What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတုအစစ် မူပိုင်ရှင်

Alibaba ကို ထူထောင်သူ ဂျက်မက ပစ္စည်းအတုတွေနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ပြောပြခဲ့တဲ့ စကားတစ်ခွန်းက သတင်းခေါင်းစဉ် ဖြစ်သွားခဲ့ဖူးတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာ တရုတ်ပြည် e-commerce ရင်းနှီးမြှုပ်နှံမှုတွေကို ပြောပြရင်း ပြောခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ ပစ္စည်းအတုတွေရဲ့ အရည်အသွေးဟာ များသောအားဖြင့် တကယ့် brandအမည်အစစ် ပစ္စည်းတွေထက် အရည်အသွေး ပိုကောင်းနေပြီး ဈေးက ပိုသက်သာနေတယ်လို့ သူက မှတ်ချက်ပြုခဲ့တယ်။ ပြီးတော့ သူက ဆက်ပြောတယ်။ အဲဒီအတုတွေ ဆင်တူရိုးမှားတွေကို အစစ်တွေ ထုတ်လုပ်တဲ့ စက်ရုံတွေမှာပဲ ထုတ်လုပ်ကြတာဖြစ်ပြီး သုံးစွဲတဲ့ ကုန်ကြမ်းတွေကလည်း အစစ်ထုတ်လုပ်တာမှာ သုံးတဲ့အတိုင်း အတူတူပါပဲလို့ သူက ထောက်ပြခဲ့ပါတယ်။


Alibab ရဲ့ ရောင်းရေးဝယ်တာ ပလက်ဖောင်းပေါ်မှာ အတုတွေ လာတင်ရောင်းနေတာကို အပြင်းအထန် ဝေဖန်ခံနေရချိန်မှာ သူက အခုလို ပြောကြားပြီး ခုခံကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့သူပြောတဲ့စကားကို အတည်ယူလို့ ရနိုင်မှာလား။

ဖက်ရှင်ပစ္စည်းလောကကို လတ်တလော လေ့လာကြည့်ခဲ့ကြတဲ့ အစီရင်ခံစာတွေမှာတော့ ဂျက်မ ပြောခဲ့တာ တကယ်မှန်နေတာ တွေ့ရတယ်။ အဲဒါတွေကို ယခုအခါ ပစ္စည်းအတုလို့ မပြောဆိုကြတော့ဘဲ တုပထုတ်လုပ်တယ်လို့ မုသားဖြူဖြင့် သုံးစွဲပြောဆိုလာကြတာကိုပါ တွေ့ရတယ်။

Brand တွေကပစ္စည်းအတုတွေကို ဈေးရောင်းတဲ့ ၀က်ဘ်ဆိုက်တွေကနေ ဖယ်ရှားနိုင်ဖို့ ကြိုးစား အားထုတ်နေစဉ်မှာ တရုတ် e-commerce ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ NetEase က Gucci, Burberry, နဲ့ Rimowa အစရှိတဲ့ brand တွေအတွက် ကုန်ထုတ်လုပ်သူတွေကို ဆက်သွယ်ချိတ်ဆက်ပြီး ဆင်တူရိုးမှား ဖက်ရှင်ပစ္စည်းတွေကို ထုတ်လုပ်စေပြီး သူ့ရဲ့ အွန်လိုင်းဈေးဆိုင်ဖြစ်တဲ့ Yanxuan မှာ တင်ရောင်းပါတယ်။ အဲဒီပစ္စည်းတွေရဲ့ အရည်အသွေးတွေစာ brand တပ်ထားတဲ့ ပစ္စည်းတွေနဲ့ တန်းတူဖြစ်ပြီး ဈေးကတော့ ပိုသက်သာပါတယ်လို့ အတိအလင်း ကြေညာပါတယ်။
အဲဒီလို ကြေညာတာမှာ brand တွေရဲ့ မူရင်းပစ္စည်းတွေရဲ့ ပုံတွေနဲ့ တုပထုတ်လုပ်ထားတဲ့ အစ္စည်းတွေရဲ့ ပုံတွေကို ဘေးချင်းယှဉ်ပြပြီး နှိုင်းယှဉ်တင်ပြထားပါတယ်။ ဈေးနှုန်းတွေက ၁၀ ဆ သက်သာနေတာကိုလည်း တင်ပြထားပါတယ်။


အရည်အသွေးက အဲဒီလောက်တောင် ဈေးမကြီးပါဘူး။ အောင်မြင်နေတဲ့ brand တွေရဲ့ နောက်ကွယ်မှာ လူမသိသူမသိ ထုတ်လုပ်သူတွေက ထုတ်လုပ်ပေးနေပါတယ်လို့လည်း တရုတ်စာနဲ့ ဖော်ပြပေးထားပါတယ်။ Netease ရဲ့ Yanxuan က မူရင်းထုတ်လုပ်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အကောင်းဆုံးတွေကို ရှာဖွေရယူကာ အရည်အသွေး တန်းတူဖြစ်ပြီး ဈေးပိုသက်သာတဲ့ ဖက်ရှင်ပစ္စည်းတွေကို ရောင်းချပေးတယ်လို့ ရှင်းလင်းတင်ပြထားတယ်။

NetEase မှာ ပြည်တွင်းအတွက် Yanxuan ရှိပြီး ပြည်ပအတွက် တော့ Kaola ရှိတယ်။ အဲီဒအွန်လိုင်း ဈေးဆိုင်နှစ်ခုက ၀င်ငွေ ကန်ဒေါ်လာ ၂ ဘီလျံဝန်းကျင် ရတယ်လို့ ဆိုပါတယ်။ ထူထောင်သူ Ding Lei က အခု ၂၀၁၈ ခုနှစ်မှာ ကန်ဒေါ်လာ ၃ ဘီလျံ ရရှိမယ်လို့ မျှော်မှန်းထားကြောင်း ကြေညာခဲ့တယ်။
NetEase က အင်တာနက်ဂိမ်းနဲ့ ဗီဒီယိုဂိမ်း နယ်ပယ်မှာ အကြီးမားဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပြီး e-commerce ကို လွန်ခဲ့တဲ့ ၃နှစ်ကမှ စတင်ခဲ့တာ ဖြစ်ပါတယ်။
၃ နှစ်အကြာမှာ အခုလို အောင်မြင်မှု ကြီးမားခဲ့တာ ဟာ Yanxuan ရဲ့ စီးပွားရေးပုံစံက brand ရဲ့ ဒီဇိုင်းကို ထုတ်လုပ်တာကိုပဲ လုပ်ကိုင်တဲ့ ကုန်ထုတ်လုပ်ငန်းတွေနဲ့ ချိတ်ဆက် လုပ်ကိုင်ခြင်း မပြုပဲ မူရင်းဒီဇိုင်းထုတ်လုပ်သူတွေနဲ့ ချိတ်ဆက် လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင် ဒီဇိုင်း ထုတ်လုပ်တာမို့ ဒီဇိုင်း မူပိုင်ခွင့်ကို ရရှိပါတယ်။ အဲဒီလို ကိုယ်ပိုင်ဒီဇိုင်း ထုတ်လုပ်တဲ့ ODMs (Original Design Manufacturers) စက်ရုံတွေဟာ ဒီဇိုင်းထုတ်လုပ်ခြင်း၊ အမျိုးမျို စမ်းသပ်မွမ်မံခြင်း၊ အချောသတ် နမူနာ ထုတ်လုပ်ခြင်း စတာတွေကို ကကြီးကနေ အအထိ လုပ်ကိုင်ပါတယ်။ ဒီတော့ နောက်ဆုံး ရရှိလာတဲ့ ဖက်ရှင်ပစ္စည်းရဲ့ မူပိုင်ခွင့်ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

အရည်အသွေး တန်းတူဖြစ်တယ်လို့ ဆိုပေမဲ့ ထုတ်လုပ်တဲ့ စက်ရုံတွေမှာ အရည်အသွေး ထိန်းချုပ်မှုအပိုင်းကို brand အတွက် ဖက်ရှင်ပစ္စည်း ထုတ်လုပ်မှုတွေအတိုင်း တင်းတင်းကျပ်ကျပ်ဖြင့် ကြီးကြပ်ထုတ်လုပ်မှသာ တန်းတူအရည်အသွေးကို ရရှိမှာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ပြည်တွင်းအတွက် ထုတ်လုပ်ရင် အရည်အသွေး တစ်မျိုး၊ အိမ်နီးနားချင်း နိုင်ငံတွေအတွက် ထုတ်လုပ်ရင် အရည်အသွေးတစ်မျိုး ဈေးကွက်အရ အရည်အသွေး အနိမ့်အမြင့်ကွာခြားနေတာကို ၀ယ်ယူသုံးစွဲသူတို့ တွေ့ကြရတယ်လို့ အစီရင်ခံစာ တချို့မှာ ဖော်ပြထားပါတယ်။

Read 1091 times
Rate this item
(0 votes)