What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တန်ဖိုးမြင့် လူသုံးကုန်ပစ္စည်းများအား ပိုးစာပင်ကို အသုံးပြု၍ ထုတ်လုပ်ဖြန့်ဖြူးတော့မည်

တန်ဖိုးမြင့် လူသုံးကုန်ပစ္စည်းများအား ပိုးစာပင်ကို အသုံးပြု၍ ထုတ်လုပ်ဖြန့်ဖြူးတော့မည် Google

          ပိုးစာပင်မှ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်၍ ပြည်တွင်းဈေးကွက် ဖြန့်ဖြူးခြင်းနှင့် ပြည်ပဈေးကွက် ရှာဖွေချဲ့ထွင်မှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ပိုးစာပင် စိုက်ပျိုးမွေးမြူသူများက ပြောကြားသည်။

          ပိုးစာပင်မှ ပိုးချဉ်အိမ်များ၊ ပိုးထည်များ၊ ပိုးဂွမ်း၊ ပိုးဆပ်ပြာ၊ ပိုးလက်ဖက်ခြောက် စသည့်တို့ကို ထုတ်လုပ်ကာ လက်ရှိတွင် ဒေသတွင်း ဈေးကွက်မှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးရှိပြီး အခြားဈေးကွက် ရှိသည့် နိုင်ငံများသို့ လူသုံးကုန်အဖြစ် တင်ပို့လာနိုင်ပါက ဒေသတွင်း တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် ၀င်ငွေရရှိ သည်အထိ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နည် မင်းတပ်မြို့ရှိ ပိုးစားပင် စိုက်ပျိုးတောင်သူ ဦးဆ လိုင်းမာန်ထွန်းဦးက ပြောသည်။

          လက်ရှိ ပိုးချဉ်အိမ်ကို တရုတ် ပိုးချဉ်စက်ရုံများသို့ လွယ်ဂျယ်နယ်စပ်စခန်းမှ တင်ပို့နေမှုမှ နှစ်စဉ် တိုးတက်တင် ပို့နေရပြီး အခြားသော လူသုံးကုန်ပစ္စည်းများအတွက်လည်း ဈေးကွက်ရရှိရန် လိုအပ်နေပြီး လိုအပ်သော ချေး ငွေ ပံ့ပိုးခြင်းဖြင့် အသေးစား၊ အလတ်စား ပိုးချဉ်စီမံကိန်းများအား တောင်သူများကိုယ်တိုင် ဖော်ဆောင် လာ နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ဆိုသည်။

          ၂၀၁၈ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံသို့ ပိုးချဉ် ကီလိုပေါင်း ၇,၉၀၀ ကျော်၊ ဇူလိုင်လတွင် ကီလိုပေါင်း ၇,၂၀၀ ကျော်၊ သြဂုတ်လတွင် ကီလို ၇,၂၀၀ ခန့်၊ စက်တင်ဘာလတွင် ကီလိုပေါင်း ၁၅,၃၀၀ ခန့်၊ အောက်တိုဘာလ တွင် ကီလိုပေါင်း ၁၂,၇၀၀ ကျော် အသီးသီး တင်ပို့ထားကြောင်း သိရသည်။

          မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ ပိုးစာပင်စိုက်တောင်သူ ဦးမျိုးညွန်က“ ပိုးစာလက်ဖက်ခြောက် ဆိုရင် ပြည်တွင်းက ဈေးဝယ်စင်တာတွေမှာ ဖြန့်ဖြူးနေတယ်။ အစကတော့ ဒီအပင်ကနေ လက်ဖက်ခြောက်တို့ ဆပ် ပြာတို့ ထုတ်လုပ်နိုင်တာ လူသိနည်းတယ်။  အခုနောက်ပိုင်းတော့ ဈေးဝယ်စင်တာတွေမှာတင်ရင်း ကျန်းမာရေး နဲ့ ညီညွတ်လို့ ကြိုက်နှစ်သက်မှုလည်း ရှိလာတယ်။ ပါကင်စနစ် ကောင်းကောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ ပို့နိုင် အောင် လုပ်ပေးမယ်ဆိုရင် ဒီကဏ္ဍ ဖွံ့ဖြိုးမှု အရှိန်ကောင်းလာမှာ ဖြစ်တယ်” ဟု ပြောသည်။

          လက်ရှိ ကရင်ပြည်နယ်တွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ဦးဆောင် ၍ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် MOU ရေးထိုးထားကာ ကမော့ကပို ပိုးခြံမှ ပိုးစာပင် ၃ ဧကခန့် စမ်းသပ်စိုက်ပျိုးမှုမှ အောင်မြင်လာသည့်အတွက် ပိုးမွေးမြူရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် ပြင်ဆင် နေကြောင်း သိရသည်။

          အဆိုပါ စီမံကိန်းမှ ပိုးစာပင် စိုက်ပျိုးခြင်း၊ ပိုးမွေးခြင်းနှင့် ချဉ်မျှင်ထုတ်လုပ်သည့် ၂ နှစ် စီမံကိန်းပြီးပါက ကရင် ပြည်နယ် အစိုးရအဖွဲ့သို့ လွဲပြောင်းသွားမည်ဟု သိရသည်။

          လက်ရှိ မြန်မာနိုင်ငံတွင် ပိုးစာပင် စိုက်ဧက ၅,၀၀၀ ကျော်ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြကာ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသတွင် ဧကပေါင်း ၂,၀၀၀ ကျော်အား ကုမ္ပဏီတစ်ခုမှ တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်နေကြောင်း သိရ သည်။

          လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးတွင် ပိုးစာပင် မျိုးပိုးဥထုတ်ခြံ တစ်ခြံ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်တယ်၊ ရှမ်းပြည်နယ်များတွင် ပိုးစာခြံ ၁၉ ခြံ၊ ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် ပြင်ဦးလွင်တို့တွင် ပိုးချဉ် ထုတ်လုပ်သည့် စက်ရုံ ၂ ရုံခန့်ရှိကြောင်း သိရသည်။

Source: Agriculture & Market

Read 1934 times
Rate this item
(0 votes)
Tagged under