What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CMP (သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ )အတွက် ဖြေလျော့ခြင်းကိစ္စနှင့် စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန (ထုတ်ကုန်သွင်း ကုန်ကြီးကြပ်ရေးဌာနခွဲ)မှ COMID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် CMP (သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ) ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအဆင့်များ ဖြေလျော့ခြင်းကိစ္စနှင့် စပ်လျဉ်း၍ ကြေညာချက်အမှတ်၊ ( ၆၆ / ၂၀၂၀) ထုတ်ပြန်ကြေညာထားပါသည်။

 

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လက်ရှိကာလ၌ ဖြစ်ပွားလျက်ရှိသော covID-19 ကမ္ဘာကပ်ရောဂါကြောင့် CMP (သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ) ဆောင်ရွက်ရာ တွင် MACCS System အသုံးပြု၍ Online ဖြင့်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော ကိစ္စများအတွက် Manual လာရောက်လုပ်ဆောင်နေရသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ ပါသည်။

 

၂။ သို့ဖြစ်ပါ၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် CMP (သွင်းကုန်ထုတ်ကုန်လုပ်ငန်း များ) ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရန် အတွက် လုပ်ငန်းဆောင်ရွက်မှုအဆင့်များအား အောက်ပါအတိုင်း လျှော့ဆောင်ရွက်သွားရန် ကြေညာလိုက်သည်-

 

(က) CMP သွင်းကုန်ဆိုင်ရာထောက်ခံချက်များအပေါ်တွင် ယခင်ကဲ့သို့ Appraiser(စည်းကြပ်အရာရှိ) မှ Assess ပြုလုပ်၍ လက်မှတ်ရေးထိုးပေးမည် မဟုတ်ဘဲ Agent မှ Assess ပြုလုပ်ပြီး System တွင် Attach တွဲပေးရမည်ဖြစ်သည်။ Appraiser (စည်းကြပ်အရာရှိ) မှ စစ်ဆေး၍မှန်ကန်ပါက System ၏ Note အကွက်တွင် အတည်ပြုချက်ရေးသားပေးမည်ဖြစ်သည်။

(ခ) CMP ထုတ်ကုန်များနှင့်စပ်လျဉ်း၍ Re-export, Repair and Return ကိစ္စရပ်များတွင် သက်ဆိုင်ရာအသင်းမှ ကုမ္ပဏီသို့ E-mail ဖြင့် ပေးပို့ထားသည့် ထောက်ခံချက်များအား အခြားစာရွက်စာတမ်းများ ( Import Declaration / Export Declaration, Invoice, Packing List, e-mail, Sale Contract) နှင့်အတူ System တွင် Attach တွဲပေးရမည်။ Import Declaration/ Export Declaration ပေါ်တွင် Agent မှ Assessပြုလုပ်ရမည်ဖြစ်ပြီး Appraiser (စည်းကြပ်အရာရှိ) မှ စစ်ဆေး၍မှန်ကန်ပါက System ၏ Note အကွက်တွင် အတည်ပြုချက် ရေးသားပေးမည် ဖြစ်သည်။

(ဂ) Agent မှ Assess ပြုလုပ်ရာတွင် မင်အပြာရောင်ကိုသာ အသုံးပြုရမည်ဖြစ်ပြီး မင်အနီရောင်အား (လုံးဝ) မသုံးစွဲရပါ။

 (ဃ) CMP နယ်စပ် Import Declaration/ Export Declaration များနှင့်သင်္ဘောပြောင်းကိစ္စရပ်များအား ယခင် Manual စနစ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

၃။ ဤကြေညာချက်သည် (၁၅ - ၉ - ၂၀၂၀) ရက်နေ့မှ (၃၁ - ၁၀ -၂၀၂၀) ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်။

 

နေလင်းအောင်
ညွှန်ကြားရေးမှူး(ထုတ်/သွင်း)

Read 719 times
Rate this item
(0 votes)