေ များနေလို့ ဗြိတိန်မှာ ထုတ်လုပ်မှုတွေ တိုးမြှင့်လုပ်ကိုင်ဖို့ ဝန်လေးနကြေတယ်။

 Asos က ဗြိတိန်မှာ၎င်းရဲ့ ထုတ်လုပ်မှုကို သုံးဆအထိ တိုးလိုတယ်။ ''ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အကောင်းဆုံးဖက်ရှင်တွေကို မြန်နိုင်သမျှ မြန်မြန် ဝယ်ယူဝတ်ဆင်သူတွေထံ ဆောင်ကျဉ်းပေးဖို့ ဖြစ်ပါတယ်။ ဒီတော့ ယူကေမှ ထုတ်ပြီး ဆိုင်တင်တာထက် ပိုမြန်ဆန်တာ မရှိနိုင်ဘူး။ ယူကေမှာ ထုတ်လုပ်မှုတွေ သုံးဆတိုးတာကို လာမယ့် ၅ နှစ်အတွင်းမှာ လုပ်ချင်တယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ လီစက်စတာမှာ အင်မတန်ကောင်းတဲ့ စက်ရုံတွေ ရှိနေတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပြည့်ဝအောင် လုပ်ပေးနိုင်တယ်''

New Look ကလည်း လီစက်စတာမှ မှာယူတာကို နှစ်ဆတိုးချင်တယ်။ ဒါပေမဲ့ စက်ရုံတွေရဲ့ လက်ရှိ လုပ်ငန်းခွင် အခြေအနေကြောင့် အခက်တွေ့နေ တယ်လို့ ဆိုပါတယ်။ ''တချောက်ချောက်မြည်နေတဲ့ ချိန်ကိုက်ဗုံးတစ်ခုပါပဲ။ အဲဒီမှာ စက်ရုံအများအပြားတို့မှာ မီးရေး အရေးပေါ် ပြေးလမ်းတွေကို ပိတ်ဆို့ ထားကြသည်။ လုပ်သားတွေ ခေါင်းပုံဖြတ်ခံနေရတယ်။ အနည်းဆုံးလုပ်ခထက် လျော့နည်းပြီး ပေးနေတယ်။ မီးအကြီးအကျယ်လောင်ရင် ဘာတွေ ဖြစ်ကုန်မလ''လို့ ခရစ်တီယံစင်က ပြောကြားပါတယ်။

ရဲဌာနနဲ့ မီးသတ်ဌာနတို့က တည်ဆဲဥပဒတွေ သက်ရောက်မှု ရှိစေဖို့ တင်းတင်းကျပ်ကျပ် ကြပ်မတ်ပေးဖို့ လိုအပ်နေတယ်။ အစိုးရမှ ထိထိရောက်ရောက် အရေးယူပေးခြင်း မရှိသေးတာအတွက်လည်း မကျေမနပ် ဖြစ်မိကြတယ်။

''လူတိုင်း ဘာတွေ ဖြစ်နေသလဲဆိုတာ သိကြတယ်။ ဒါပေမဲ့ တစ်ယောက်မှ နားမထောင်ကြဘူး။ မျက်စိပိတ် နားပိတ် ဖြစ်နကြေတယ်'' လို့ ခရစ်တီယံစင်က ပြောကြားပါတယ်။ ''ကျွန်တော်တို့ အာရှမှ ထုတ်လုပ်မှု အဆင့်အတန်း တိုးတက်ကောင်းမွန်အောင် အတော်ကြိုးစားကြရတယ်။ အဲဒီလို ဖြစ်ပျက်နေတာတွေ ဒီမှာ လာဖြစ်နေတယ်။ အဲဒါကို ကာကွယ်ဖို့ ဥပဒေတွေလည်း ရှိထားပြီးသားပါ။ အာဏာသက်ရောက်မှု ရှိဖို့ပဲ လိုနေတယ်။ အဲဒီလို အာဏာသက်ရောက်ပေးမယ်ဆိုရင် ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံကြမှာပဲ'' လို့ သူက ပြောပါတယ်။

New Look ဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မကောင်းတာကြောင့် လွန်ခဲ့တဲ့ သုံးနှစ်က စက်ရုံပေါင်း ၁၁၈ ရုံကို ယူကေမှာ သုံးစွဲခဲ့ပေမဲ့ စက်ရုံတွေကို စစ်ဆေးပြီးချိန်မှာတော့ ၁၂ ရုံကိုသာ ဆက်လက်သုံးစွဲဖို့ ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀၁၇ ခုနှစ်မှာ စစ်တမ်းကောက်ယူမှုအရ ဗြိတိသျှ အထည်အလိပ်လုပ်ငန်းကဏ္ဍမှ လုပ်သားတွေဟာည တစ်နာရီကို ၃ ကန်ဒေါ်လာသာသာပဲ ရရှိကြတယ်လို့ သိခဲ့ရတယ်။ အဲဒါဟာ ပြဋ္ဌာန်းထားတဲ့ အနိမ့်ဆုံးလုပ်ခရဲ့ ထက်ဝက်ပဲ ရှိပါတယ်။ အဲဒီအထည်ချုပ်လုပ်သားတွေက New Look နဲ့ River Island တို့လို ထိပ်တန်း အဝတ်အစားလုပ်ငန်းတွေအတွက် အဝတ်အစားတွေ ချုပ်လုပ်ပေးနကြေသူတွေ ဖြစ်ပါတယ်။

New Look ရဲ့ အဆိုအရ အပ်နှံထားတဲ့ အပ်ထည်တွေအတွက်အလုပ်ကို မူရင်းလက်ခံသူ ကန်ထရိုက်တာကနေ လက်ခွဲကန်ထရိုက်တာတွေဆီကို ရောက်သွားတယ်။ လက်ခွဲကန်ထရိုက်တာတွေက ဆိုးညံ့တဲ့ အထည့်ချုပ်စက်ရုံတွေမှာ အလုပ်အပ်နှံပြီး ချုပ်လုပ်ခိုင်းတယ်။ အခုလို လက်ခွဲ ကန်ထရိုက်တာတွေကို ခွေဲဝစေခိုင်းတာကြောင့် မူရင်းကန်ထရိုက်တာအနဖြေင့် ဘယ်စက်ရုံမှာ ဘာတွေ ချုပ်လုပ်သလဲ အမှန်အတိုင်း မသိရတော့ဘူး။

 ကောင်းတဲ့စက်ရုံတွေလည်း ရှိသလို ဆိုးညံ့တဲ့စက်ရုံတွေလည်း ရှိတာကြောင့် British Retail Consortium ဗြိတိသျှ လက်လီအဖွဲ့အစည်းက အပြောင်း အလဲတွေ ပိုမိုဖြစ်ပေါ်စေဖို့အတွက် အစိုးရမှ ဖိအားပေးပြီး ကျင့်သုံးဖို့ တိုက်တွန်းထားပါတယ္။

Read 885 times
Rate this item
(0 votes)