What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ကိုရိုနာဗိုင်းရက်စ် ဂယက် ကြောင့် ယာယီနှင့် အပြီးပိတ်သိမ်းမည့် စက်ရုံအရေအတွက် ပိုများလာနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
ကိုရိုနာဗိုင်းရက်စ် ဂယက် ကြောင့် ယာယီနှင့် အပြီးပိတ်သိမ်းမည့် စက်ရုံအရေအတွက် ပိုများလာနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား Google
ကိုရိုနာဗိုင်းယက်စ် ပြဿနာကြောင့် မြန်မာနိုင်ငံအတွင်း ယာယီနှင့် အအပြီးပိတ်သိမ်းမည့် စက်ရုံအရေအတွက်ပိုများလာနိုင်ကြောင်း
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က နေပြည်တော် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးရုံးတွင် လုပ်သမား ၊
အလုပ်ရှင်နှင့် အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် COVID 19 ရိုက်ခတ်မှုကြောင့် စက်ရုံ ၊ အလုပ်ရုံနှင့် ၊ အလုပ်ရှင်နှင့် အလုပ်သမား ရင်ဆိုင်နေရသော
အခက်အခဲများအကျပ်အတည်းများအပေါ် ဖြေရှင်းနိုင်မည့် နည်လမ်းများနှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိပြည်တွင်းတွင် တရုတ်နိုင်ငံမှ စတင် ဖြစ်ပွားခဲ့သော COVID 19 ရောဂါပြန့်ပွားမှုကြောင့် စက်ရုံ ၉ ရုံ အပြီးပိတ်သိမ်းသွားကာ
စက်ရုံ ၆ ရုံမှာ ယာယီပိတ်၍ ၃ ရုံမှာ အလုပ်သမားလျှော့ချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ့ အထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းအခက်ခဲများရှိနေ
“ လုံးဝပိတ်သွားတာ ၉ ရုံ ၊ ယာယီပိတ်တာက ၆ ရုံ ၊ နောက်ပြီးတော့မှ လုပ်သား လျှော့တာက ၃ ရုံပါ။
အဲ့ဒီထဲမှာ အထည်ချုပ်စက်ရုံတွေပါတယ်၊ အိတ်ချုပ်စက်ရုံတွေပါတယ်၊ ဖိနပ်ချုပ်စက်ရုံတွေပါတယ်။ ပိတ်တဲ့စက်ရုံတွေထဲမှ
တရုတ်နိုင်ငံသားပိုင်စက်ရုံတွေလည်းပါသလို ကိုရီးယားနှင့် မြန်မာနိုင်ငံသားပိုင် စက်ရုံတွေလည်း ပါပါတယ်။
အများအားဖြင့် Sub_contract ယူထားတဲ့ စက်ရုံတွေများပါတယ်” ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောကြားခဲ့ပါတယ်။
“ ရှေ့ကာလများမှာလည်း ဒီထက်ပိုပြီးတော့ ယာယီပိတ်မယ့်ဟာတွေရော အပြီးပိတ်မယ့်စက်ရုံတွေရော ပိုများလာနိုင်တယ်လို့ မှန်းပါတယ်။
ဘယ်လောက်ပိုမလဲဆိုတာ ပြောရခက်ပါတယ်။ ရောဂါအခြေနေပေါ် မူတည်ပါတယ်။ အတိအကျမပြောနိုင်သေးပါဘူး”
ဟုပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ စက်ရုံပိတ်သိမ်းသွားကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသော အလုပ်သမားများသည် ၎င်းတို့ထည့်ဝင်ထားသော လူမှုဖူလုံရေး
ကြေးများအပေါ်မူတည်၍ ဆေးကုသခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်းသိရပါတယ်။
လက်ရှိတွင်းစက်ရုံများပိတ်သိမ်းလိုက်မှုကြောင့် လုပ်သားတစ်သောင်းကျော်ခန့် အလုပ်လက်မဲ့ ဖြစ်သွားကြောင်းသိရပါတယ်။
ကြယ်သီးဆိုင် ၁၁၀ ဆိုင်ကိုရှာရန် နှိပ်ပါ။
textile picture
<<< Zawgyi ဖြင့်ဖတ်ရန် >>>
ပြီးခဲ့သည် မတ်လ ၁၃ ရက်နေ့က နေပြည်တော် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးရုံးတွင်
ကြယ်သီးဆိုင် ၁၁၀ ဆိုင်ကိုရှာရန် နှိပ်ပါ။
Myanmar Textile and Garment Directory
Read 986 times
Rate this item
(0 votes)
Tagged under
Related items