What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Zara နဲ့ မြန်မာ အထည်ချုပ်လုပ်သား မတ်စ် ပြဿနာ

Zara ၏ မိခင်ကုမ္ပဏီမှာ Inditex ဖြစ်ပြီး  Zara နှင့် Zara ပိုင်ရှင်တို့၏ ဇာတ်ဖြစ်သော စပိန်မှာ အခြေစိုက်သည်။ 

Inditexသည် စပိန်မှာ ကပ်ရောဂါ မြင့်တက်ချိန်တွင် စတိုး ၃၀၀၀ ကျော်ကို ပိတ်ထားလိုက်သည်။ Ortega က သူ့ဖက်ရှင် အင်ပါယာကို ဆေးရုံသုံး ဝတ်စုံနှင့် မတ်စ်များ ထုတ်လုပ်သည့်ဘက်သို့ လှည့်ပေးလိုက်သည်။ သန်းချီသော ဆေးပစ္စည်းများကို တရုတ်ပြည်မှ တင်သွင်းသည်။ အကျပ်အတည်းကာလအတွင်း Zara ၏ စပိန်နိုင်ငံသား ဝန်ထမ်းများ လစာအပြည့်ရရှိသည်ကို သေချာစေသည်။ သို့ဖြစ်ရာ စပိန်တွင် သူ့ကို ထောက်ခံမှု အကြီးအကျယ်ရသည်။ မီဒီယာများကလည်း ချီးကျူးကြသည်။

သို့သော်  Ortega ၏ ရက်ရောခြင်းနှင့် Zara ၏ လုပ်သားများအပေါ် အရေးလုပ်ခြင်းသည် စပိန်နိုင်ငံ နယ်နိမိတ် အပြင်ဘက်သို့ မရောက်ချေ။ သူ့ ပရဟိတသည် စပိန်နိုင်ငံရှိ Iniditex ၏ စက်ရုံ ၁၃ ရုံ အတွက်သာ ဖြစ်သည်။

Zara အတွက် ချုပ်လုပ်ပေးနေသည့် စက်ရုံများသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီ နိုင်ငံများတွင် တည်ရှိသည်။

ထိုသုံးနိုင်ငံထံမှ  Zara ၏ ဖက်ရှင်ထည်များ အများဆုံး ရရှိသည်။ ရှင်းပါသည်။ လုပ်သားခ ဈေးပေါသောကြောင့် ဖြစ်သည်။ Zara က ခေါင်းပုံဖြတ်သည်ကို ဈေးပေါသည်ဟု မှားယွင်းစွာ ယူဆထားသည်။

Zara brand က မိခင်နိုင်ငံ စပိန်အတွက် ဆေးဘက်ဆိုင်ရာ အလှူများ ပေးနေသည်။ PPE သုံးသန်းနှင့် အသက်ရှူစက် အလုံး ၁၅၀၀ ကို တရုတ်နိုင်ငံမှ လေကြောင်းဖြင့် တင်သွင်းပေးခဲ့သည်။ ထိုစဉ် မြန်မာနိုင်ငံရှိ လုပ်သားများကို မတ်စ် မပေးချေ။ လုပ်သားတို့က မတ်စ် ကို တောင်းဆိုသောအခါ သူတို့ကို အလုပ် ဖြုတ်လိုက်သည်။ Zara ၏ အထည်ချုပ်စက်ရုံ Myan Mode သည် ကပ်ရောဂါ ဆိုက်ရောက်နေစဉ် အနည်းဆုံး လုပ်သား ၅၀၀ ကို အလုပ်ဖြုတ်ခဲ့သည်။

Zara ၏ လုပ်သားများသည်  လစာနည်းပါးသည်။ မြန်မာနိုင်င့ရှိ စက်ရုံများတွင် လုပ်သားတို့သည် ၁၁ နာရီ အဆိုင်းဖြင့် လုပ်ကိုင်ကြရသည်။ တစ်ပတ် ၆ ရက် အလုပ်ဆင်းရသည်။ သူတို့ကို သုံးဒေါ်လာခွဲမှ ၅ ဒေါ်လာအထိသာ နေ့တွက်ခ ပေးသည်။

၂၀၁၅ ခုနှစ်တွင်  Zara  က လူမည်းလုပ်သားများကို ခွဲခြားနှိမ်ချသည်ဟု စွပ်စွဲခံရသည်။ ဘရာဇီး နိုင်ငံရှိ Zara ၏ စက်ရုံများသည် ကျွန်ပြုရာ ရောက်နေသည်။

၂၀၁၇ ခုနှစ်တွင် တူရကီတွင် Zara အတွက် ဖက်ရှင်ထည်များ ချုပ်ပေးသည့် လုပ်သားများက လုပ်ခလစာ နည်းပါးလွန်းကြောင်း အသိပေးသည့် ကတ်ကို အဝတ်အစားတွင် တွဲချည်ပေးသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

 

ခင်ဗျား ဝယ်မယ့် ဒီဟာကို ငါလုပ်ပေးတယ်။ 

ဒါပေမဲ့ အဲဒီအတွက် လုပ်ခကို ငါမရ

 

Zara ပိုင်ရှင်  Amancio Ortega သည် စပိန်တွင် သူရဲကောင် ဖြစ်သည်။ နိုင်ငံခေါင်းဆောင်များသည် သူ့ထုတ်ကုန် အမှတ်တံဆိပ်များကို ဝတ်စားဆင်ယင်ကြသည်။

၂၀၂၀ ခုနှစ် မတ်လတွင် ထောင်ချီသေ စပိန်နိုင်ငံသားတို့သည် လသာဆောင်သို့ ထွက်လာကြပြီး သူ့မွေးနေ့အတွက် ဆုမွန်ကောင်း တောင်းပေးကြသည်။ ထိုအချိန်တွင် စပိန်နိုင်ငံ ပြင်ပရှိ Zara ၏ လုပ်သားများသည် ဘေးမကင်းသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရခြင်းအတွက် မကျေမနပ်ဖြင့် တင်ပြနေကြသည်။ 

Zara ၏ ဇာတ်လမ်းသည် ကြီးမားသော brand များသည် လူမြင်ကောင်းအောင် လုပ်ပြပြီး သတင်းကောင်း ဖြစ်စေသည် နမူနာ ဖြစ်သည်။ မြင်ကွင်းများ၏ နောက်ကွယ်တွင် ဘာတွေ ဖြစ်နေသလဲဆိုသည်မှာ ဘာမှ အရေးလုပ်စရာ မဟုတ်ချေ။

 

https://www.wionews.com/

Zara steps into another controversy; workers in Myanmar fired for demanding masks

zawgyi

Zara နဲ့ မြန်မာ အထည်ချုပ်လုပ်သား မတ်စ် ပြဿနာ
============
Zara ၏ မိခင်ကုမ္ပဏီမှာ Inditex ဖြစ်ပြီး Zara နှင့် Zara ပိုင်ရှင်တို့၏ ဇာတ်ဖြစ်သော စပိန်မှာ အခြေစိုက်သည်။ Inditexသည် စပိန်မှာ ကပ်ရောဂါ မြင့်တက်ချိန်တွင် စတိုး ၃၀၀၀ ကျော်ကို ပိတ်ထားလိုက်သည်။ Ortega က သူ့ဖက်ရှင် အင်ပါယာကို ဆေးရုံသုံး ဝတ်စုံနှင့် မတ်စ်များ ထုတ်လုပ်သည့်ဘက်သို့ လှည့်ပေးလိုက်သည်။ သန်းချီသော ဆေးပစ္စည်းများကို တရုတ်ပြည်မှ တင်သွင်းသည်။ အကျပ်အတည်းကာလအတွင်း Zara ၏ စပိန်နိုင်ငံသား ဝန်ထမ်းများ လစာအပြည့်ရရှိသည်ကို သေချာစေသည်။ သို့ဖြစ်ရာ စပိန်တွင် သူ့ကို ထောက်ခံမှု အကြီးအကျယ်ရသည်။ မီဒီယာများကလည်း ချီးကျူးကြသည်။
သို့သော် Ortega ၏ ရက်ရောခြင်းနှင့် Zara ၏ လုပ်သားများအပေါ် အရေးလုပ်ခြင်းသည် စပိန်နိုင်ငံ နယ်နိမိတ် အပြင်ဘက်သို့ မရောက်ချေ။ သူ့ ပရဟိတသည် စပိန်နိုင်ငံရှိ Iniditex ၏ စက်ရုံ ၁၃ ရုံ အတွက်သာ ဖြစ်သည်။

Zara အတွက် ချုပ်လုပ်ပေးနေသည့် စက်ရုံများသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီ နိုင်ငံများတွင် တည်ရှိသည်။
ထိုသုံးနိုင်ငံထံမှ Zara ၏ ဖက်ရှင်ထည်များ အများဆုံး ရရှိသည်။ ရှင်းပါသည်။ လုပ်သားခ ဈေးပေါသောကြောင့် ဖြစ်သည်။ Zara က ခေါင်းပုံဖြတ်သည်ကို ဈေးပေါသည်ဟု မှားယွင်းစွာ ယူဆထားသည်။
Zara brand က မိခင်နိုင်ငံ စပိန်အတွက် ဆေးဘက်ဆိုင်ရာ အလှူများ ပေးနေသည်။ PPE သုံးသန်းနှင့် အသက်ရှူစက် အလုံး ၁၅၀၀ ကို တရုတ်နိုင်ငံမှ လေကြောင်းဖြင့် တင်သွင်းပေးခဲ့သည်။ ထိုစဉ် မြန်မာနိုင်ငံရှိ လုပ်သားများကို မတ်စ် မပေးချေ။ လုပ်သားတို့က မတ်စ် ကို တောင်းဆိုသောအခါ သူတို့ကို အလုပ် ဖြုတ်လိုက်သည်။ Zara ၏ အထည်ချုပ်စက်ရုံ Myan Mode သည် ကပ်ရောဂါ ဆိုက်ရောက်နေစဉ် အနည်းဆုံး လုပ်သား ၅၀၀ ကို အလုပ်ဖြုတ်ခဲ့သည်။

Zara ၏ လုပ်သားများသည် လစာနည်းပါးသည်။ မြန်မာနိုင်င့ရှိ စက်ရုံများတွင် လုပ်သားတို့သည် ၁၁ နာရီ အဆိုင်းဖြင့် လုပ်ကိုင်ကြရသည်။ တစ်ပတ် ၆ ရက် အလုပ်ဆင်းရသည်။ သူတို့ကို သုံးဒေါ်လာခွဲမှ ၅ ဒေါ်လာအထိသာ နေ့တွက်ခ ပေးသည်။
၂၀၁၅ ခုနှစ်တွင် Zara က လူမည်းလုပ်သားများကို ခွဲခြားနှိမ်ချသည်ဟု စွပ်စွဲခံရသည်။ ဘရာဇီး နိုင်ငံရှိ Zara ၏ စက်ရုံများသည် ကျွန်ပြုရာ ရောက်နေသည်။
၂၀၁၇ ခုနှစ်တွင် တူရကီတွင် Zara အတွက် ဖက်ရှင်ထည်များ ချုပ်ပေးသည့် လုပ်သားများက လုပ်ခလစာ နည်းပါးလွန်းကြောင်း အသိပေးသည့် ကတ်ကို အဝတ်အစားတွင် တွဲချည်ပေးသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

ခင်ဗျား ဝယ်မယ့် ဒီဟာကို ငါလုပ်ပေးတယ်။
ဒါပေမဲ့ အဲဒီအတွက် လုပ်ခကို ငါမရ


Zara ပိုင်ရှင် Amancio Ortega သည် စပိန်တွင် သူရဲကောင် ဖြစ်သည်။ နိုင်ငံခေါင်းဆောင်များသည် သူ့ထုတ်ကုန် အမှတ်တံဆိပ်များကို ဝတ်စားဆင်ယင်ကြသည်။
၂၀၂၀ ခုနှစ် မတ်လတွင် ထောင်ချီသေ စပိန်နိုင်ငံသားတို့သည် လသာဆောင်သို့ ထွက်လာကြပြီး သူ့မွေးနေ့အတွက် ဆုမွန်ကောင်း တောင်းပေးကြသည်။ ထိုအချိန်တွင် စပိန်နိုင်ငံ ပြင်ပရှိ Zara ၏ လုပ်သားများသည် ဘေးမကင်းသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရခြင်းအတွက် မကျေမနပ်ဖြင့် တင်ပြနေကြသည်။
Zara ၏ ဇာတ်လမ်းသည် ကြီးမားသော brand များသည် လူမြင်ကောင်းအောင် လုပ်ပြပြီး သတင်းကောင်း ဖြစ်စေသည် နမူနာ ဖြစ်သည်။ မြင်ကွင်းများ၏ နောက်ကွယ်တွင် ဘာတွေ ဖြစ်နေသလဲဆိုသည်မှာ ဘာမှ အရေးလုပ်စရာ မဟုတ်ချေ။


https://www.wionews.com/
Zara steps into another controversy; workers in Myanmar fired for demanding masks

Read 1466 times
Rate this item
(1 Vote)