What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Zara ပိုင်ရှင် ဖက်ရှင်ဆိုင် ၁၂၀၀ ပိတ်သိမ်းမည်

Zara ၏ မိခင် ကုမ္ပဏီ Inditex သည် coronavirus ကြောင့် အရောင်း ၄၄ % ကျဆင်းခဲ့ပြီးသည့်နောက်တွင်

ကမ္ဘာတစ်လွှားရှိ ၎င်း၏ ဖက်ရှင်ဆိုင် ၁၂၀၀ အထိ ပိတ်သိမ်းပစ်ရတော့မည်။

စပိန်အခြေစိုက် ဖက်ရှင်လုပ်ငန်းစုကြီး Inditex သည် Zara ၊ Bershka ၊ Pull & Bear နှင့် Massimo Dutti အပါအဝင် ဖက်ရှင် brand များ ထုတ်လုပ်ရောင်းချလျက်ရှိရာ Zara မှအပ အခြား ဖက်ရှင် brand များ ရောင်းချသည့် လက်လီအရောင်းဆိုင်များကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ကြေညာသည်။
ပိတ်သိမ်းမည့် ဆိုင်အများစုတို့မှာ ဥရောပနှင့် အာရှတို့တွင် တည်ရှိသည်။ ယူကေတွင် ဖွင့်ထားသော Inditex ၏ ဖက်ရှင်ဆိုင် ၁၀၇ ခုတို့မှာမူ coronavirus ကြောင့် ရောင်းအားထိခိုက်မှု မပြောပလောက်ချေ။
ဆိုင်များ ပိတ်မည်ဖြစ်သော်လည်း ဝန်ထမ်းများကို ဖြစ်နိုင်သရွေ့ အလုပ်ဖြုတ်ပစ်မည် မဟုတ်ဘဲ အွန်လိုင်းအမှာစာ လိုက်ပို့ခြင်းကဲ့သို့သော အလုပ်များကို ပြောင်းလဲလုပ်ကိုင်စေမည် ဖြစ်သည်။သို့သော် ဝန်ထမ်း စုစုပေါင်းအရေအတွက်မှာ ခုနစ်ထောင်ကျော် ရှိခဲ့ရာမှ ၆၇၀၀ နှင့် ၆၉၀၀ ကြား ရှိမည်ဟု ခန့်မှန်းထားသည်။
အခြေအနေ ပြန်ကောင်းလာသော ဈေးကွက်များတွင် ဆိုင်အသစ် ၄၅၀ ပြန်ဖွင့်ရန်လည်း အစီအစဉ် ရှိသည်ဟု ဆိုသည်။
Inditex သည် အဝတ်အစား ထုတ်လုပ်ပြီး လက်လီရောင်းချသည့် လုပ်ငန်းများတွင် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းစု ဖြစ်ပြီး ၄၄ % ရောင်းအားကျဆင်းခြင်းကို ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ကြုံခဲ့ရခြင်းဖြစ်ပြီး ပမာဏမှာ ယူရိုဒေါ်လာ ၃ . ၃ ဘီလျံ လျော့ကျခြင်း ဖြစ်သည်။ အသားတင်အရှုံးမှာ ယူရိုဒေါ်လာ ၄၀၉ သန်းဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်လီဆိုင်များတွင် ရောင်းအားကျဆင်းနေသော်လည်း အွန်လိုင်းအရောင်းမှာ မြင့်တက်နေသည်ဟု ဆိုသည်။ Inditex ထူထောင်သူ Amancio Ortega က အွန်လိုင်းတွင် ရောင်းအားမြှင့်တင်နိုင်ရန် အစီအစဉ်များ ရေးဆွဲပြီး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

Zara ပိုင္ရွင္ ဖက္ရွင္ဆိုင္ ၁၂၀၀ ပိတ္သိမ္းမည္


Zara ၏ မိခင္ ကုမၸဏီ Inditex သည္ coronavirus ေၾကာင့္ အေရာင္း ၄၄ % က်ဆင္းခဲ့ၿပီးသည့္ေနာက္တြင္ ကမၻတစ္လႊားရွိ ၎၏ ဖက္ရွင္ဆိုင္ ၁၂၀၀ အထိ ပိတ္သိမ္းပစ္ရေတာ့မည္။
စပိန္အေျခစိုက္ ဖက္ရွင္လုပ္ငန္းစုႀကီး Inditex သည္ Zara ၊ Bershka ၊ Pull & Bear ႏွင့္ Massimo Dutti အပါအဝင္ ဖက္ရွင္ brand မ်ား ထုတ္လုပ္ေရာင္းခ်လ်က္ရွိရာ Zara မွအပ အျခား ဖက္ရွင္ brand မ်ား ေရာင္းခ်သည့္ လက္လီအေရာင္းဆိုင္မ်ားကို ပိတ္သိမ္းသြားမည္ ျဖစ္ေၾကာင္း ေၾကညာသည္။
ပိတ္သိမ္းမည့္ ဆိုင္အမ်ားစုတို႔မွာ ဥေရာပႏွင့္ အာရွတို႔တြင္ တည္ရွိသည္။ ယူေကတြင္ ဖြင့္ထားေသာ Inditex ၏ ဖက္ရွင္ဆိုင္ ၁၀၇ ခုတို႔မွာမူ coronavirus ေၾကာင့္ ေရာင္းအားထိခိုက္မႈ မေျပာပေလာက္ေခ်။
ဆိုင္မ်ား ပိတ္မည္ျဖစ္ေသာ္လည္း ဝန္ထမ္းမ်ားကို ျဖစ္ႏိုင္သေ႐ြ႕ အလုပ္ျဖဳတ္ပစ္မည္ မဟုတ္ဘဲ အြန္လိုင္းအမွာစာ လိုက္ပို႔ျခင္းကဲ့သို႔ေသာ အလုပ္မ်ားကို ေျပာင္းလဲလုပ္ကိုင္ေစမည္ ျဖစ္သည္။သို႔ေသာ္ ဝန္ထမ္း စုစုေပါင္းအေရအတြက္မွာ ခုနစ္ေထာင္ေက်ာ္ ရွိခဲ့ရာမွ ၆၇၀၀ ႏွင့္ ၆၉၀၀ ၾကား ရွိမည္ဟု ခန႔္မွန္းထားသည္။
အေျခအေန ျပန္ေကာင္းလာေသာ ေဈးကြက္မ်ားတြင္ ဆိုင္အသစ္ ၄၅၀ ျပန္ဖြင့္ရန္လည္း အစီအစဥ္ ရွိသည္ဟု ဆိုသည္။
Inditex သည္ အဝတ္အစား ထုတ္လုပ္ၿပီး လက္လီေရာင္းခ်သည့္ လုပ္ငန္းမ်ားတြင္ ကမာၻ႔အႀကီးဆုံးလုပ္ငန္းစု ျဖစ္ၿပီး ၄၄ % ေရာင္းအားက်ဆင္းျခင္းကို ေဖေဖာ္ဝါရီလ ၁ ရက္မွ ဧၿပီလ ၃၀ ရက္အတြင္း ႀကဳံခဲ့ရျခင္းျဖစ္ၿပီး ပမာဏမွာ ယူ႐ိုေဒၚလာ ၃ . ၃ ဘီလ်ံ ေလ်ာ့က်ျခင္း ျဖစ္သည္။ အသားတင္အရႈံးမွာ ယူ႐ိုေဒၚလာ ၄၀၉ သန္းဟု အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

လက္လီဆိုင္မ်ားတြင္ ေရာင္းအားက်ဆင္းေနေသာ္လည္း အြန္လိုင္းအေရာင္းမွာ ျမင့္တက္ေနသည္ဟု ဆိုသည္။ Inditex ထူေထာင္သူ Amancio Ortega က အြန္လိုင္းတြင္ ေရာင္းအားျမႇင့္တင္ႏိုင္ရန္ အစီအစဥ္မ်ား ေရးဆြဲၿပီး အေကာင္အထည္ ေဖာ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

Read 1698 times
Rate this item
(0 votes)