What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝန်ထမ်းများကို သွေးဖောက်၊ ကိုဗစ်စစ်သည့် စက်ရုံများကိုအရေးယူရန်ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီးပြော

ပြီခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင်

အလုပ်သမားများအားသွေးဖောက်၍ တစ်ခါသုံးစက်များဖြင့်ကိုဗစ်စစ်ဆေးခြင်းများပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ အရေးယူရန်ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်း များအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၆ ရက်တွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးကအဆိုပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"သွေးဖောက်တဲ့စက်ရုံတွေကိုလည်းအရေးယူဖို့ဆက်လုပ်သွားမယ်ပြောပါတယ်။ဒီဟာကိုလက်မခံဘူးပြောတယ်။ကျွန်တော်တို့ကလည်းပြန်ပြီးတင်ပြထားတာက ဒီဟာသည်ကျွန်တော်တို့အလုပ်သမားတွေအတွက် HIVတောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာနိုင်တယ်။ဒါ့ကြောင့်အမြန်ဆုံး အရေးယူဖို့ကျွန်တော်တို့အဖွဲ့ချုပ်က ပြောထားပါတယ်"ဟုအဆိုပါဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် ုမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ကပြောပါတယ်။
လှိုင်သာယာရှိ အလုပ်သမားတစ်ထောင်ကျော်ရှိသောအထည်ချုပ်စက်ရုံတွင် သွေးဖောက်၍ တစ်ခါသုံးကိုဗစ်စက်များဖြင့်သွေးစစ်ပြီးနောက် ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှစက်ရုံအား ခံဝန်ထိုးအရေးယူခဲ့သော်လည်း အဆိုပါစက်ရုံခွဲဖြစ်သောရွှေပြည်သာရှိစက်ရုံတွင်နောက်တစ်ရက်ရက်၌ သွေးဖောက်၍ကိုဗစ်စစ်ဆေးခြင်းများကိုပြုလုပ်ခဲ့ပြီး အရေးယူမှုမရှိခဲ့ကြောင်းသိရပါတယ်။
"အလုပ်ရှင်တွေ ဥပဒေချိုးဖောက်ရင် တကယ်တမ်းကြတော့ဒီဟာကခံဝန်ကတိနဲ့ဘဲပြီးရမဲ့ ကိစ္စမှမဟုတ်တာ။အလုပ်ရှင်ဥပဒေချိုးဖောက်တာကြ ခံဝန်နဲ့ဘဲပြီးနေရင် ဒါနိုင်ငံအတွက်ကောင်းတဲ့လမ်းကြောင်းမှမဟုတ်တာ။ကျန်းမာရေးဝန်ကြီးဌာနကလည်းခွင့်မပြုပါဘူး ပြောနေရင်းနဲ့ကိုသူ့ရဲ့စက်ရုံတွေမှာလည်း အလားတူကိစ္စမျိုူလုပ်တယ်ဆိုတာမဖြစ်သင့်ပါဘူး"ဟု ဦးသက်နှင်းအောင်ကထပ်လောင်းပြောကြားပါတယ်။
အထည်ချုပ်စက်ရုံများတွင် မိမိ အစီအစဉ်ဖြင့် ကိုဗစ်စစ်ခြင်းများမပြုလုပ်ရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနခွင့်ပြုချက်မရှိဘဲ လုံးဝဆောင်ရွက်ခြင်းမပြုရန်နှင့် ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေရှိပါက တရားစွဲခံရနိုင်ကြောင်း အောက်တိုဘာ၁၃ရက်နေ့ညပိုင်းတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA က အသိပေးညွှန်ကြားချက် တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။

 

Read 785 times
Rate this item
(0 votes)