What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CMP ကုန်ကြမ်း/ကုန်ချောများ တင်သွင်း တင်ပို့ရာတွင် ဖြေလျော့ ထားသည့်ကိစ္စအသိပေးအကြောင်းကြားခြင်း

မြန်မာနိူင်ငံအထည်ချုပ်လှုပ်ငန်းရှင်များအသင်း

MYANMAR GARMENT MANUFACTURERS ASSOCIATION

NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: This email address is being protected from spambots. You need JavaScript enabled to view it.

စာအမှတ်။ ။ ၀၀၅/အထခ/၂၀၂၁ (ဝ၆၁၆ ) ရက်စွဲ ။ ။ ၂၀၂၁ခုနှစ် ဇူလိုင်လ ၂ ရက်

CMP အသင်းဝင်စက်ရုံ/ကုမ္ပဏီများအားလုံး

အကြောင်းအရာ။ ။ CMP ကုန်ကြမ်း/ကုန်ချောများ တင်သွင်း တင်ပို့ရာတွင် ဖြေလျော့ထားသည့် ကိစ္စ အသိပေးအကြောင်းကြားခြင်း။

၁။ CMP စက်ရုံ/ကုမ္ပဏီများသည် သွင်းကုန်လိုင်စင်များလျှောက်ထားရာတွင် ကုန်ကြမ်းပေးပို့သူ၏ အချက်အလက်များအတိုင်း လျှောက်ထားသော်လည်း အမှန်တကယ် ပစ္စည်းရောက်ချိန်တွင် Country of Origin ဖော်ပြမထားသည့် အခြေအနေများရှိပါက အောက်ပါအတိုင်း ဖြေလျော့ဆောင်ရွက်ပေးလျက် ရှိပါ

သည်

- Bill of Loading နှင့် Invoice ပါ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ တိုက်ဆိုင် စစ်ဆေး၍ မရနိုင်ပါက သက်ဆိုင်ရာတင်သွင်းကုမ္ပဏီ၏ Country of Origin ဝန်ခံကတိ စာရွက်စာတမ်းဖြင့် လက်ခံဆောင်ရွက်ပေးမည်။

၂။  Mingalardon Cargo Services (MCS) မှ CMP များ၏ Sample ပစ္စည်များ ခတ်နှိပ်ခြင်းကို ရုံးချုပ် (CMP Section)တွင် သွားရောက်ဆောင်ရွက်နေရသည့်အတွက် ကြန့်ကြာမှုများ ရှိနေသည့်အပေါ် အောက်ပါအတိုင်း ဖြေလျော့ဆောင်ရွက်ပေးလျက် ရှိပါသည်။

- Mingalardon Cargo Service (MCS) မှ တင်ပို့မည့် CMP ပို့ကုန်များ၏ Sample ပစ္စည်း များကို Mingalardon Cargo Services (MCS) အကောက်ခွန်ထံတွင်သာ ဆောင်ရွက်ပေးမည်။

 ၃။ CMP ကုန်ကြမ်း/ကုန်ချောများ တင်သွင်း/တင်ပို့ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဖြေလျော့ဆောင်ရွက်ပေးလျက် ရှိနေသည့်ကိစ္စရပ်များကို သိရှိနိုင်ပါရန် အကြောင်း ကြားအပ်ပါသည်။

(ခင်မောင်ဦး ) ရုံးအဖွဲ့မှူး

မိတ္တူ ကို - ရုံးလက်ခံ
 

Read 883 times
Rate this item
(0 votes)