What's new
×
Warning
JUser: :_load: Unable to load user with ID: 845
နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်သွားမည်
နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်သွားမည် Google
၁။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ 
Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်
ကုစားရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၂ / ၂၀၂၀ )ကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အစည်းအဝေး ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအကျိုးသက်ရောက်မှုများအပေါ်
ကုစားနိုင်ရေးအတွက် စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနတို့မှ အောက်ပါတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
(က) COVID – 19 ကြောင့် လက်ရှိ စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသော လုပ်ငန်းများကဏ္ဍများမှာ CMP လုပ်ငန်းများ၊
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများဖြစ်ပြီး အဆိုပါလုပ်ငန်းများကို ဦးစားပေး
ကုစားရမည့် လုပ်ငန်းကဏ္ဍများအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေ (Revolving Fund)မှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေး
ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund
ထူထောင်သွားမည် ဖြစ်ကြောင်းသိရပါတယ်။
(ဂ) အဆိုပါ ရန်ပုံငွေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁ နှစ်
သတ်မှတ်၍ ထုတ်ချေးသွားမည်ဖြစ်ပြီး စီးပွားရေးထိခိုက်မှုအပေါ် မူတည်၍ အတိုးနှုန်းနှင့် ချေးငွေ ကာလကို လိုအပ်သလို
ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်။
၂။ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး
နှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင် ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍ -
(က) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက် လည်းကောင်း၊
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက်လည်းကောင်း သုံးလ တစ်ကြိမ် ပေးဆောင်ရမည့်
ဝင်ငွေခွန်များကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။
(ခ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် လအတွက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင်
ကုန်ဆုံးမည့် လအတွက်အထိ လစဉ် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။
၃။ ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင် ကောက်ခံသည့် ဝင်ငွေခွန် ၂ % ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ
ကင်းလွတ်ခွင့်ပေးပါမည်။
အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။
textile picture
<<< Zawgyi ဖြင့်ဖတ်ရန် >>>
အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။
Myanmar Textile and Garment Directory
Read 1304 times
Rate this item
(0 votes)